Professional Authors

တေလေမ


ပျော်ပျော် မပျော်ပျော်
လိုချင်တဲ့နေ့တစ်ရက်လောက်တော့
ကိုယ့်ဘာသာကိုယ် မွေးဖွားကြည့်ဖူးချင်တယ်

ထင်တိုင်းကြဲတယ်လို့ပဲ ခေါင်းစဉ်တပ်လိုက်ပါ
ဒီလူမိုက်က ကိုယ့်ကိုကိုယ်ချစ်တတ်ပုံများ စံနမူနာတောင်ယူထိုက်တယ်

ကောင်းကင်ကြီးရေ
နင်မငိုခင် ငါအရင်စိုလိုက်တယ်
နင်ပျော်ပျော် မပျော်ပျော်
ငါကတော့ အသားကုန်ပျော်ပစ်လိုက်တယ်

ကြက်ခြေခတ်X
4 8 13 sun
7:55pm

In: ကဗျာ Posted By: Date: Aug 6, 2013
Comment #1

ထင်တိုင်းကြဲတယ်လို့ပဲ ခေါင်းစဉ်တပ်လိုက်ပါ
ဒီလူမိုက်က ကိုယ့်ကိုကိုယ်ချစ်တတ်ပုံများ စံနမူနာတောင်ယူထိုက်တယ်

ဒီစကားစုလေး ကိုယ် နှစ်သက်သွားမိတယ်.. 😀

commentinfo By: အသဲကွဲ မိုး at Aug 8, 2013
Comment #2

တျေလမအရမ်းလှတယ်

commentinfo By: nayzaw at Aug 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment