Professional Authors

လူလည်တစ်ယောက်၏ရာဇ၀င်

သူမသည် သူမဒေသတွင်…….နေ၏ ။
ကျွန်ုပ်သည် ကျွန်ုပ်ဒေသတွင်……….နေ၏ ။

သူမနှင့်ကျွန်ုပ်…တွေ့ကြသည် ။
ထို့နောက်….ကြိုက်ကြ၏ ။

သူမသည် ကျွန်ုပ်အား…..ချစ်၏ ။
သို့သော်….သူမသည်………မလည် ။

ကျွန်ုပ်သည်လည်း သူမအား……ချစ်၏ ။
သို့သော်….ကျွန်ုပ်သည်….မလိမ် ။

သူမသည်….မလည်ပါ ။ သို့သော်……လိမ်၏ ။
ကျွန်ုပ်သည် …..လည်၏ ။ ထို့ကြောင့်…..အလိမ်ခံရသည် ။

သူမသည်…..ကျွန်ုပ်ထံသို့…..လည်၏ ။
ထို့နောက်….လိမ်သည် ။

ကျွန်ုပ်သည်….သူမထံသို့…..လည်၏ ။
ထို့နောက်….အလိမ်ခံရသည် ။

သို့သော်….သူမသည်….လိမ်လည်ပြီး….
ကျွန်ုပ်ကား………………လည်လိမ်သွားလေ၏ ။

အကြောင်းကား….
ကျွန်ုပ်သည်……လူလိမ်မဟုတ်....လူလည်ဖြစ်သည် ။

In: ကဗျာ Posted By: Date: Oct 23, 2013
Comment #1

ဖတ်သွားပါတယ် မိုက်တယ် … ။ LIKE
🙂

commentinfo By: loafer at Oct 23, 2013
Comment #2

သို့သော်….သူမသည်….လိမ်လည်ပြီး….
ကျွန်ုပ်ကား………………လည်လိမ်သွားလေ၏ ။ (y)

commentinfo By: Man Khat at Oct 31, 2013
Comment #3

စကား လုံး လေး လှည့်ပြီး ရေးနိုင် သလို

ဒီလို ရေးနိုင် တဲ့အ တွေး လေးကို ချီးကျူးပါ တယ်

commentinfo By: Aung at Jul 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment