Professional Authors

ညီမလေး အင်အားမရှိခဲ့လို့ပါ

အကို
နွေခေါင်ခေါင်
သစ်ပင်လေးတွေ စိမ်းလမ်းတဲ့အချိန်
ညီမလေးလျှောက်တဲ့လမ်းတွေမှာ
အရင်လို ပူလောင်ခြင်းနဲ့
မောဟိုက်မှုတွေမရှိတော့ဘူး

အရာရာက
အစိမ်းသက်သက်လို အေးမြပါတယ်
တစ်ခါတစ်လေ
တစ်ချိန်က မီးတောက်လေးကိုတော့
သတိရမိပါရဲ့

နာကျင်မှုတွေ သံဂျီးတက်သလို
အပြုံးတွေပျောက်ခဲ့တဲ့ ညီမလေး
ပျော်ရွှင်အောင်တော့နေနေပါတယ်
အကိုအေးချမ်းနေတာကိုကြည့်ရင်းနဲ့ပေါ့

၁၅ မိနစ်တစ်ကြိမ်
ညီမလေးကြည့်တတ်တဲ့
လက်ကိုင်ဖုန်းလေးမှာ
ရောက်နေတတ်တဲ့
မက်ဆေ့ချိုချိုလေးတွေ မရှိတော့ဘူးနော်

ဒါပေမဲ့
ညီမလေးကျေနပ်ပါတယ်
မုသားမပါတဲ့ စကားတွေပြောတတ်ဖို့
စည်းစိမ် မမက်ဘဲ
ဖြူဖြူစင်စင်လေး ချစ်တတ်ဖို့
အကိုနဲ့ဆုံတွေ့ခွင့်ရခဲ့တယ်လေ

မမုန်းနိုင်ပါဘူးအကို
ချစ်တဲ့သူကို ပျော်ရွှင်အောင်
လက်လွှတ်ပေးရဲတဲ့ သတ္တိရှိခဲ့ပေမဲ့
ရင်ထဲက သံယောဇဉ်ကြိုးကို
ဖြတ်တောက်ဖို့တော့
ညီမလေး အင်အားမရှိခဲ့လို့ပါ ။  ။

(27/06/10 
20:48pm )

In: ကဗျာ Posted By: Date: Jun 27, 2010
Comment #1

ကျနော့်အဖြစ်နဲ့တိုက်ဆိုင်တယ်မမ ..။ ကျေးဇူးပါနော် ..။

commentinfo By: Wai Hnin Phyu at Sep 24, 2010
Comment #2

မမုန်းနိုင်ပါဘူးအကို
ချစ်တဲ့သူကို ပျော်ရွှင်အောင်
လက်လွှတ်ပေးရဲတဲ့ သတ္တိရှိခဲ့ပေမဲ့
ရင်ထဲက သံယောဇဉ်ကြိုးကို
ဖြတ်တောက်ဖို့တော့
ညီမလေး အင်အားမရှိခဲ့လို့ပါ ။ ။…..
…………………………………
အရမ်းတိုက်ဆိုင်ဖူးတဲ့ စာသားလေးပဲ….။ ။

commentinfo By: ကေသရီ at May 28, 2011
Comment #3

၁၅ မိနစ်တစ်ကြိမ်
ညီမလေးကြည့်တတ်တဲ့
လက်ကိုင်ဖုန်းလေးမှာ
ရောက်နေတတ်တဲ့
မက်ဆေ့ချိုချိုလေးတွေ မရှိတော့ဘူးနော်

commentinfo By: အသဲကွဲမိုး at Nov 23, 2011
Comment #4

နာကျင်မှုတွေ သံဂျီးတက်သလို
အပြုံးတွေပျောက်ခဲ့တဲ့ ညီမလေး
ပျော်ရွှင်အောင်တော့နေနေပါတယ်
အကိုအေးချမ်းနေတာကိုကြည့်ရင်းနဲ့ပေါ့

commentinfo By: ဆည်းဆာ at Nov 23, 2011
Comment #5

hote lar?

commentinfo By: ei lay at Nov 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment