Professional Authors

ခင်ဗျားတို့က လူသာမန်တွေကိုလူပြိန်းတွေလို့ပြောရင် သာမန်လူတွေကလည်း ခင်ဗျားတို့ကို လူပျင်းတွေလို့သမုတ်လိမ့်မယ် ။

ပြောသမျှစကားလုံးတိုင်းက မျက်စိရောနားကပါ ပြန်လျှံကျလာတယ်

တောင်စဉ်ရေမရအတွေးကို အမဲဖျက်သလို အကျယ်ချဲ့ကြည့်ရတာ နည်းနည်းတော့ပင်ပန်းတာပေါ့

ဝါကျအတိုအပြတ်တွေကို ပျင်းပျင်းရှိတာနဲ့ အင်္ကျီချုပ်ဝတ်နေမိတယ်

ဝက်အသားတိုးအောင် ဘာဆေးထိုးရင်ကောင်းမလဲ? အပင်တွေ organic ဖြစ်အောင် ဘာဆေးကြွေးရမလဲ?

ကမ္ဘာမှာအကုရအခက်ဆုံးရောဂါက ယုံကြည်မှုလွန်ကဲခြင်းရောဂါတဲ့ . . . HIV / AIDS ထက်

ကြောက်စရာပိုကောင်းတယ် (ဆိုပဲ) . . အဆိုတော်စိုင်းထီးဆိုင်ရဲ့ လူတိုင်းချို့ယွင်းချက်ရှိတယ်ဆိုတဲ့

သီချင်းကို ကဗျာပြန်ရေးရင်ကောင်းမလား ။ အပျက်အဆီးတွေကိုတွေ့ရတိုင်း recycle လုပ်ချင်စိတ်ကို

မနည်းအံကြိတ်ထားရတယ် ။ လူ့အဖွဲ့အစည်းတစ်ခုလုံးကို recycle bin ထဲထည့်ပြီးမှ recycle လုပ်ရင်

သိပ်နောက်ကျသွားမလား ။ အသွေးအသားနဲ့တည်ဆောက်ထားတဲ့ အတ္တထုထည်ကကြီးမားလွန်းတော့

စက္ကူစုတ် ၊ ရေသန့်ဘူးခွံအဟောင်းတွေလို လွယ်လွယ်နဲ့ reuse လုပ်လို့ရပါ့မလား

သံသယတွေကလဲ မီးခိုးကြွက်လျှောက် .  . ပလက်စတစ်ကောက်တဲ့ကလေးတွေအတွက်

အသုံးမဝင်လောက်ဘူးထင်တယ် ။ စက်ရုံကမီးခိုးခေါင်းတိုင်တွေမှာ လူညှော်နံ့တွေရတယ်

ဒီတစ်ခေါက် RECYCLE ပြန်လုပ်ရင် လူပုံလူပန်းလေးထွက်အောင် သေသေချာချာလေးဒီဇိုင်းဆွဲပေးပါ

လိုချင်တဲ့လူပုံထွက်ဖို့ သေချာတွက်ချက်ပေးလိုက်မယ် .  . ပါဝင်ပစ္စည်းအချိုးအစားကို အောက်မှာကြည့်ပါ

သေရင်ကိုယ့်နောက်မပါမယ့် အတ္တကို ၃%

သေရင်ကိုယ့်နောက်မပါမယ့် အစွဲအလန်းကို ၇%

သေရင်ကိုယ့်နောက်မပါမယ့် လိုချင်တက်မက်မှုကို ၁၀%

သေရင်ကိုယ့်နောက်မပါမယ့် အောင်မြင်ကျော်ကြားမှုကို ၁၅%

သေရင်ကိုယ့်နောက်မပါမယ့် ချစ်ခြင်းမေတ္တာကို ၂၅%

သေရင်ကိုယ့်နောက်မပါမယ့် ကိုယ်ချင်းစာတရားကို ၄၀%

ပြန်သုံးလို့ရနိုင်မယ်ထင်ရင် အဲဒီအချိုးအစားအတိုင်း အယောက်သန်းနှစ်ထောင်လောက်လိုချင်တယ် ။

 

 

 

မိငြိဏ်းခက်

 

 

In: ကဗျာ Posted By: Date: Mar 9, 2013
Comment #1

a yann mike de.
a yann mike de.
get lots of informations.

commentinfo By: ei lay at Mar 9, 2013
Comment #2

ဒီတစ်ခေါက် RECYCLE ပြန်လုပ်ရင် လူပုံလူပန်းလေးထွက်အောင် သေသေချာချာလေးဒီဇိုင်းဆွဲပေးပါ
ှ…………………………………………………………..
အရမ်းကောင်းတဲ့ အတွေးအခေါ်ပဲ

commentinfo By: နွေ at Mar 9, 2013
Comment #3

တော်ပြီလား..သန်းနှစ်ထောင်နဲ့တင်…..ဟိဟိ .မိုက်တယ်…

commentinfo By: bone lay htet lwint at Mar 9, 2013
Comment #4

အားပေးနေပါတယ်ဗျာ

commentinfo By: moehtetaung18 at Mar 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment