Professional Authors

ဒါဟာ ခင်ဗျားတို့ရဲ့ ကျော်ဆန်းဦးသာ ဖြစ်တယ်

ဒါဟာ ခင်ဗျားတို့ရဲ့
ကျော်ဆန်းဦးသာ ဖြစ်တယ်

လူသားဆန်ပြီး အနုပညာသွေးဆာလောင်သူ….

ရှင်သန်ခြင်းအတွက် တိုက်ပွဲဝင်သူ….

အကောင်းဆုံးမြင်းကစားသူ နဲ့ ကဗျာဓါးကျွမ်းကျင်သူ….

ရှေ့တမ်းမှ ရွပ်ရွပ်ချွံချွံရန်သူ့စစ်တပ်ကို ခြုံခိုတိုက်ခိုက်နိုင်သူ…..

စကားပရိယာယ်နဲ့စစ်ပရိယာယ်ကျမ်းေ ကြသူ….

အမှန်တရားနဲ့ လွတ်လပ်ခြင်းကို ကြိုက်သူ ….

ငွေကြေးနဲ့ ဆုတံဆိပ်ကို လှည့်မကြည့်သူ…..

ယုံကြည်ခြင်းနဲ့လူ လူနဲ့ယုံကြည်ခြင်းတစ်ထပ်တည်းကျသူ…

ဒါဟာ ခင်ဗျားတို့ရဲ့
ကျော်ဆန်းဦးသာ ဖြစ်တယ်

……………………………………..
……………………………………..
……………………………………….

ရန်သူ့အဓိကပစ်မှတ်ဖြစ်သူ….။           ။

In: ကဗျာ Posted By: Date: Nov 20, 2012
Comment #1

အကို . . .
ထိမိလှပတဲ့ကဗျာလေးတစ်ပုဒ်ပါ။

အားပေးနေပါဦးမယ် . . .
ကိုသျှား

commentinfo By: ကိုသျှား at Nov 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment