Professional Authors

အနာဂတ်တွေ ………..

မြန်ပြည်တစ်ခွင် ဘာသာပေါင်းစုံ
လူပေါင်းစုံတို့  သေခြာစွာစဉ်းစားကြ
အရေးတစ်ခုကို
အကြောင်းတစ်ခုကို ချဲထွင်ကာ
ကြီးအောင်ကြံစည်နေကြ  အိုးအမိမြန်မာ
မြန်ပြည်တစ်ခွင် ယခင်ကသာယာခဲ့
မြန်ပြည်တစ်ခွင် ယခင်ကငြိမ်းချမ်းခဲ့
မြန်ပြည်တစ်ခွင် ယခုဝယ်တော့
ဟိုနေရာကဆူ ဒီနေရာကဆူလို့
လုပ်ကြပါဦး
အိုး….အမိမြန်မာ
ပြည်မြန်မာကို ပြည်သာယာအောင်လုပ်ကြပါ
ပြည်မြန်မာကို ငြိမ်းချမ်းမှုတွေပေးကြပါ

ဘာသာတိုင်းတွင် ကောင်းသောအချက်ကိုယ်စီရှိကြ
လူတိုင်းသိကြ ဘာမဟုတ်တဲ့ကိစ္စတွေ
အမြဲတမ်းကြားနေရ ကြားလို့မှကောင်းကြသေးရဲ့လား
ဟိုလူမကောင်း ဒီလူမကောင်းဘူးရယ်လို့
ဝေဖန်သံတွေအမြဲတမ်းကြားနေရ
မကောင်းမြင်ကာဝေဖန်ကြ ဝေဖန်သူတို့သိသင့်ကြ
သူများကောင်းတာလုပ်လုပ်
မလုပ်လုပ် ကိုယ်တောင်မလုပ်နိုင်ဘဲမဝေဖန်နဲ့
ကြားလို့မှကောင်းကြသေးရဲ့လား
ပြည်ထောင်စုရဲ့ကျေးဇူးရှင် ဦးသိန်းစိန် နှင့်
ဒီမိုကရေစီ၏မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်
သက်တော်ရာကျော်ရှည်ပါစေ …….  (ကိုမင်းနိုင်)

In: ကဗျာ Posted By: Date: Aug 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment