Professional Authors

ကျုပ်ရဲ့ ရင်ဝှက်မှတ်တမ်း သူမအတွက် ဖြည်ချခဲ့တယ်

တစ်ချိန်မှာ 
ငါဟာ
ကောင်းကင်မှာ ချိတ်ဆွဲခံရတဲ့
ကြယ်တစ်လုံးဖြစ်လာခဲ့တယ်
အဲဒီ အချိန်မှာ ပဲ နင်ဟာ
ကမ္ဘာ သစ်ကို အလံ တစ်စင်း စိုက်လိုက်တယ် ၊၊      ၊၊

ပြည့်နေတဲ့ ခွက်ထဲ 
ရေထပ် မဖြည့်နိုင်လို့ 
နောက်တစ်ခွက် ပြောင်းသုံးခြင်းမျိုးလား
ငါဟာ ဒီ အနုပညာ ကို ချစ်ရင်
ငါ့ အသက်ရှုသံတွေကို ဒီထဲမှာပဲ နစ်မြှပ်ထားတတ်တယ်
ပိုး ဖ လံ မျိုးက မီးကိုပဲ တိုးတတ်တယ် ၊၊     ၊၊

ငါဆွဲတဲ့ ပန်းချီကားက အနုစိတ် ကျလွန်းပါတယ်
တစ်ခုပဲ
ငါဟာ ဘယ်ပန်းချီကားကို မှ ဘောင်မခတ်တတ်ဘူး
စည်းမျဉ်း စည်းကမ်း မရှိလို့ ဘောင်ကျော် ခြင်းလား
နင့် အတိတ်ခြေရာတွေ က
သစ္စာ တောင်ခြေ မှ နင့်နောက် တစ်ကောက်ကောက်လိုက်နေတယ် ၊၊        ၊၊

နေထွက်လာတယ် . . . . . . . . . .
နေ၀င်သွားတယ် . . . . . . . . .
ငါ ငိုနေခဲ့တယ် . . . . ငါ ငိုနေတုန်းပဲ . . . . .
မလိုတမယ် အားပေးခြင်း နဲ့  လက် မကမ်းပါနဲ့ ကွယ်
ဘာပဲ ဖြစ်ဖြစ်
ငါ့ ဒိုင်ယာရီ မှာ  နင်ဟာ . . .     
လှည့်ဖြားတတ်တဲ့ အသည်းလိုက်မုဆိုးဖြစ်ခဲ့တယ် ၊၊             ၊၊

ချုပ်ရိုးတွေ ခဏခဏ ဖြည်
ချုပ်ကြိုးတွေ ခဏခဏ ချည် နဲ့ 
ငါ့ နှလုံးသားကို ကြည့် . . .ချိ . .လို့ 
လက်တွဲလိုက် ဖြုတ်လိုက် နဲ့ 
အသက်ရှုခိုင်းလိုက် သတ်လိုက်နဲ့ 
ဟာသ ပြောပြလိုက် ငိုခိုင်းလိုက်နဲ့ 
နောက်ဆုံး . .  ငါ ဟာ  နင့်အတွက်
လိုရမယ်ရသုံး မီးအိမ်တစ်လုံးဖြစ်ခဲ့တယ် ၊၊          ၊၊

ကိုယ့်မျက်ရည် ကိုယ်မနိုင်ခြင်းမျိုးထက်
ရိုင်းတဲ့ ရာဇ၀င် မရှိဘူး . . .
ကိုယ့် သမိုင်း ကိုယ် ရေး ရ တာ ခြင်း တူတူ
ငါ့ အသက်ရှုသံ က နင့်ထံ မှ ဖြစ်တည်တယ်
သတိရနေတာခြင်း တူတူ 
ငါ ဟာ နင်လှည့်ခံစားရတဲ့ နေရာ မှ သတိရခံရပြီး
ငါဟာ . . .  လောက နိယာမ တရား သင်ပြပေးခဲ့သူအဖြစ်
နင့် ကို သတိ  ရ တယ်
ဘာပဲဖြစ်ဖြစ်
အမြင့်ဆုံးကို ပျံ မဲ့ နင့်အတွက် ငါ တောင်ပံ
တစ်စင်းလောက် ဖြစ်ပေးချင်ခဲ့တာ         ၊၊              ၊၊

တစ်ရေးနိုးခါ မှ အိပ်မက်ထဲ ရောက်သွားသလိုမျိုး
ဖိတ်ကြားခံလိုက်ရတဲ့ အသည်းခွဲ ညစာစားပွဲ အဆုံး
ငါ သစ္စာ တရား တွေ စားသုံးခဲ့တယ်
အမှန်တရား ရဲ့   ဗုံသံ တွေ
နေ၀င်ရာ အရပ် က ကြားခဲ့တယ်
ရင်ဖွင့်ပြဖို့ နှလုံးသား . . . သူ မ နဲ့  တ ခ ရီး တည်း သွား ခဲ့ ပြီ . . . ၊၊        ၊၊

ဓါး သွေးလိုက် ရေ တိုက် လိုက် . နဲ့   . . .နင်
အလုပ် ရှုပ် နေ ခဲ့ သမျှ
ပွဲ သိမ်း ဓါးချက် က နောက်ကျော တည့်တည့်ပဲ
ဒီ နေ ရာ မှာ နင် နဲ့ ငါ အကြည့်ချင်း ဆုံ ခဲ့ တယ်
ငါ့ မျက်လုံး  ထဲ  မှ   တစ် ဆင့်
တစ် ဆင့် . . .
တစ် ဆင့် . . .
တစ် ဆင့်  .. . . . .  နဲ့ 
မျက်ရည်ရဲ့ မြစ်ဖျား ခံ ရာ က    
အဆုံးရှုံး ခံ နှလုံးသား ရဲ့  ဥပက္ခာ ပြုခံလိုက်ရခြင်းမှ စတယ်
ငါ ချစ် ခဲ့ တယ်
ငါ ချစ် နေ တယ်
ငါ ချစ် နေ လိမ့် ဦး မယ်  . . .   ဆူးခက်ဆူးရိုင်း လေး ရယ်  ၊၊           ၊၊

ခပ်နက်နက် စူး ချက် ပါ
ဒါ လှည့်ကွက် မဟုတ်ပါဘူး
ဒဏ်ရာ တစ်ခါ နာ လေ 
နင့် အတွက် ရင်ခုန်သံ ဆက်လေ ပါ
လေပြေတွေရဲ့ တရား အကြောင်း
ငါ မနေ့ က နာဖြစ်တယ်  . . .
နင် ပေးတဲ့ ဘယ်မုန်တိုင်းကိုမှ ငါ မစိုးရွံ့ တော့ပါဘူး
သြော်. . . နင် မုန်း ခဲ့ ပါပြီ လေ
အမှောင်ထဲက ငါ့ဘာသာစကား
နင် ဘယ်နား နဲ့ မှ မကြားနာ နိုင်တော့ပါဘူး
ချစ်သူ . . . ရယ်
ဘာပဲ ဖြစ်ဖြစ်
အာဒမ် ဧ၀ ဘာသာစကားတောင်
နံ ရိုး တစ်ချောင်းကြောင့် သက်ဝင် ခဲ့တယ်ဆိုတာ
ရင်ဘတ် ထဲ မှ နာယူလိုက်ပါကွယ်၊၊          ၊၊

တံတားဆိုတာ  နင်းလျှောက်ဖို့ ပါ
နင်းလျှောက်ပြီး ရိုက်ချိုးခဲ့ဖို့ မဟုတ်ပါဘူး
(ငါ စိုးရိမ်တာက)
နင့်အပြန်လမ်း ဖြတ်ကူးစရာ မရှိမှာ စိုးလို့ ပါ
နင့် ဆုံးဖြတ်ချက်တွေ မှန်ပါတယ်
ရွှေခွက် ကို ရွှေလက် နဲ့  နှိုက်ခြင်းမျိုးပဲ
ဖြစ်သင့်တာပေါ့
ငါ့ နေ၀င်ချိန် ဟာ နင့်အတွက် အရုဏ် အစ ဆိုရင်
ငါ သေ ရ ကျိုး နပ် ခဲ့  ပါ တယ်
ဒါပေမဲ့  .  .  . တစ်ချိန် က နင် နဲ့ ငါ့ ရဲ့ 
ရင် ခုန် သံ အရင်းနှီးဆုံး ဇာတ်လမ်း လေး
ကျိုးပျက်နေတဲ့ တံတားလေး အောက်မှာ ရှိတယ်               ၊၊                ၊၊

ဒီလို နဲ့ 
ဟော်ဟစ်သံတွေ ရဲ့ အဆုံး မှာ
ဆိတ်ငြိမ်ခြင်း တစ်ခု ကို ငါ တွေ့ လိုက်တယ်
ငါ မီးထွန်းရှာခဲ့ရတဲ့  ငြိမ်းချမ်းမှုမျိုး
ငါ အမှောင်ထဲကပဲ တွေ့ ခဲ့ ရခြင်းပေါ့
. . . . . . . . .
အဲဒီနောက်တော့
ငါဟာ ငါ့ နာမ်စား ကလောင် လေးကိုပိုက်
ရင်ဝှက် ရှိုက်သံ အချို့  နဲ့ 
ဘီလူးချော့တေး တစ်ပုဒ် အသက်နဲ့ ထုပ်ပြီး ရေးခဲ့တယ်၊၊    ၊၊

ကျွန်တော်ဟာ သူမအတွက်
တားမြစ်နယ်မြေမှ ရူးနေတဲ့ ကဗျာဆရာတစ်ယောက်ဆိုတာ
ခင်ဗျား တို့ ယုံနိုင်ကြပြီလား
၊၊     ၊၊

လမင်းဇော်

In: ကဗျာ Posted By: Date: Sep 23, 2011
Comment #1

နေထွက်လာတယ် . . . . . . . . . .
နေ၀င်သွားတယ် . . . . . . . . .
ငါ ငိုနေခဲ့တယ် . . . . ငါ ငိုနေတုန်းပဲ . . . . .
မလိုတမယ် အားပေးခြင်း နဲ့  လက် မကမ်းပါနဲ့ ကွယ်
ဘာပဲ ဖြစ်ဖြစ်
ငါ့ ဒိုင်ယာရီ မှာ နင်ဟာ . . .
လှည့်ဖြားတတ်တဲ့ အသည်းလိုက်မုဆိုးဖြစ်ခဲ့တယ် ၊၊ ၊၊

စာသားတွေက ခံစားချက်နဲ့ တစ်ထပ်တည်းပဲဗျာ….အားပေးသွားပါတယ်….။

commentinfo By: ကေသရီ at Sep 23, 2011
Comment #2

အဲဒီနောက်တော့
ငါဟာ ငါ့ နာမ်စား ကလောင် လေးကိုပိုက်
ရင်ဝှက် ရှိုက်သံ အချို့  နဲ့ 
ဘီလူးချော့တေး တစ်ပုဒ် အသက်နဲ့ ထုပ်ပြီး ရေးခဲ့တယ်၊၊ ၊၊

ကျွန်တော်ဟာ သူမအတွက်
တားမြစ်နယ်မြေမှ ရူးနေတဲ့ ကဗျာဆရာတစ်ယောက်ဆိုတာ
ခင်ဗျား တို့ ယုံနိုင်ကြပြီလား ၊၊ ၊၊

commentinfo By: အသဲကွဲမိုး at Sep 23, 2011
Comment #3

အဲဒီနောက်တော့
ငါဟာ ငါ့ နာမ်စား ကလောင် လေးကိုပိုက်
ရင်ဝှက် ရှိုက်သံ အချို့  နဲ့ 
ဘီလူးချော့တေး တစ်ပုဒ် အသက်နဲ့ ထုပ်ပြီး ရေးခဲ့တယ်၊၊ ၊၊

ကျွန်တော်ဟာ သူမအတွက်
တားမြစ်နယ်မြေမှ ရူးနေတဲ့ ကဗျာဆရာတစ်ယောက်ဆိုတာ
ခင်ဗျား တို့ ယုံနိုင်ကြပြီလား ၊၊ ၊၊

ကြိုက်ပါတယ်……..
အားပေးသွားပါတယ်……

commentinfo By: yaewintaung at Sep 23, 2011
Comment #4

အဲဒီနောက်တော့
ငါဟာ ငါ့ နာမ်စား ကလောင် လေးကိုပိုက်
ရင်ဝှက် ရှိုက်သံ အချို့  နဲ့ 
ဘီလူးချော့တေး တစ်ပုဒ် အသက်နဲ့ ထုပ်ပြီး ရေးခဲ့တယ်၊၊ ၊၊
ကဗျာက ရှည်သလောက် ဖတ်ရတာ ကောင်းတယ် ဗျာ

Comment #5

အားပေးသွားတဲ့ ကဗျာချစ်သူ ညီအစ်ကို မောင်နှမ အားလုံးကို ကျေးဇူးတင်ပါတယ် ဗျာ 🙂

commentinfo By: လမင်းဇော် at Sep 23, 2011
Comment #6

ကိုယ့်မျက်ရည် ကိုယ်မနိုင်ခြင်းမျိုးထက်
ရိုင်းတဲ့ ရာဇ၀င် မရှိဘူး . . .
ကိုယ့် သမိုင်း ကိုယ် ရေး ရ တာ ခြင်း တူတူ
ငါ့ အသက်ရှုသံ က နင့်ထံ မှ ဖြစ်တည်တယ်
သတိရနေတာခြင်း တူတူ
ငါ ဟာ နင်လှည့်ခံစားရတဲ့ နေရာ မှ သတိရခံရပြီး
ငါဟာ . . . လောက နိယာမ တရား သင်ပြပေးခဲ့သူအဖြစ်
နင့် ကို သတိ ရ တယ်
ဘာပဲဖြစ်ဖြစ်
အမြင့်ဆုံးကို ပျံ မဲ့ နင့်အတွက် ငါ တောင်ပံ
တစ်စင်းလောက် ဖြစ်ပေးချင်ခဲ့တာ ၊၊ ၊၊

ကြိုက်တယ်….တစ်ပုဒ်လုံးကောင်းတယ်…ဗျ။လုပ်ထား……အားပေးနေတယ်….. 🙂

commentinfo By: terry at Sep 23, 2011
Comment #7

🙂

commentinfo By: pannei at Sep 23, 2011
Comment #8

ချုပ်ရိုးတွေ ခဏခဏ ဖြည်
ချုပ်ကြိုးတွေ ခဏခဏ ချည် နဲ့ 
ငါ့ နှလုံးသားကို ကြည့် . . .ချိ . .လို့ 
လက်တွဲလိုက် ဖြုတ်လိုက် နဲ့ 
အသက်ရှုခိုင်းလိုက် သတ်လိုက်နဲ့ 
ဟာသ ပြောပြလိုက် ငိုခိုင်းလိုက်နဲ့ 
နောက်ဆုံး . . ငါ ဟာ နင့်အတွက်
လိုရမယ်ရသုံး မီးအိမ်တစ်လုံးဖြစ်ခဲ့တယ် ၊၊ ၊၊
ဟုတ်ပါတယ်။..တကယ်ပဲ..အဲဒီကဗျာပုဒ်လေးလိုပဲ..တကယ်ဖြစ်ခဲ့ပါတယ်။

commentinfo By: poem.poem28 at Sep 24, 2011
Comment #9

comment တွေ က ကျွန်တော့်အတွက် အားဆေး တွေပါပဲ . . . ခုလိုအားပေးသွားတဲ့ ကဗျာ ချစ်သူ မောင်နှမ အားလုံးကို အထူးကျေးဇူးတင်ပါတယ် ၊၊

commentinfo By: လမင်းဇော် at Sep 24, 2011
Comment #10

ညီငယ် ငါ့ကို ဆက်သွယ်ပေး ညီငယ် အကောင့် ကို မေးနေလို့ ဘယ်သူလဲမသိလို့ :P

commentinfo By: ရန်ရှင်း at Oct 11, 2011
Comment #11

ချုပ်ရိုးတွေ ခဏခဏ ဖြည်
ချုပ်ကြိုးတွေ ခဏခဏ ချည် နဲ့ 
ငါ့ နှလုံးသားကို ကြည့် . . .ချိ . .လို့ 
လက်တွဲလိုက် ဖြုတ်လိုက် နဲ့ 
အသက်ရှုခိုင်းလိုက် သတ်လိုက်နဲ့ 
ဟာသ ပြောပြလိုက် ငိုခိုင်းလိုက်နဲ့ 
နောက်ဆုံး . . ငါ ဟာ နင့်အတွက်
လိုရမယ်ရသုံး မီးအိမ်တစ်လုံးဖြစ်ခဲ့တယ် ၊၊

ဓါး သွေးလိုက် ရေ တိုက် လိုက် . နဲ့ ……

ကဗျာဆရာရေ…. တကယ့် ခံစားချက်ဟုတ်မဟုတ်တော့ မသိ
ကလောင်စွမ်းကထက်လွန်းလို့ 
အဲဒီတယောက်ကို ပြေးပြေးပီး ဖနောင့် နဲ့ သာ ပေါက်လိုက်ချင်တယ်

commentinfo By: Nothing Special at Jan 13, 2012
Comment #12

ငါဆွဲတဲ့ ပန်းချီကားက အနုစိတ် ကျလွန်းပါတယ်
တစ်ခုပဲ
ငါဟာ ဘယ်ပန်းချီကားကို မှ ဘောင်မခတ်တတ်ဘူး
စည်းမျဉ်း စည်းကမ်း မရှိလို့ ဘောင်ကျော် ခြင်းလား
နင့် အတိတ်ခြေရာတွေ က
သစ္စာ တောင်ခြေ မှ နင့်နောက် တစ်ကောက်ကောက်လိုက်နေတယ်

အရမ်းကြိုက်တယ်
တစ်ပုဒ်လုံးကောင်းတယ်
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Jan 13, 2012
Comment #13

so much good.
so much perfect.
so much like.
good luck very soon.

commentinfo By: ei lay at Jan 13, 2012
Comment #14

ပွဲ သိမ်း ဓါးချက် က နောက်ကျော တည့်တည့်ပဲ
ဒီ နေ ရာ မှာ နင် နဲ့ ငါ အကြည့်ချင်း ဆုံ ခဲ့ တယ်
ငါ့ မျက်လုံး ထဲ မှ တစ် ဆင့်
တစ် ဆင့် . . .
တစ် ဆင့် . . .
တစ် ဆင့် .. . . . . နဲ့ 
မျက်ရည်ရဲ့ မြစ်ဖျား ခံ ရာ က
အဆုံးရှုံး ခံ နှလုံးသား ရဲ့  ဥပက္ခာ ပြုခံလိုက်ရခြင်းမှ စတယ်
ငါ ချစ် ခဲ့ တယ်
ငါ ချစ် နေ တယ်

commentinfo By: whiterose11 at Jan 13, 2012
Comment #15

really really nice

commentinfo By: ei lay at Feb 9, 2012
Comment #16

ကျွန်တော်ဟာ သူမအတွက်
တားမြစ်နယ်မြေမှ ရူးနေတဲ့ ကဗျာဆရာတစ်ယောက်ဆိုတာ
ခင်ဗျား တို့ ယုံနိုင်ကြပြီလား

commentinfo By: နတ်သမီး at Mar 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment