Professional Authors

နှုတ်ဆက်ခဲ့သည် ဆိုသော်လည်း

ကိုယ့်အထုပ် ကိုယ့်အပိုး ကိုယ့်ဘာသာဆွဲ
(ကဲ…………..)
ငါတို့တွဲလက်တွေ ဖြုတ်ချိန်တန်ခဲ့ပြီ…။

လမ်းခွဲစကား ဆိုရအောင်လည်း
ငါတို့ရဲ့ ပက်သက်မှုက မဆိုသလောက်၊
(ဒါပေမယ့်…)
ငါ့အတွက် ကြီးကျယ်လွန်းခဲ့တာကနင်
ဒီရင်ခွင်……..ဒီနှလုံးသား
အားလုံး နင့်အရှေ့ အခစားဝင်ဖို့အသင့်
(နောက်ဆုံးအနေနဲ့ပါ…)
ငါနင့်ကို သတိရခွင့်ပြုပါ……။

ငါ့ရင်ဘတ်နဲ့ ပက်သက်တဲ့ အက္ခရာ
နင့် နာမည်လေး အရာထင်ကျန်ရစ်
ရင်နင့်အောင်မွှေးတဲ့ ပန်းကလေးတစ်ပွင့်
နင်ကိုယ်တိုင်ပျိုး    နင်ကိုယ်တိုင်ထိုး
နင်ကိုယ်တိုင်ချိုး    နင်ကိုယ်တိုင်ငြှိုးစေခဲ့..၊
နင့်အတွက် သက်သေမရှိတဲ့ အချစ်တစ်ခု
ငါ့နှလုံးသားထက်မှာ ကမ္ဗည်းထိုး
မျက်စိစုံမှတ်ခဲ့တဲ့ အရှုံးအတွက်
နင်ရက်စက်ချင် ရက်စက်
နင်ပက်သက်ချင် ပက်သက်
ကိုယ်ထိလက်ရောက်ဆိုတဲ့ အမှား
ငါ့ဘက်က ကျူးလွန်းခဲ့မိလို့လား
စဉ်းစားတိုင်း အဖြေမရတာအခက်သား..၊
တမင်သက်သက်တော့ မရက်စက်နဲ့
ဒီရင်ခွင်… ဒီနှလုံးသား
အပေါစားမဟုတ်ဘူး…။
(နင်သိလား)
ငါဘယ်လောက်အထိ ချစ်နေခဲ့ရလဲဆိုတာ
ပြုမိတဲ့ ကိစ္စတိုင်းမှာကိုက
နင့်ကို ချစ်တာတွေ……၊
အမှားတိုင်းကလည်း
နင့်ကို ချစ်လွန်းလို့…၊
မကျေနပ်သေးဘူးလား…?
ငါ့နှလုံးသားက အခစားဝင်ဖို့ အသင့်
(ငါတို့နှစ်ယောက်ဝေးသွားခဲ့ရင်သာ…)
ဒီကဗျာလေးနဲ့ နင့်ကို
ငါသတိရနေခွင့်ပြုပါ…..။   ။

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jan 25, 2012
Comment #1

ကဗျာလေး ကြိုက်တယ်ဗျာ….အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Jan 25, 2012
Comment #2

ရင်နင့်အောင်မွှေးတဲ့ ပန်းကလေးတစ်ပွင့်
နင်ကိုယ်တိုင်ပျိုး နင်ကိုယ်တိုင်ထိုး
နင်ကိုယ်တိုင်ချိုး နင်ကိုယ်တိုင်ငြှိုးစေခဲ့..၊
နင့်အတွက် သက်သေမရှိတဲ့ အချစ်တစ်ခု
ငါ့နှလုံးသားထက်မှာ ကမ္ဗည်းထိုး
မျက်စိစုံမှတ်ခဲ့တဲ့ အရှုံးအတွက်
နင်ရက်စက်ချင် ရက်စက်…ကြိုက်မိပါ၏..ကိုဇော်သက်ဦးပျောက်နေတာကြာပြီ..ကဗျာတွေကိုစောင့်မျှော်နေတယ်နော်
အားပေးလျှက်

commentinfo By: sharon myorr myor at Jan 25, 2012
Comment #3

အရမ်းကိုကောင်းတဲ့ကဗျာလေးပါပဲဗျာ
အားပေးသွားပါတယ်
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Jan 26, 2012
Comment #4

ကျေးဇူးအထူးတင်လျက်ပါ…။
ဇော်သက်ဦး(Ayatekalay)

commentinfo By: zawthetoo at Jan 26, 2012
Comment #5

လမ်းခွဲစကား ဆိုရအောင်းလည်း
ငါတို့ရဲ့ ပက်သက်မှုက မဆိုသလောက်၊
(ဒါပေမယ့်…)
ငါ့အတွက် ကြီးကျယ်လွန်းခဲ့တာကနင်

ရင်ကို လာထိသွားတယ်

commentinfo By: moehtetaung18 at Jan 27, 2012
Comment #6

a yan,,,,
a yan,,,,,,,
a yan,,,,
a yan kyike par d

commentinfo By: ei lay at Jan 27, 2012
Comment #7

ကြိုက်သွားပြီးဗျာ…

commentinfo By: poem.poem28 at Jan 27, 2012
Comment #8

ကျေးဇူးတင်ပါတယ်ဗျာ….။

commentinfo By: zawthetoo at Jan 27, 2012
Comment #9

သိပ်ကောင်းတဲ့ ကဗျာလေးးပဲ။။
လာလာဖတ်သွားတယ်
အားပေးနေတယ် ကိုဇော်သက်ဦး ( အရိပ်ကလေး) ရေ။

commentinfo By: gadounlay at Jan 27, 2012
Comment #10

တစ်ပုဒ်လုံးကြိုက်တယ်။

commentinfo By: gadounlay at Jan 27, 2012
Comment #11

ကျေးဇူးတင်လျက်ပါ ကတုံးလေးရေ…။
အားပေးမှုအတွက် ဂုဏ်ယူလျက်..။
ဇော်သက်ဦး(Ayatekalay)

commentinfo By: ဇော်သက်ဦး(Ayatekalay) at Jan 28, 2012
Comment #12

အားပေးသွားတယ်ဗျို့
ကဗျာက ကောင်းတယ်ဆိုတော့
မင်းခန့်သူလဲ မနေနိုင်မထိုင်နိုင်
Comment လာပေးရတာပေါ့ဗျာ
လင့်ပါချိတ်ခဲ့တယ်
http://www.minkhantthu.blogspot.com/

Comment #13

ငါ့ရင်ဘတ်နဲ့ ပက်သက်တဲ့ အက္ခရာ
နင့် နာမည်လေး အရာထင်ကျန်ရစ်
ရင်နင့်အောင်မွှေးတဲ့ ပန်းကလေးတစ်ပွင့်
နင်ကိုယ်တိုင်ပျိုး နင်ကိုယ်တိုင်ထိုး
နင်ကိုယ်တိုင်ချိုး နင်ကိုယ်တိုင်ငြှိုးစေခဲ့..၊
နင့်အတွက် သက်သေမရှိတဲ့ အချစ်တစ်ခု
ငါ့နှလုံးသားထက်မှာ ကမ္ဗည်းထိုး
မျက်စိစုံမှတ်ခဲ့တဲ့ အရှုံးအတွက်
နင်ရက်စက်ချင် ရက်စက်
နင်ပက်သက်ချင် ပက်သက်
ကိုယ်ထိလက်ရောက်ဆိုတဲ့ အမှား
ငါ့ဘက်က ကျူးလွန်းခဲ့မိလို့လား

commentinfo By: May Kha at Jan 30, 2012
Comment #14

ကျေးဇူးတင်တယ် ကို မင်းခန့်သူ နဲ့ အစ်မ မေခ ကိုပါ..။

commentinfo By: zawthetoo at Jan 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment