Professional Authors

ငါမရှိလည်း နင်ဖြစ်ပါတယ်…..

နောက်တစ်ခါ နင်အမှားလုပ်မိခဲ့ရင်
တောင်းပန်မနေပါနဲ့
နားလည်မှုရှိတဲ့ ချစ်သူလို့
နင့်သူငယ်ချင်းတွေ ပြောရအောင်လို့ပါ
နောက်တစ်ခါ ငါဗီလိန်မဖြစ်ပါရစေနဲ့

နောက်တစ်ခါ ညနက်ကြီး အပြင်သွားရင်
လှမ်းခွင့်မတောင်းပါနဲ့
ငါတားမိရင် စော်ကြောက်ကောင်လို့
နင်ကိုပြောကြဦးမှာပါ
နောက်တစ်ခါ ငါ့ကြောင့် မဖြစ်ပါရစေနဲ့

နောက်တစ်ခါ ငါနဲ့ နင့်သယ်ရင်းတွေနဲ့
နှစ်ခုထဲက ရွေးချယ်စရာရှိရင်
သူတို့ကိုပဲ နင်ရွေးလိုက်ပါ
ငါ့ကြောင့် နင်အချိုးပြောင်းသွားတာ
ဖြစ်နေမှာ စိုးလို့ပါ
နောက်တစ်ခါ အရွဲ့ မခံပါရစေနဲ့

နင့်ငယ်ပေါင်းတွေက နင့်အတွက်
မရှိမဖြစ် ဆိုတော့
ရှိလည်း မထူးတဲ့ ငါက
သိတတ်ပေးပါတယ်……….

In: ကဗျာ Posted By: Date: Jan 18, 2012
Comment #1

အားပေးသွားတယ်နော်.

commentinfo By: May Kha at Jan 18, 2012
Comment #2

hin,,,,,,,,
ei lay par bu naw,,,linn
ei lay ka e lout ta baw ma kaung bu,,
ei lay ka e lout sate ta baw htar ma pyay wa bu,,,
hee,,he,,ei lay ka a yan sate poat de,,ta win to de,,sate ma cha bu,,
1 khar 1 lay pe kwint pyu chin tar,,thu ko phyat se kya hmar soe loh,,
kou doe 2 yout pe 1 tet lone soe thu kaung phat nay kya hmar,,,
thu doe ne nay hmar hote bu lay,,
doke kha yout yin be thu hma ku nyi chin kya tar hote bu,,

commentinfo By: ei lay at Jan 18, 2012
Comment #3

မိုက်တဲ ~~

commentinfo By: X - ray at Jan 18, 2012
Comment #4

စိတ်မကောင်းပါဘူး
..
အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 18, 2012
Comment #5

နောက်တစ်ခါ ငါနဲ့ နင့်သယ်ရင်းတွေနဲ့
နှစ်ခုထဲက ရွေးချယ်စရာရှိရင်
သူတို့ကိုပဲ နင်ရွေးလိုက်ပါ
ငါ့ကြောင့် နင်အချိုးပြောင်းသွားတာ
ဖြစ်နေမှာ စိုးလို့ပါ
နောက်တစ်ခါ အရွဲ့ မခံပါရစေနဲ့

နင့်ငယ်ပေါင်းတွေက နင့်အတွက်
မရှိမဖြစ် ဆိုတော့
ရှိလည်း မထူးတဲ့ ငါက
သိတတ်ပေးပါတယ်……….

commentinfo By: ဇော်သက်ဦး(Ayatekalay) at Jan 18, 2012
Comment #6

အဲလိုမျိုးဖြစ်တတ်တယ်……ဘယ်လိုလေးလဲ မသိဘူးနော်…လင်းရဲ့ချစ်ချစ်က
တစ်နေ့တစ်ချိန်ကျရင်တော့…လင်း ..ကိုပဲ ရွေးမှာပါ…fighting….

commentinfo By: poem.poem28 at Jan 19, 2012
Comment #7

poem.poem28 ပြောတဲ့ တစ်နေ့နေ့ကိုပဲ လင်းလည်း မျှော်လင့်နေပါတယ်
ဒါပေမယ့် အချိန်အတိုင်းအတာ တစ်ခုပေါ်မှာပဲ သူ့ကို သည်းခံတော့မယ်

commentinfo By: linn at Jan 21, 2012
Comment #8

linn,,,a tit tway nay p lar?
he,,he,,,sa tar naw,,,

commentinfo By: ei lay at Jan 23, 2012
Comment #9

အသစ်တွဲနိုင်သေးပါဘူးတော် ….. စိတ်ကုန်လို့……

commentinfo By: linn at Jan 23, 2012
Comment #10

he,,he,,
ti bu lay,,
linn ka ho ta law ka le a tit 1 yout ko sate ka sar nay de so ,,,
mae kyi tar pop,,
sate soe ya bu naw,,

commentinfo By: ei lay at Jan 23, 2012
Comment #11

ရှိလဲမထူးတဲ့ငါက..သိတတ်ပေးပါတယ်….
တကယ်ကိုရင်ထဲထိတဲ့စာသားလေးပါပဲ

commentinfo By: ကြယ်စင်နတ်သမီး at Mar 18, 2012
Comment #12

ကြိုက်တယ်

commentinfo By: Poe ei phyu at Jun 3, 2012
Comment #13

ကော်ပီပဲလုပ်လိုက်တယ်နော် ငါ့အဖြစ်နဲ့အရမ်းဆင်လို့ပါ

commentinfo By: kyalsinlaye at Jun 4, 2012
Comment #14

Shilo လည်းဒီလိုပါပဲ
သူက..သူ့..သူငယ်ချင်းစကားပဲနားထောင်လွန်းအားကြီးလွန်းလို့
(ကိုယ်ကပဲ..တစ်ဖက်သတ်..ဆိုတော့..အရမ်းတားလို့မရဘူးလေ)
လက်ပိုက်ကြည့်နေရတယ်

commentinfo By: Shilo at Jun 4, 2012
Comment #15

hin,,shilo ka le bar sine loh tone?
fri ka fri pe,,
chit thu ka chit thu pe.
a kwint a yae yaw,,pine sine hmu yaw bar hma ma tu bu.
koh chit thu ko ma yone kyi bu so yin be lo shae set kya hmar le?
ba wa lat twe phaw loh tat hmat htar yin yoe yoe tar tar,,pwint pwint lin lin shi ya me lay,
chit thu 2 yout kyar hmar be thu kyaunt hma problems ma phyit say ya bu lay.
koh chit thu har kou ye ko pwar a yin hne sone lu pe phyit ya me.

commentinfo By: ei lay at Jun 4, 2012
Comment #16

နင့်ငယ်ပေါင်းတွေက နင့်အတွက်
မရှိမဖြစ် ဆိုတော့
ရှိလည်း မထူးတဲ့ ငါက
သိတတ်ပေးပါတယ်……….

commentinfo By: ရနံ့ at Jun 4, 2012
Comment #17

ငါမရှိလည်းနင်ဖြစ်ပါတယ်

commentinfo By: ei lay at Mar 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment