Professional Authors

ရိုးရှင်းပါတယ်

လက်တစ်လှမ်းအကွာကနေ ဆွဲထုတ်မိတဲ့ အစတစ်ခု
အဲ့ဒီအတွက် ငါ့မှာ ဆင်ခြေပေးစရာမရှိဘူး
နင့်ကို လိမ်ပြောနေရမယ့် စကားလုံးမရှိဘူး
ဖြစ်နေကျ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ သတ်မှတ်ခြင်းတွေမှာ
တန်းဖိုးတွေကို တံဆိပ်ကပ်တာ ငါ မကြိုက်ဘူး။
ဆောက်လိုက်တိုင်း  မဖြစ်ထွန်းတဲ့ သင်္ကေတတစ်ခုကို ငါပိုင်ဆိုင်တယ်
အဲ့ဒီ အစိုင်အခဲ နဲ့ 
ဘယ်ပွဲမှ ငါ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့တာ
မင်းနားလည် စမ်း ကောင်မလေး
သုညဆိုတာလည်း
သူ့ ဘဝနဲ့ သူ
သူ့ မာနနဲ့ သူ
ဘယ်ပေတံ နဲ့မှ တိုင်းတာ မနှစ်သက်ဘူး။
အဲ့ဒီဖြစ်စဉ်မှာ
ဘယ်နတ်ဖုရားမှ လာပြီး တန်းခိုးမပြဘူး
ငါ့ နှလုံးသားက ဖုန်းဆိုးမြေလို ကြမ်းကြုတ်တယ်ပဲထား
ဟုတ်တယ်
ငါမငြင်းဘူး 
ဒါပေမယ့်
ဒီဖြစ်စဉ်က ရိုးရှင်းတယ်။။   ။။
ဇော်သက်ဦး
In: ကဗျာ Posted By: Date: May 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment