Professional Authors

ငါ့ကိုငါမုန်းတယ်

ငါအထီးကျန်တဲ့အချိန် နင့်ကိုသတိရတယ်
ငါစိတ်ညစ်တဲ့အချိန် နင့်ကိုသတိရတယ်
ငါပျော်ရွှင်တဲ့အချိန် နင့်ကိုသတိရတယ်

ငါကျရှုံးတဲ့အချိန် နင့်ကိုသတိရတယ်
ငါအောင်မြင့်တဲ့အချိန် နင့်ကိုသတိရတယ်

နင်နဲ့ ငါရဲ့ခင်မင်မှုက သိပ်လည်းမကြာခဲ့ပေမယ်
သံယောဇဉ် က အရမ်းလေးနက်ခဲ့တယ်
အဲဒါကလည်း ငါ့ဘက်ကပါ

နင်ပိုင်ဆိုင်တဲ့အရာတွေ ငါမမက်မောသလို
ငါတန်ဖိုးထားတဲ့အရာတွေလည်း နင့်ဆီမှာ မရှိဘူး

နင်ပြောတဲ့စကားတွေကို မသာယာခဲ့ပေမယ့်
နင် အသံကိုတမ်းတမိတယ် အချိန်တိုင်းပဲ

ငါလိုချင်တဲ့ အနေအထား နင့်မှာမရှိပေမယ့်
ငါပြေးသတိရတာ နင့်မျက်နှာလေးကိုပါ

နင့်ရဲ့ပတ်ဝန်းကျင်ကို ငါမကြိုက်သလို
နင့် ရဲ့အတွေးအခေါ်တွေကိုလည်း ငါအရမ်းမုန်းတယ်

သူငယ်ချင်းဆို တဲ့ ခေါင်းစဉ်လေး ကြောင့် ငါနင့်ကို လက်ခံခဲ့တယ်
အနေဝေးသွားတဲ့အချိန် အလွမ်းတွေနဲ့ ပြည့်နေခဲ့တယ်

နင့်မှာ ချစ်သူရှိတယ်လို သိလိုက်ရတဲ့ အချိန်
ဝမ်းနည်းသွားတဲ့ စိတ်
ကြေကွဲနင့်ဆို့ သွားတဲ့ စိတ်တွေ နဲ့ ပြည့်နေတဲ့ ငါ့ကိုယ်ငါမုန်းတယ်

20-May-2012

In: ကဗျာ Posted By: Date: May 20, 2012
Comment #1

နင်ပိုင်ဆိုင်တဲ့အရာတွေ ငါမမက်မောသလို
ငါတန်ဖိုးထားတဲ့အရာတွေလည်း နင့်ဆီမှာ မရှိဘူး

commentinfo By: ဖူးမေ at May 21, 2012
Comment #2

အားပေးသွားပါတယ်နော်.

commentinfo By: May Kha at May 21, 2012
Comment #3

khan sar arr pay twar par d,
really feel sorry,,

commentinfo By: ei lay at May 22, 2012
Comment #4

သူငယ်ချင်းဆို တဲ့ ခေါင်းစဉ်လေး ကြောင့် ငါနင့်ကို လက်ခံခဲ့တယ်
အနေဝေးသွားတဲ့အချိန် အလွမ်းတွေနဲ့ ပြည့်နေခဲ့တယ်
အားပေးသွားပါတယ်။

commentinfo By: gadounlay at May 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment