နေ့သစ်များ – နရီထက်
သားပျောက်ရှာနေ သည်အမေ
နေ့သစ်တွေရဲ့ အာရုဏ်ဦးမှာလေး
နွေးထွေးမှုမျက်နှာတွေ အေးချမ်းတဲ့ရင်ခွင်လေးများ
ဆိုက်ရောက်စေသာဝ်
ကွဲပြားနေတဲ့ မိသားစုတွေ
ပေါင်းစည်းခြင်း သင်္ကေတအပြည့်နှင့်
အငိုမျက်ရည်ကနေ အပြုံးမျက်နှာများ
နေ့သစ်များမှာ ဖြစ်ရစေသာဝ်
ပူလောင်ပြင်းပြခြင်း စစ်ရမက်
ဆုံးရှုံးခြင်းတွေကြားမှာ
မျှော်လင့်ခြင်း လက်တွေ
ငိုနေတဲ့ ကလေးငယ်တွေရဲ့မျက်နှာ
လင်းရောင်ခြည် နေ၀န်းမှာ
နေ့သစ်တွေနှင့် ပျော်ရွှင်ရစေသာဝ်
သံသယကင်းကွာ ချစ်သူတွေမှာလေး
နားလည်မှုပေး ချစ်ရက်ရှည်တွေ
ပျော်ရွှင်စရာခရီးလမ်း
မောင်မယ်အတူ နေ့သစ်များနှင့်
ပိုင်ဆိုင်နိုင်စေသာဝ်
နရီထက်
( ၁၉ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )
Leave Comments
Email me whenever there is new comment
Copyright © 2012 PoemsCorner. All rights reserved. Terms of Service




11611 masterpieces
34811 comments
3729 members
974 pc authors