Professional Authors

ရင်ထဲက မှတ်တိုင်

လက်မလွှတ်ချင်ပဲ ဆုပ်ကိုင်ခဲ့
အတိတ်ဆိုတဲ့ နေရာကမှတ်တိုင်
မနစ်မြုပ် စေချင်ပေမယ့်
(နင်…………..)
နှစ်….၊ မြှုပ်……၊
အဆုံးအထိ မြုပ်တယ်။

နင့်အတွက် ရေးထားတာ
တေးသွား မဟုတ်ဘူး..၊
(အဲ့ဒါ)
နင်ပြောသမျှ စကားလုံးတွေ
ဒီကောင်လေးရဲ့ သွေးသားထဲမှာ
ပြုံးနေတုန်းပဲ။

အမျိုးအစားမတူတဲ့ ဘဝ
(ငါ့ဘက်က)
ရိုးသားပေးခဲ့တာ အမှန်
နင်………………..
ရိုးသွားတဲ့အခါ
ငါတစ်ယောက်တည်း ကျန်တယ်..၊
လူတွေပြောနေကျ စကားပဲ
ငါ အထီးကျန်တယ်။

အဖော် မပါဘူး..၊
အဖော်လည်း မရှာဘူးး
တိတ်ဆိတ်ရင် ကြိတ်မှတ်၊
သတိရရင် ငိုကြွေး၊
မမေံနိုင်တာကတော့
(ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးး)
အတိတ်က ဒဏ်ရာလေး..၊
ငါ့အတွေး ငါ့အိပ်မက်မှာ
နင်မပါရင်
အဓိပ္ပါယ် မဲ့တယ်။

နင်ပေးတဲ့ သံယောဇဉ်အတုနဲ့
သက်မဲ့သွားတဲ့ နှလုံးသားတစ်ခု၊
နောက်ဆုံးရလဒ်တွေမှာ

ငါပဲ အမြဲတမ်း အမှတ်လျော့တာ..၊ 

ငါတို့ရဲ့ မှတ်တိုင်လေးလည်း
ရင်ထဲက ဒဏ်ရာမှာ
နစ်မြုပ်သွားခဲ့ပြီ..၊
တော်…….. တော်……..လည်းကြာခဲ့ပြီ။
(တစ်ခုပဲ)
ဆွဲ… မထုတ်ပါနဲ့ဗျာ..၊
နာလို့။။  ။။  ။။

 

 

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Feb 7, 2013
Comment #1

hna lone tarr hnit khan sarr arr pay twar par de

commentinfo By: ei lay at Feb 7, 2013
Comment #2

ဆွဲ… မထုတ်ပါနဲ့ဗျာ..၊
နာလို့။။ ။။ ။။

commentinfo By: moehtetaung18 at Feb 8, 2013
Comment #3

အဲဒီတစ်ခုအတွက် ကဗျာလေးကို ဖတ်ရတယ်။

commentinfo By: gadounlay at Feb 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment