Professional Authors

“ ဖေဖော်ဝါရီတစ်ဆယ့်သုံး ( သို့ ) ရင်ထဲက မွေးနေ့ ”

ခေါင်းရင်းထရံမှာ ချိတ်ဆွဲထားတယ်
သင့် ရင်ထဲမှာကော ချိတ်ဆွဲထားပါသလား

ပါဆယ်အိတ်တွေ လဲ
အသဲပုံတွေ ဆွဲ
ဒီတစ်ရက်ထဲနဲ့ ကမ္ဘာပတ်ချင်သူတွေလည်းအများသား …

ဘယ်နားကိုပဲ ကြည့်ကြည့်
ပျော်စရာအတိပါပဲဆိုတဲ့ ဖေဖော်ဝါရီရဲ့ တစ်ဆယ့်လေးရက်
ချစ်သူများနေ့ဆိုပြီး ဂုဏ်တက်ခဲ့တာပေါ့ …

ပြန်တော့ ငေးမကြည့်နဲ့
တစ်နေ့ကဆိုတာကိုလည်း မြန်မာတိုင်းသိတယ်
အစိုးရ ရုံးပိတ်ရက်
ကုမ္ပဏ္ဏီတွေ အလုပ်ပိတ်ရက်
ကျောင်းတွေအားလုံး ပိတ်တဲ့ရက်
ဘက်(စ်)ကားတွေမှာ နိုင်ငံတော်အလံတပ်တဲ့
ဖေဖော်ဝါရီရဲ့ တစ်ဆယ့်နှစ်ရက်
ပြည်ထောင်စုနေ့လို့ မှတ်ထားကြတယ် ။

အလယ်မှာမို့ လပ်နေတာလား …
ပြည်ထောင်စုနေ့နဲ့ ချစ်သူများနေ့ကြားမှာ
မေ့ထားခံရတဲ့ ဘ၀ပဲဖြစ်နေတာလား …

တစ်ခုလောက်မေးပါရစေ သူငယ်ချင်း …
မနေ့က ဘာနေ့ပါလိမ့် … ?

In: ကဗျာ Posted By: Date: Dec 17, 2011
Comment #1

အလယ်မှာမို့ လပ်နေတာလား …
ပြည်ထောင်စုနေ့နဲ့ ချစ်သူများနေ့ကြားမှာ
မေ့ထားခံရတဲ့ ဘ၀ပဲဖြစ်နေတာလား …

တစ်ခုလောက်မေးပါရစေ သူငယ်ချင်း …
မနေ့က ဘာနေ့ပါလိမ့် … ?

commentinfo By: May K ha at Dec 17, 2011
Comment #2

ဟုတ် ကျေးဇူးပါဗျာ။
ဒီကဗျာကို တင်ပြီးသွားတော့ဘယ်နေရာရောက်သွားလဲလို့
ပြန်ရှာနေတာ အခုမှတွေ့တယ်။

commentinfo By: ကြယ်စစ်သည် at Feb 16, 2012
Comment #3

ကောင်းလိုက်တဲ့ကဗျာ ဘာမဆိုင်တဲ့ ဖေဖေါ်ဝါရီ 14 ရက်ကျတော့သတိရကျတယ် 13 ရက်ကိုကျတော့မေ့နေကျတယ် ၀မ်းနည်းစရာပဲ။

commentinfo By: Min Thu Aung at Feb 9, 2013
Comment #4

ကြိုက်တယ်ဗျာ..(..အလယ်မှာမို့………………….ဘ၀ပဲဖြစ်နေတာလား…?)..အဲ့ စာသားကို…..W.P.M.

commentinfo By: waiphyomauk at May 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment