Professional Authors

နှလုံးသွေးစက်

ရင်ဘတ်တွေ ရင်ဘတ်တွေ
တဖျပ်ဖျပ်ခပ်သွားရပါပြီဟာ
မနက်ဆို နိုးထလာမယ့် တိမ်ဆိုင်တွေရယ်
နင့်ကို လွမ်းနေရတော့မယ်
အိပ်မက်တွေ မသိမသာ
တိတ်တိတ်လေး ခိုးမက်ခွင့်ရပါတော့မလား
စိုးစိတ်က တစ်ထိတ်ထိတ်
နှလုံးသွေးတွေရယ် ပြာကျရတော့မယ်ထင်
ခွဲမသွားပါနဲ့ဟာ မမှီမကမ်း
တမ်းတမ်းတတ နင့်လက်ကလေးတွေ
ဆုပ်ကိုင်ထားခွင့် ရချင်နေသေးလို့ပါ
နင် ငါ့ကို မထားခဲ့ပါနဲ့…

လွမ်းပိုင်ရှင်

In: ကဗျာ Posted By: Date: Jun 10, 2013
Comment #1

so much touching

commentinfo By: ei lay at Jun 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment