Professional Authors

ဘာရယ်မဟုတ်ဘူး။အချိန်လေးရတာနဲ့ ဒီဆိုဒ်ထဲ ခိုးလိုးခုလုဝင်ကြည့်မိခိုက် စိတ်ကိုဖောက်ထုတ်ကြည့်ရုံပါ။ဟိုအကြောင်း ဒီအကြောင်းနဲ့ သူ့အကြောင်းကိုယ့်အကြောင်း ပျင်းစရာ တစ်ကွက်မှ မထွန်ယက်နိုင်ခြင်းများ။လူတွေရဲ့စိတ်ကို နားလည်ဖို့ ဘယ်တော့မှ မကြိုးစားလိုက်လေနဲ။့

အခုချိန်ထိတော့ အတိအကျပြောဖို့ ခက်နေတုန်းပဲ၊ဘာဖြစ်လို့လဲဆိုတော့ ပြောလိုက်လို့
မှားသွားရင် ကျွန်တော့်ခေါင်းပေါ်ပုံကျမှာ စိုးရတယ်။အကို အဆင်ပြေသလို ကြည့်ရေး
လိုက်ဗျာ၊ကျွန်တော်တို့ကတော့ အေးအေးချမ်းချမ်းပဲ လုပ်ကိုင်စားသောက်ချင်တယ်။
ကျေးဇူးပြုပြီး မြန်မြန်လေးးးးးးးးးဒီကပြီးရင် ရွေ့စရာလေး ရှိနေလို့။ဆောရီးနော် . . .
အကောင်းဆုံးဖြစ်အောင် ရုန်းလိုက်ပါဦးငါ့ကောင်ရာ။စိတ်ရှည်မှပေါ့၊သည်းခံခြင်းရဲ့အကျိုး
ကို မင်း တစ်နေ့ ခံစားရပါလိမ့်မယ်။ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ(သူ့လက်ထဲမှာက ဘာလဲထက်ရှရှ)

လုပ်ငန်းရှင်တွေက အလုပ်သမားတွေကို မငဲ့ညှာဘူး၊အလုပ်သမားတွေက အလုပ်သမားချင်း
မငဲ့ညှာဘူး၊အာဏာပိုင်တွေက ဘယ်သူ့ကိုမှ မငဲ့ညှာဘူး။(နောက်ပုံစံတစ်ခုက . . .)ယာဉ်နောက်
လိုက်တွေက ခရီးသည်တွေကို ကိုယ်ချင်းမစာဘူး၊ခရီးသည်တွေက ခရီးသည်ချင်း ကိုယ်ချင်းမစာ
ဘူး၊အာဏာပိုင်တွေက ဘယ်သူ့ကိုမှ ကိုယ်ချင်းမစာဘူး။((((အဲဒီလို ရေးတာလေး မိုက်တယ်ဟ))))

ခင်ဗျားရဲ့အရည်အချင်းကိုတော့ သဘောကျတယ်ဗျာ၊ဒါပေမယ့် ကျွန်တော်တို့တိုက်က ကဗျာဆရာဆိုရင်
မသုံးဘူး။ငါတို့ရဲ့ခေတ်ပြိုင်လူ့ဘ၀ ဆိုနေတာ ဘယ်လိုအရောင်အဆင်းမွဲတေမှုအော်သံလဲ????????????
အဲဒီပန်းကလေးကို မနမ်းရမချင်း မပြန်တော့ဘူး၊သူပဲ ညှို့ခဲ့တာလေ။ငါကတော့ အသေအကြေ တိုက်ပွဲဝင်မှာ
ပဲသူငယ်ချင်း။

ကဲ ငါ့လက်လည်း တော်တော် ညောင်းနေပြီ။ခင်ဗျားအာရုံလည်း တော်တော် ညောင်းနေရောပေါ့။
ဒါဟာ ကဗျာလားလို့ အမေးရှိလာခဲ့ရင် ဒါဟာ ကဗျာမဟုတ်ဘူးဆိုတဲ့အဖြေ ရှိလာပါမယ်။
ဒါဟာ ကဗျာဟုတ်/မဟုတ်၊ဖြစ်/မဖြစ် အမေးမရှိခဲ့ရင် ဒါဟာ ကဗျာတစ်ပုဒ် ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။

မသေချာသေးပါဘူးကွာ၊ငါ တကယ် ကဗျာရေးတဲ့အခါ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျမှာ စိုးရတယ်။
ငါ ကဗျာမရေးတဲ့အခါ အခုလို အင်တာနက်သုံးပြီး စိတ်ရင်းကောင်းသလိုလို ဘာလိုလို သူတော်ကောင်းလိုလို
ဘာလိုလို လူသားချင်းစာနာတတ်သူ ငါ့အပြင်နှစ်ယောက်မရှိသလိုလို ဘာလိုလို နေကောင်းလား???မတွေ့တာ
အတော် ကြာပြီနော်!!!အရမ်းသတိရနေတာ…အဆင်ပြေဖို့ မျှော်လင့်ပါတယ်။သြော်…ဒါနဲ့ စကားမစပ် ငါ တောင်း
ထားတဲ့အဖြေလေး အခြေအနေ ကောင်းလားသိပါရစေ။     ။    ။    ။   ။    ။     ။    ။    ။     ။     ။    ။         ။

ကိုကိုကိုကိုကိုကိုကိုကိုကိုကိုကိုကိုကိုကိုကိုကိုသျှားသျှားသျှားသျှားသျှားသျှားသျှားသျှားသျှားသျှားသျှားသျှားသျှား

In: ကဗျာ Posted By: Date: Oct 10, 2012
Comment #1

မိုက်တယ်ဗျာ အားပေးနေတယ် သယ်ရင်း

commentinfo By: အသဲကွဲ မိုး at Oct 10, 2012
Comment #2

မျက်လုံးနဲ့မဆန့်မပြဲခေါင်းစဉ်နဲ့
အရာရာကိုတန်းခနဲမြင်ကြည့်မိခြင်း 😉

commentinfo By: နတ်သမီး at Oct 10, 2012
Comment #3

စိတ်ကူးကောင်းနဲ့ရေးထားတဲ့စာပေ မိုက်ဒယ်

commentinfo By: Nakhamurasan at Oct 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment