Professional Authors

နှောင့်ယှက်သူသို့

ချစ်သူ.
ထားရက်ခဲ့လို့ ထားရစ်ခဲ့ပြီပဲ
မင်းထားခဲ့တဲ့ ဘ၀တစ်ခုမှာ
နေတတ်အောင်လည်း
ငါကြိုးစားနေပါတယ်.
ပြန်လာပါလို့လည်း
ငါမတောင်းဆိုခဲ့ပါဘူး
မင်းပျော်ရွှင်နေရင်
ငါခံစားရတာလည်း
ခံစားရကြိုးနပ်တယ်လို့တွေးပြီး
ငါကျေနပ်နေပါတယ်
ငါလည်း ဘ၀တစ်ခုနေသားကျနေပါပြီ
ဒါပေမယ့် ချစ်သူရယ်
မင်းသိပ်ရက်စက်တယ်
ထားရစ်ခဲ့ရုံနဲ့မကျေနပ်ပဲ
ညစဉ် အိပ်မက်တွေထဲမှာ
အခုထိ နှောင့်ယှက်နေတုံးပါ့လား
ကျေနပ်ပါတော့ ချစ်သူရယ်
ဒီထက်ပိုပြီး ငါမခံစားပါရစေနဲ့တော့
ငါမခံစားနိုင်တော့ပါ ချစ်သူရယ်………..

In: ကဗျာ Posted By: Date: Jun 9, 2010
Comment #1

ခံစားချက်လေးနဲ့တူတယ် အားပေးသွားပါတယ်နော် ဒီကဗျာလေးကို အရမ်းကြိုက်လို့ ယူခွင့်ပြုပါနော် .

commentinfo By: su pyae at Jun 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment