Professional Authors

ရိုးအီရေသောက်ခြင်း

လှပြီးသား ညတစ်ချို့အတွက်
လလမ်းကြောင်း လိုက်ရှာခြင်းဆိုတာက
ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးခြင်းတစ်မျို

းပါပဲ
ဆေးကြောင့်သာ လေးသွားမယ်
ညတွေကတော့ မပြောင်းလဲဖူး။

ခရီးကတော့ ရောက်ပါတယ်
လမ်းတစ်ချို့ကတော့ ကောက်တယ်
တက်ကျမ်းတစ်ချို့နဲ့
တက်လမ်းတစ်ချို့ကို လှမ်းလို့မရသလို
မှတ်တမ်းတစ်ချို့ကြောင့်လည်
လမ်းတစ်ချို့က ပျောက်တတ်တယ်။

ဒီပုတ်ထဲမှာတော့ ဒီပဲပါပဲ
ပြဇာတ်တစ်ချို့က ရုပ်သေးရုပ်ဆန်ပေမယ့်
အထပ်ထပ် ဆက်ကဖို့ ပရိတ်သတ်က ရှိနှင့်တယ်
မျက်ခုံးမွှေးတစ်ဆုံး မကြည့်ပါနဲ့
စင်္ကြန်လမ်းတွေ မြင်ဖန်များရင်
သရုပ်ဆောင်တွေ ပိုများလာလိမ့်မယ်။

လှပြီးသား ညတစ်ချို့အတွက်
လလမ်းကြောင်းကို တွေ့လိုက်တယ်
ရိုးအီရေ တစ်ခွက်သောက်လိုက်ရုံပါပဲ
မိုးလင်းသွားခဲ့တယ်။

-ဂျွန်မိုးအိမ်-

In: ကဗျာ Posted By: Date: Oct 8, 2011
Comment #1

ခရီးကတော့ ရောက်ပါတယ်
လမ်းတစ်ချို့ကတော့ ကောက်တယ်
တက်ကျမ်းတစ်ချို့နဲ့
တက်လမ်းတစ်ချို့ကို လှမ်းလို့မရသလို
မှတ်တမ်းတစ်ချို့ကြောင့်လည်း
လမ်းတစ်ချို့က ပျောက်တတ်တယ်။
ကောင်းတယ်ဗျာ လုလင် အားပေးသွားပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment