Professional Authors

ကလျာအလှ

ကလျာအလှ

အလှပုံလွှာ ၊ အတွေးလွှာတွင်

ခြုံလွှာရစ်သိုင်း ရီဝေလှိုင်း။

ကောင်းခြင်းဝေဖြာ ၊ လင်းလက်ဖြာသည်
လျှံဖြာတိုးဝေ ကျက်သရေ။
သီရိကွန့်မြူး ၊ ပီတိမြူးလျက်
စိတ်မြူးပျော်ရွှင် ရွယ်နေ့စဉ်။
ဟီရိစေရာ ၊ သွားလေရာတွင်
ဆုံရာအသိ စိတ်ပီတိ။
ကလျာအစဉ် ၊ ကောင်းကျိုးစဉ်ဆက်
ပြုစဉ်ကြည်နူး အလှထူး။
အေးချမ်းသာယာ ၊ ပြည်သာယာ၍
ဘယာကင်းကွာ တို့ပြည်ရွာ။
တို့ပြည်အလှ ၊ စိတ်အလှနှင့်
အလှချင်းညီ ၊ အတွေးညီလျက်
တူညီအားသစ် ၊ အားမာန်သစ်ဖြင့်
သွေးသစ်ဖြာဝေ ၊ ပန်းတို့ဝေသည်
ပွင့်ဝေမွှေးဖို့အကြောင်းတည်း။
နှင်းငွေ(မန္တလေး)
In: ကဗျာ Posted By: Date: Jan 23, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment