Professional Authors

ခွင့်ပြု ပါ….ချယ်ရီ

ရွှင်လန်းဖွယ်
နွေဦးခါမှ
တစ်ကြိမ်သာ
ပွင့်သစ်ဆင်သည်
နှင်း၏ လက်ဆောင်
ပန်းချယ်ရီသို့….။

ပင်လုံးကို သူဆင်ခြယ်
ပန်းနုသို့ဆိုလေမလား၊
လှချင်းပြိုင်လေတော့
ဘယ်ပန်း မှာယှဉ်ရဲလေလိမ့်၊
လှမာန်ကြွကြွ။

သည်နာမည် သည်ဂုဏ်သတင်း
မကြားဖူးသူ မရှိလေဒီပ၊
မြင်ဖူးသူ ရှားပေလေလိမ့်၊
ပင်လုံးသာမက ပင်စုံကာ
အားမာန်သစ်ပြန်တော့၊
နှလုံးဝယ် စွေ့စွေ့ခုန်ကာ
မြင်ရသူ မျက်ရည်ဝှေ့ရတယ်
ချယ်ရီရယ် မင်းရဲ့ တန်ဖိုး။

သည်တန်ခိုး သည်တန်ဖိုးနဲ့
ပင်ထက်ရံ ပန်းလှလှကို
ချိုးယူခွတ်ဆူး ထိပါးဆူးတဲ့
ငါငမိုက်သားကို…. (ချယ်ရီရေ)
ခွင့်လွှတ်ပါလေ။

ဆွတ်မိသောပန်း
မြေသို့မစေ ဦးထက်စေ၊
ရင်ဝယ်ထိပ်ထား
သက်ထက်မြတ်နိုးသူ
ချစ်သောသူကို
ပို၍လှစေ ပန်ဆင်စေဖို့၊
ရနံ့သင်းသင်း လှပန်းတစ်ခက်ကို
(ချယ်ရီရေ)
ခူးခွင့်လေးပေးပါလေ….။

In: ကဗျာ Posted By: Date: Sep 7, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment