Professional Authors

သုံးသပ်ချက်

တုံးတွေလည်း တိုက်ခဲ့ဖူးပြီ..

ကျားတွေနဲ့လည်း ကိုက်ခဲ့ဖူးပြီ..

သုညကို စုံမခွဲပြီး အချိန်ဖြုန်း

အပြုံးတွေကို မုန်းတတ်ခဲ့ပေါ့။   ။

 

သင်ကြားခြင်းများနဲ့ ဘဝ

စာတတ်တယ်ထင်တဲ့ ကျွန်တော်

မာတိကာ မပါ၊ သင်ရိုးမရှိ

ကျရှုံးခြင်းတွေ အတိပြီးခဲ့ပြီ။   ။

 

နှစ်ဖက်လှ မျက်နှာတွေမှာ

အရေး၊ အပြော တတ်ဖို့..

ပဉ္စလက်ဆန်တဲ့ စစ်တုရင်ကွက်အတွက်

သူငယ်တန်း ပြန်တက်ဖို့ မှတ်ချက်

ကိုယ်တိုင်ပါပဲ ချမှတ်ခဲ့တယ်။  ။

 

ဂျစ်ပစီမိုးတိမ် သီချင်းရဲ့ ဇရာမှာ

သံစဉ်တွေပဲ အားထား

စာသားများအား ကျော်လွှားလိုက်သည်။

In: ကဗျာ Posted By: Date: Jul 28, 2015
Comment #1

အားပေးသွားပါတယ်

commentinfo By: သူရိယ at Aug 19, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment