Professional Authors

အိပ်မက်ကဗျာ

ကောင်လေးရေ!
အိပ်မက်တွေတကယ်ဖြစ်လာဖို့ထက်
အိပ်မက်မက်ဖို့အရင်ပျိုးပါဦး…………

ကောင်လေးရေ!
မသေချာခြင်းတွေထဲမှာ
သေချာခြင်းတစ်ချို့ရောပါတတ်တယ်
မင်းမြင်တတ်ရင်တွေ့မှာပါ
(မြင်…အောင်…ကြည့်…ပါ)

ကောင်လေးရေ!
ဒီနေ့စိတ်ဓါတ်ကျပြီးရင်
မနက်ဖြန်အတွက်ကောင်းပြီ
နေ့သစ်တွေရှိလေရဲ့………….

ကောင်လေးရေ!
မြဲနေတဲ့လက်တွေအတွက်
ကြမ္မာရိုင်းကလက်ရွံ့မှာပါ………..
ကဲ……..
ဖန်ဆင်းကြစို့…………………..။။။

အမရာ

In: ကဗျာ Posted By: Date: Aug 3, 2010
Comment #1

အားပေးသလို ခံစား၇တယ်
့စိတ်ဓါတ် ကျနေတာ
ကျေးဇူး

commentinfo By: hnin at Aug 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment