Professional Authors

ဆောင်းဦးမေးခွန်း

အေးမြမြဆောင်းဦး
နိုဝင်ဘာညတစ်ည
ကျွန်တော့်ရဲ့ ဖြစ်တည်ခြင်းတွေ အရာထင်ခဲ့တဲ့ည
ဆယ်စုနှစ်အချို့ ကျော်လွန်ခဲ့ပြီ
ချမ်းစိမ့်စိမ့်လေနု တိုက်ခတ်ဆဲ
သစ်ရွက်ဟောင်းတွေ ကြွေလွင့်မြဲ
ကျွန်တော်လည်း ခရီးတစ်ခုဆက်ဆဲ
ကဗျာဆန်လောက်အောင်တော့ဘ၀ကမရိုးရှင်းဘူး
နိုဝင်ဘာဆောင်းဦး ပြန်ရောက်ခဲ့ပြီ
အသားကျနေတဲ့ ပြောင်းလဲမှုများ
မရိုးနိုင်တဲ့ ဟောင်းနွမ်းမှုများ
တကယ်တမ်းက အသစ်တွေ
အိပ်မက်အသစ်  .. သက္ကရာဇ် အသစ်
မိတ်ဆွေအသစ် .. ရန်သူအသစ်
တပ်မက်မှုအသစ် .. အာသာဖြေမှုအသစ်
အသစ်..အသစ်တွေ
ခုရောက်လာတဲ့ ဆောင်းဦးရော
ကြီးရင့်လာတဲ့ ကျွန်တော်ကိုယ်တိုင်ရော
ခုစာဖတ်နေတဲ့ ခင်ဗျားတို့ရော
အသစ်လား..အဟောင်းလား
တစ်ခုတော့ ၀န်ခံပါရစေ
ဒါလဲ မေးခွန်းအသစ်မဟုတ်မှန်း  ။ ။

 

In: ကဗျာ Posted By: Date: Nov 16, 2011
Comment #1

ခုရောက်လာတဲ့ ဆောင်းဦးရော
ကြီးရင့်လာတဲ့ ကျွန်တော်ကိုယ်တိုင်ရော
ခုစာဖတ်နေတဲ့ ခင်ဗျားတို့ရော
အသစ်လား..အဟောင်းလား
တစ်ခုတော့ ၀န်ခံပါရစေ
ဒါလဲ မေးခွန်းအသစ်မဟုတ်မှန်း ။ ။
မေးခွန်း အသစ်မဟုတ်ပေမယ့်  လူတိုင်း အတွက် အရေးပါတဲ့  မေးခွန်း ပါ

Comment #2

လူတိုင်းမှာတော့ အသစ်တွေရှိသလို အဟောင်းတွေလည်းရှိမှာပါ
နှစ်တစ်ခုသစ်သွားလည်း သစ်လို့မရတဲ့တန်ဖိုးရှိတဲ့အဟောင်းတွေဆိုတာ ရှိတယ်လေ
ကျွန်တော့အမြင်ပါ လေရှည်သလိုဖြစ်သွားရင် sorryပါ
အရေးအသားကောင်းတဲ့ ကဗျာတစ်ပုဒ်ဘဲဗျ
အားပေးသွားကြောင်းပါ ~~

commentinfo By: X - ray at Nov 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment