Professional Authors

ညီမလေးရဲ့အဝေးရောက်ချစ်သူအကြောင်း ၎

ပြတင်းပေါက်ကို ဖွင့်လိုက်တာနဲ့
နောက်ကျောထဲက စိမ့်ခနဲ
ကားဟွန်းသံကြားလို့ နောက်လှည့်အကြည့်
ခလုတ်တိုက်လဲတယ်
အစာထဲ အဆိပ်ခတ်ထားတယ်ထင်ပြီး
စားပွဲကို မှောက်ပစ်လိုက်တဲ့ဗန်ဂိုး မမှားဘူး
လူတွေက ငွေရှာဖို့ ငါ့ကို အမြဲတမ်း တပ်လှန့်တယ်
ငါက ငွေသံကြားရင် ဗုံးခိုကျင်းရှာမိတော့တာပဲ
ငါဟာ မင်းပြောသလို
အမြဲတမ်း စိတ္တဇဆန်နေတယ်ထင်ပါရဲ့
လူတွေ ရယ်မောနေတာမြင်တော့ ပြုံးမိတယ်
လူတွေ ပြုံးနေတာမြင်တော့ မဲ့မိတယ်
အချစ်ကြီးချစ်မိသူအဖြစ်
ကိုယ့်ကိုယ်ကိုလည်း ကြောက်လာတယ်
ငါ့အကြောင်းကို ဒီထက်ပိုပြီး သိချင်ရင်
မင်းဆီပို့လိုက်တဲ့ ငါ့နားရွက်တစ်ဖက်ကိုသာ
ဖတ်ကြည့်လိုက်ပါတော့ညီမလေး

                                                    ကိုသျှား

In: ကဗျာ Posted By: Date: Feb 9, 2012
Comment #1

ဟို…………ပို့လိုက်တဲ့နားရွက်တစ်ဖက်က ကြော်စားဖို့လားမသိဘူးခင်ဗျ သိလို့ရရင်သိပါရစေ 🙂
ကဗျာက တစ်မျိုးလေးဆန်းတယ်
လူတွေ ရယ်မောနေတာမြင်တော့ ပြုံးမိတယ်
လူတွေ ပြုံးနေတာမြင်တော့ မဲ့မိတယ် အဲ့နားလေးမိုက်တယ်
နောက်ကဗျာတွေလည်း အားပေးဦးမယ်ဗျ ကြိုးစားထား ။

commentinfo By: X - ray at Feb 9, 2012
Comment #2

he,,he,,

commentinfo By: ei lay at Feb 9, 2012
Comment #3

အကိုရေ
အားပေးသွားသဗျို့
နောက်ထပ်ကဗျာတွေလည်း မျှော်လင့်နေမယ်ဗျာ
ညီမလေးရဲ့…….ကဗျာတွေ အရမ်းကြိုက်တယ်

commentinfo By: ရွှေကြယ်မိုး at Feb 10, 2012
Comment #4

မတွေ့တာကြာပီကိုသျှား..အားပေးသွားပါ၏

commentinfo By: May Kha at Feb 10, 2012
Comment #5

ဗန်ဂိုးရဲ့နားရွက်တစ်ဖက်အကြောင်းလူတွေခုထိပြောနေကြတုန်း
ကိုသျှားရဲ့နားရွက်တစ်ဖက်အကြောင်းကိုတော့ညီမလေးသိအောင်ပြောပြနေတုန်း

commentinfo By: နတ်သမီး at Feb 10, 2012
Comment #6

ပြတင်းပေါက်ကို ဖွင့်လိုက်တာနဲ့
နောက်ကျောထဲက စိမ့်ခနဲ
ကားဟွန်းသံကြားလို့ နောက်လှည့်အကြည့်
ခလုတ်တိုက်လဲတယ်
အစာထဲ အဆိပ်ခတ်ထားတယ်ထင်ပြီး
စားပွဲကို မှောက်ပစ်လိုက်တဲ့ဗန်ဂိုး မမှားဘူး
လူတွေက ငွေရှာဖို့ ငါ့ကို အမြဲတမ်း တပ်လှန့်တယ်
ငါက ငွေသံကြားရင် ဗုံးခိုကျင်းရှာမိတော့တာပဲ
ငါဟာ မင်းပြောသလို
အမြဲတမ်း စိတ္တဇဆန်နေတယ်ထင်ပါရဲ့
လူတွေ ရယ်မောနေတာမြင်တော့ ပြုံးမိတယ်
လူတွေ ပြုံးနေတာမြင်တော့ မဲ့မိတယ်
အချစ်ကြီးချစ်မိသူအဖြစ်
ကိုယ့်ကိုယ်ကိုလည်း ကြောက်လာတယ်
ငါ့အကြောင်းကို ဒီထက်ပိုပြီး သိချင်ရင်
မင်းဆီပို့လိုက်တဲ့ ငါ့နားရွက်တစ်ဖက်ကိုသာ
ဖတ်ကြည့်လိုက်ပါတော့ညီမလေး။
တစ်ပုဒ်လုံးကြိုက်တယ်ဗျာ…..။

commentinfo By: zawthetoo at Feb 10, 2012
Comment #7

ရေးးတတ်လွန်းပါရဲ့….အားပေးနေလျှက်ပါ

commentinfo By: အသဲကွဲမိုး at Feb 10, 2012
Comment #8

တကယ်ကေါင်းတယ်………
ကြိုက်တယ်……
အားပေးပါတယ်….
တကယ်ပြောတာ

commentinfo By: သားသား at Feb 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment