Professional Authors

သေရာပါမယ်. ဒဏ်ရာ

မင်းငါ့ကိုချစ်ခဲ့တယ်ဆိုတာ ငါသိတယ်
ငါလည်း မင်းကိုချစ်ခဲ့ဆိုတာကို မင်းသိတယ်
အချစ်နှစ်ခုနဲ. ဘဝတစ်ခုတည်ထောင်ဖို. ငါတို.
အိမ်မက်တွေအတူ မက်ခဲ့ဖူးကြတယ်
အချိန်တန်တော့ ကံတရားက ရက်စက်
စိတ်ကူးတွေပျက်
ငါတို.ရဲ့မျက်ရည် ချောင်းစီးဖူးတယ်

ငါ, မင်းနဲ နီးစပ်ဖိုအမျိုးမျိုး ကြိုးစားခဲ့တယ်
မဖြစ်နိုင်တော့တဲ.အဆုံး
ကံစီမံရာကိုဘဲလိုက်လျော
မင်းကိုလည်း လမ်းခွဲပြီးတော့
အတိတ်ကို  မေ.ချင်ယောင်ဆောင်
ဟန်ဆောင်အပြုံးတွေနဲ.
ရင်ထဲကခံစားမှုတွေဖုံးကွယ်
ပျက်သုဉ်းသွားခဲ့တဲ. အိမ်မက်တစ်ခုကို
ငါကိုယ်တိုင်ဘဲ ထိုင်ကြည့်နေရတယ်
ငါဘာမှမတတ်နိုင်ခဲ့ပါဘူး

ငါမှတ်မိပါသေးတယ်….. ငါတို.လမ်းခွဲတဲနေ့ကပေါ့
ငါ့ရဲ့လမ်းခွဲစကားအဆုံးမှာ မင်းပြောလိုက်တဲ. ရင်နင့်စရာစကား
“နင်ငါ့ကိုသေရာပါမယ်. ဒဏ်ရာပေးခဲ့ပြီဘဲ” တဲ.
ငါဘယ်လို ဖြေသိမ့်ရမလဲ
ငါကျောခိုင်းထွက်သွားတာဘဲ မင်းမြင်တော့
ငါ့ရဲ့မျက်ရည် မင်းဘယ်လိုမြင်နိုင်မှာလဲ….
မင်းကိုသိစေချင်ပါတယ်
မင်းကိုဒဏ်ရာတွေပေးခဲ့သူရဲ့ရင်ထဲမှာလည်း
ဒဏ်ရာတွေရှိနေတယ်
အခုတော့လည်း မင်းနဲ.ငါ
အဝေးကြီး ဝေးမသွားဘဲနဲ.
အဝေးဆုံး ဝေးခဲ့ကြတဲ.
သူစိမ်းတွေဘဲ….

In: ကဗျာ Posted By: Date: Dec 10, 2011
Comment #1

oh,,god,,
why did u leave?

commentinfo By: ei lay at Feb 3, 2012
Comment #2

No… I didn’t leave him.
I wrote this poem on behlaf of him.

commentinfo By: Myat Noe at Feb 7, 2012
Comment #3

treasure the love u receive above all.
it’ll survive long after ur gold & good health have ruined.

commentinfo By: ei lay at Feb 7, 2012
Comment #4

Sure, ma ei lay 🙂

commentinfo By: Myat Noe at Feb 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment