Professional Authors

ကျွန်တော် ရဲ့ ဆောင်းအိပ်မက်

အေးမြသောလေ
ရင်သို့မွှေပြီး
ကောင်းကင်က နှင်း
မြေသို့ ကြွေတိုင်း
ငါ ထိတ်လန့်မိ
ယခင်ကမီး
ယခုမှလောင်
ငါ နောင်တလေ
ငါအခုမှ
မြင်နေရပြီ
လွမ်းနေတာလား
ဆွေးနေတာလား
ငါသေချာမခွဲခြားတတ်တော့
သူမ၏ အရယ်
သူမ၏ အပြုံး
ကျွန်တော် အတွက်
အလုံးစုံအရှုံးတစ်ခုဖြစ်စေခဲ့ပြီလား
သူမရှိစဉ်က တန်ဖိုးမထားခဲ့မိ
ဂရုမစိုက်မိခြင်းတွေက
နောင်တချိန်မှာ
ကျွန်တော် အားပြင်းထန်စွာ
တုန်လှုပ်ခြောက်ခြားစေလိမ့်မယ်လို့
မထင်ခဲ့
သူမ မှီ တုန်းက
တွန်းဖယ်ပစ်ခဲ့တဲ့ ကျွန်တော်
သူမ နေမကောင်းလို့
လာကြည့်ပါလို့ ခေါ်တော့
မသွားဖြစ်ခဲ့တဲ့ကျွန်တော်
သူမ ကျွန်တော် အတွက်
ဂရုစိုက်ခဲ့တာ
သူမ ကျွန်တော် အတွက်
အလိုလိုက်ခဲ့တာ
ကျွန်တော် အတွက်
ရှက်စရာ ဖြစ်ခဲ့ပြီ
ကျွန်တော် လွမ်းနေရပြီ
မင်းမှရှိတော့ တာ
တစ်နှစ်ပြည့်သွားပြီ
ဒါပေမယ့်
ငါ့ရင်ထဲ မှာတော့
တစ်စက္ကန့်တောင် ပျောက်မသွားနိုင်ပါဘူး
ငါ လွမ်းလျက်ပါ ဆောင်းရယ်………။

In: ကဗျာ Posted By: Date: Nov 28, 2012
Comment #1

:'(
:'(
E Dar kyaunt pyaw Dar pop.
Nar le pay par loh.
Chit loh ne ne soe mi tar par loh.
😛

commentinfo By: ei lay at Nov 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment