Professional Authors

အရာရာ အဆင်ပြေနေတဲ့အခါ ( ၂ )

” နင်အဆင်ပြေရဲ့လား” တဲ့

 

 နင်မမေးလာတဲ့

 

မေးခွန်းလေးကိုမျှော်လင့်ရင်း

 

ငါ့မှာ အဖြေတွေတစ်ပွေ့တစ်ပိုက်နဲ့ပေါ့

 

ငါအဆင်ပြေပါတယ်

 

နင့်ကိုမေ့သွားစေတဲ့

 

အဝါရောင်ဆေးလုံးလေးတွေကို

 

မှီဝဲလိုက်တဲ့ အခါတိုင်းပေါ့

 

ငါနင့်ကိုမလွမ်းပါဘူး

 

အဲ့လိုပြောတဲ့အခါတိုင်း

 

ငါ့ရင်ဘတ်တွေ

 

ခဏခဏအောင့်တယ်

 

ရင့်ကျက်တယ်ဆိုတာ

 

တကယ်တမ်းတော့

 

ငါ့အတွက် ရင်နာစရာတွေပါဟာ

 

ကြင်နာတယ် = နာကျင်တယ် = ရင်နာတယ်

 

ပျက်လုံးမဟုတ်တဲ့

 

နောက်ဆုံးစကားလုံးတွေပေါ့

 

နင့်အလိုကျ

 

ထားရာနေ ၊ စေရာသွား

 

ပုံစံခွက်တွေကြားမှာ

 

ပျော်မွေ့နေခဲ့တဲ့အခါ

 

အရာရာဟာ

 

နင့်လက်ဖဝါးအောက်

 

နင့်လက်ညိုးညွှန်ရာ

 

ငါဒူးထောက်နေမိတယ်

 

အခါခါအားတင်းထားရသမျှ

 

စကားလုံးတိုင်းလည်း

 

နင့်ရှေ့ရောက်တိုင်း

 

အကြိမ်ကြိမ်ဆွံ့အ

 

ငါဆိုတာ ခပ်တုံးတုံးကောင်

 

နင့်အသံလေးကြားရုံနဲ့တင်

 

အခါခါသေဆုံး

 

ရှင်သန်ခြင်းဆိုတာ

 

ငါ့ဘဝမှာ မလင်းတော့ပါဘူး

 

လမ်းခွဲခြင်း မဟုတ်တဲ့

 

လမ်းလွှဲခြင်း လမ်းမထက်မှာ

 

နင်လျှောက်မယ့်လမ်းတိုင်း

 

ဖြောင့်ဖြူးသာယာပါစေတော့……!_!

 

 

                                                  မာန်ခက်ဝင့်

 

In: ကဗျာ Posted By: Date: Mar 9, 2013
Comment #1

:'(
ei le sate nyit nay dar.
bar loak ya hman le ti bu.
kha na kha na sate kout tat de thu ko be lo chauk ya le so tar ti chin like dar.

commentinfo By: ei lay at Mar 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment