Professional Authors

တမ်းတရပါသော .. ကြယ်

ပန်းတွေကြွေရင် မြေပေါ်ကျတယ်ကြယ် …

နင်ကြွေရင် ဘယ်သူ့ရင်ခွင်ဆီ ခ မလဲ .. 

မိုးမြင့်ကိုမျှော်ကြည့် … နင်ရှိမယ့်အရပ်ဆီ ..

ကြွေဆင်းလာမယ့်အချိန် ထွေးပိုက်ဖို့ တွေး …

ငါ အတွေးနဲ့ ရူးလောက်တယ် … ။

 

 

နင်ကြွေခဲ့ဖို မတောင်းဆိုရက်သလို

တံချူနဲ့ ဆွတ်ယူဖို့လည်း ငါ မကြံစည်ဝံ့ဘူး ကြယ် …

နင် ငြိုငြင်မှာ ငါ စိုးရွံ့ လွန်းပါရဲ့ ..

ဟိုး ဝေးဝေးမှာ အစွမ်းကုန် လင်းလက်…

နင့်တန်ခိုးနဲ့ ငါ့ကောင်းကင်လေး ထွန်းပ မယ် … ။

 

 

ငါ နင့်ကို ပိုင်ဆိုင်ဖို့ အိပ်မက်လေး …

ငါကိုယ်တိုင်ပဲ ထု ချေ ရိုက် ဖျက် …

ကြယ်ရေ … ငါပျော်ဖို့သက်သက်တော့ နင် မဆင်းခဲ့ပါနဲ့ …

ကြယ်ငေးသူ ငါ့အတွက် …

 နင့် ဖြစ်တည်မှုတစ်ခုလေးနဲ့တင် အဓိပ္ပါယ်ရှိတယ် … ။

 

 

ခုနေတော့ … ငါ့ကောင်းကင်မှာ နင်ရှိနေတယ်ဆိုတဲ့အသိ .. 

အတွေးလေးနဲ့ပဲ ငါရောင့်ရဲပါ့မယ် … 

နင့်မာန နင့်သိက္ခာ … နင့်ဘ၀အတွက်

နင် တတ်စွမ်းသမျှ အလျံ တငြီးငြီး ခင်းကျင်း … 

အတောက်ပဆုံး ထွန်းလင်းလိုက်ပါဦး … ။ 

 

 

နင် အားအင်ယုတ်လျော့လာတဲ့တစ်နေ့မှ 

အလှပဆုံး ကြွေဆင်းခဲ့ … 

နင့်ကို အမြဲငေးနေမယ့်ငါ … နင် လာမယ့်အရပ်ဆီ မှန်းဆ …

အတိအကျ ရောက်လာ ဆီးပွေ့မယ် … 

ငါ့ရင်ခွင်မှာ ဆက်လက်နွေးထွေးလှည့် … ။

In: ကဗျာ Posted By: Date: Jan 28, 2013
Comment #1

I want to read ur poem.
I m interested in title so much.
But now I can’t read urs coz of fonts system.
Now I m at clinic that I had to wait for long time to reach home.
🙁

commentinfo By: ei lay at Jan 28, 2013
Comment #2

oh,,,
myat yae tway taung kya dot me,
a yann ko kaung lun de,
:'(
:'(

commentinfo By: ei lay at Jan 29, 2013
Comment #3

i like so much both title & poem

commentinfo By: ei lay at Jan 29, 2013
Comment #4

thanks ma ei lay

commentinfo By: nge at Jan 29, 2013
Comment #5

မိုက်တယ်ဗျာ မိုက်တယ်

commentinfo By: နိုးဆက်နေ့ at Jan 29, 2013
Comment #6

ဟုတ်ကဲ့ .. အားပေးတဲ့အတွက် ကျေးဇူးပါ ….

commentinfo By: nge at Jan 30, 2013
Comment #7

အရမ်းကောင်းတယ်
ငါ့ရင်ခွင်မှာ ဆက်နွေးထွေးလှည့် ….

commentinfo By: မေပျို at Jan 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment