ကိုယ်ရေးကိုတာ
ကိုယ်ရေးကိုတာ
အပိုင်း(၃)
အရိုးကျိုးနေတဲ့ ငါ့ရဲ့စိတ္တဇပင်အိုမှာ
အမျိုးမျိုး ငိုခဲ့ရပါတယ်ချစ်သူ
ဒီလူရဲ့ မှောင်မဲတဲ့ ၀ိသေသနဲ့
သိုးဆောင်း အက္ခရာတွေ
ငါ့ရင်ဘက်ပေါ်
အကြိမ်ကြိမ်ရေးထိုး
အဆွေးမိုးတွေပဲ
ငါ့ကောင်းကင်မှာ ပြည့်နေပြီ
လွမ်းတယ်ဆိုတာ
သင်ရိုးမသိတဲ့ပုစ္ဆာလို
ကိန်းမသိ ဂဏန်းမသိ
ဘူမသိ ကိုးမသိနဲ့
လွမ်းရတာမျိုးလေ
မင်းနာမည်ကို
အအကြိမ်ကြိမ် ရွတ်တိုင်း
ငါ့နှတ်ခမ်း ဖျားက
ဓားသွားရှတယ်…
မင်းပါးပါးလေး ပြုံးလိုက်ရုံနဲ့
ခါးခါးသီးသီး မုန်းတတ်မှန်း
ငါနားလည်ပါတယ်ချစ်သူ…
မယုံကြည်ခြင်းနယ်ပယ်မှာ
ငါ့ကို အကြိမ်ကြိမ်ပစ်ချ
ပစ်စလက်ခတ် တေးသွားတွေနဲ့
အိတ်မတ် တွေထဲက
ငါ့ကို ပြန်နိုးပေးခဲ့ပါဦး“……..”ရယ်…။
(သောဏ)[email protected]




11612 masterpieces
34816 comments
3729 members
974 pc authors