Professional Authors

I LOVE U MORE THAN I CAN SAYS

နှုတ်ဆက်ခဲ့သူရေ
ငါနှုတ်ဆိတ်ပြီး ရပ်ကျန်နေခဲ့ပေးတာ
ရက်စက်တာတဲ့လား
ကြိုးစားခဲ့ပါတယ် ရှင်းပြခွင့်တွေရဖို့လေ…..

မာနတွေ ဒေါသတွေဖုံးလွှမ်းနေတဲ့စကားလုံးတိုင်းမှာ
ကျိုးကြေနေခဲ့တဲ့ ချစ်ခြင်းတွေ
ငါမမြင်ရက်နိုင်ခဲ့ဘူး…..

ငါ့ကိုချစ်တဲ့နင်သိပ်ပင်ပန်းနေခဲ့မှာပဲနေမယ်ထင်လို့
မျက်စိစုံမှိတ်ကျောခိုင်းပေးခဲ့တာလဲ
ရက်စက်တာတဲ့လား

နင့်ဆီကို စာတစ်လုံး ဖုန်းတစ်ချက်တောင် မဆက်ခဲ့တာ
ငါနင့်ကို သတိမရတော့လို့မဟုတ်ပါဘူး
ငါနင့်ကို အရမ်းသတိရလို့ပါ

အချိန်တွေတိုက်စားပြီး ရောက်ရောက်လာတဲ့
အမှတ်တရနေ့တိုင်း တစ်ယောက်တည်း ကြိုးစားရပ်တည်ခဲ့တာ
နင့်ကိုငါ မလွမ်းလို့မဟုတ်ပါဘူး
ငါနင့်ကို အရမ်းလွမ်းလို့ပါ

နင်ပေးခဲ့တဲ့ ဒဏ်ရာတွေ ကျိန်စာတွေနဲ့
သေလောက်အောင်နာကျင်နေခဲ့လဲ ငါနင့်ကို အတင်းမေ့ပျောက်ဖို့ကြိုးစားခဲ့တာ
နင့်ကို ငါ မချစ်လို့ မဟုတ်ပါဘူး
ငါနင့်ကို သိပ်ချစ်လွန်းလို့ပါ။

In: ကဗျာ Posted By: Date: Apr 21, 2012
Comment #1

နင်ပေးခဲ့တဲ့ ဒဏ်ရာတွေ ကျိန်စာတွေနဲ့
သေလောက်အောင်နာကျင်နေခဲ့လဲ ငါနင့်ကို အတင်းမေ့ပျောက်ဖို့ကြိုးစားခဲ့တာ
နင့်ကို ငါ မချစ်လို့ မဟုတ်ပါဘူး
ငါနင့်ကို သိပ်ချစ်လွန်းလို့ပါ။

အားပေးသွားပါတယ်

commentinfo By: sharon myorr myor at Aug 9, 2012
Comment #2

Tate chit de so p e lo loak yet lar?
Tate chit de so p e lo htar ke ya lar?
Tate chit de so p e lo yet sat ya lar?
Tate chit de so p e lo a sat a twe phyat sa yar lar?
Chit hma ma chit Dar.
Ei ka dot e lo pe htin de.
Kou da ke chit de so yin koh chit thu ko 1 yout de pyit htar p sate sin ye aung , myat yae kya aung loak yet par ma lar?

commentinfo By: ei lay at Aug 9, 2012
Comment #3

အချိန်တွေတိုက်စားပြီး ရောက်ရောက်လာတဲ့
အမှတ်တရနေ့တိုင်း တစ်ယောက်တည်း ကြိုးစားရပ်တည်ခဲ့တာ
နင့်ကိုငါ မလွမ်းလို့မဟုတ်ပါဘူး
ငါနင့်ကို အရမ်းလွမ်းလို့ပါ

commentinfo By: တယော at Sep 11, 2012
Comment #4

Ei lay ye iq ka naint lun loh htin de,
E lout g ma sin sarr Tat bu.
Ta baw htar ma g tar phyit naing de.
Ak ta g de loh pe pyaw ya hmar be.
Lone wa nar le ma pay naing bu.
Ma chit loh pe htin de.

commentinfo By: ei lay at Sep 11, 2012
Comment #5

အချိန်တွေတိုက်စားပြီး ရောက်ရောက်လာတဲ့
အမှတ်တရနေ့တိုင်း တစ်ယောက်တည်း ကြိုးစားရပ်တည်ခဲ့တာ
နင့်ကိုငါ မလွမ်းလို့မဟုတ်ပါဘူး
ငါနင့်ကို အရမ်းလွမ်းလို့ပါ

commentinfo By: မ at Nov 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment