Professional Authors

ဘီလူးမရဲ့ဆောင်း (မင်းခိုက်စိုးစန်)

ပန်းကြွေရင် မြေပေါ်ကျပေမယ့်
ကြယ်ကြွေတဲ့အခါ
ဘယ်သူ့ရင်ခွင်ပေါ်ကျသလဲ …။

ငါကတော့
ဘီလူးမရဲ့ ရင်ခွင်မှာမှ
ဆောင်းခိုခဲ့မိသူပါ …။

မနေ့ကတင် အကောင်းကြီးရှိသေးတယ်
ငါ ဘာကြောင့် အရောင်ကန်းသွားရတာလဲ ?

ဘီလူးမရေ …
အိမ်မက်ဆိုတာ
ကိုယ့်စိတ်ကူးတွေက ကိုယ့်ကို ပြန်ပြောပြတဲ့ ပုံပြင်ပေါ့

မင်းရဲ့လက်သည်းခွံတွေကို အရောင်ခြယ်ဖို့အတွက်
ငါဟာ ဆိုးဆေးတစ်ပုလင်း ဖြစ်ခဲ့ပါသလား။

ငါ့ကို (လက်သည်းဆိုးဆေးလို)
ဆိုးလွယ် ဖျက်လွယ် သဘောမထားပါနဲ့၊
ငါ့အိပ်မက်တွေက
မင်းကို ကျိန်ဆဲကြလိမ့်မယ်။

မင်းခိုက်စိုးစန်

Comment #1

ကောင်းလိုက်တာနော်

commentinfo By: white star at May 14, 2010
Comment #2

ကြက်သီးပါထတယ်

commentinfo By: အောင်အောင် at May 14, 2010
Comment #3

ကြိုက်ပါတယ်!

commentinfo By: ju ju at Jun 2, 2010
Comment #4

တော်လိုက်တာ…………

commentinfo By: May Kha at Feb 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment