Professional Authors

အချစ်က ဒါတွေဆိုရင် ကျွန်တော် သူမကို မချစ်ဘူး


အချစ်ဟာ မော်ဒန်မြင့် ဟန်းဆက်တစ်လုံး ဆိုရင်

ကျွန်တော် သူမကို မချစ်ဘူး။

 

အချစ်ဟာ အင်းယားလမ်းက ခြံတစ်ခြံ ဆိုရင်

ကျွန်တော် သူမကို မချစ်ဘူး။

 

အချစ်ဟာ ပြိုင်ကားလှလှလေးတစ်စီး ဆိုရင်

ကျွန်တော် သူမကို မချစ်ဘူး။

 

အချစ်ဟာ ဂဏန်းရှစ်လုံးအထက် တန်ကြးရှိတဲ့ ဘဏ်စာအုပ်ဆိုရင်

ကျွန်တော် သူမကို မချစ်ဘူး။

 

အချစ်ဟာ နာမည်ကြီး brand တွေပဲဝတ်တယ်ဆိုရင်

ကျွန်တော် သူမကို မချစ်ဘူး။

 

အချစ်ဟာ လိုင်းကားမစီးတတ်ဘူးဆိုရင်

ကျွန်တော် သူမကို မချစ်ဘူး။

 

အချစ်ဟာ တစ်ဆက်ရှင်စာ ဟော်တယ်ခန်းမှာဆိုရင်

ကျွန်တော် သူမကို မချစ်ဘူး။

 

အချစ်ဟာ ကွန်ဒုံးနဲ့ သဋေတားဆေးတွေဆိုရင်

ကျွန်တော် သူမကို မချစ်ဘူး။

 

အချစ်ဟာ မုသားအပြည့်နဲ့ လင်္ကာတစ်ပုဒ်ဆိုရင်

ကျွန်တော် သူမကို မချစ်ဘူး။

 

အချစ်ဟာ သစ္စာရဲ့အနက်အဓိပ္ပာယ်ကို နားမလည်ဘူးဆိုရင်

ကျွန်တော် သူမကို မချစ်ဘူး။

 

အချစ်ဟာ မာနခြင်းပြိုင်တဲ့ပွဲဆိုရင်

ကျွန်တော် သူမကို မချစ်ဘူး။

 

အချစ်ဟာ ခွင့်မလွှတ်တတ်ဘူးဆိုရင်

ကျွန်တော် သူမကို မချစ်ဘူး။

 

အချစ်မှာ မတရားတာမရှိဘူးဆိုရင်

ကျွန်တော် သူမကို မချစ်ဘူး။

 

ဒါပေမဲ့လည်း ကျွန်တော် သူမကို ချစ်တယ်။

အဲဒါသာ အမှန်ဆိုရင်တော့

အချစ်က အဲဒါတွေ မဟုတ်ဘူးပေါ့။              ။

 

ကိုဇေ

January 2, 2014 (Monday) 3:25AM


Blog link : http://all-about-kozey.blogspot.com/2014/01/blog-post.html
Facebook link : https://www.facebook.com/zey.outsider/posts/10151836058102116 

In: ကဗျာ Posted By: Date: Jan 2, 2014
Comment #1

L.O.V.E

commentinfo By: နွေ at Jan 8, 2014
Comment #2

ရိုးရိုးလေးနဲ့ထိသွားပါတယ်…..

commentinfo By: werewolf at Jan 8, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment