Professional Authors

နင်ထား..ခဲ့..ရက်မှတော့………….

အတိတ်တွေထဲက
……အရိပ်..(နင်)..ဖယ်ခွာခဲ့တဲ့..နောက်
ဒီနေ့တွေဟာ…အသက်မဲ့
မနက်ဖြန်တိုင်း…….
…………………ဗလာနတ္တိ။

ရယ်သံမထွက်နိုင်ခဲ့တဲ့
ငါ့..
….ငိုချင်းချတေးသွားတို့အတွက်
ဘေး…မဖြစ်စေရအောင်
နင့်.
အကြားအာရုံတို့..ထာဝရ…..
ကန်းနိုင်စေ။

သူ့လက်ကို…ဆွဲ
ငါ့မျှော်လင့်ချက်..တို့..ချေဖျက်
ငါ့အနာဂတ်ကို..နင်း….ဖြတ်
လျှောက်ရက်ခဲ့သူ….
“နင်”မို့လို့လည်း…..
ငါ….ကျေနပ်ခဲ့ဖူးတယ်။

သူစိမ်းတို့ရဲ့….
…ကဲ့ရဲ့..၀မ်းသာ….
ဟန်ဆောင်ပြုံးတွေ..နောက်
ရက်စက်သူ..နင့်ကြောင့်
ငါ…အနေခက်..ခဲ့…..
….ကြာတော့လည်း….
တဖြည်းဖြည်း..နေသားကျ….
ငါ…အသက်ရှု….မရပ်သေးဘူး။

နင်က
သူ့လက်ကို..တွဲ
အောင် ပွဲ ထွင်…လမ်းသစ်…တွေဖောက်
ငါက
ငါ့လက်ကို..ခွဲ
အက်ကြောင်း…နက်နက်တွေနဲ့
သေ ပွဲ…ဆင်….နေခဲ့တယ်။

မနက်….မနက်တိုင်း
                          နင့် နေတဲ့..ငါ့ရင်ဘတ်
ည……ညတွေတိုင်း
                          စို…..နေတဲ့..ငါ့မျက်ဝန်း
မိနစ်တိုင်း….စက္ကန့်တိုင်း
အသက်ရှုတိုင်း….      
                       နာကျင်နေခဲ့..ပေမယ့်

စဉ်းစားတိုင်း..အတွေးဝင်
ဓားသွားထက်က…ဒဏ်ရာနက်များ
တကယ်တော့
ငါ..
အရှုံးပေးဒူးထောက်ခဲ့ရသူ
ငါ့ကို..
အနိုင်နဲ့ပိုင်း…စိမ်းရက်ခဲ့သူ…
(သူက.)…
ငါ..သိပ်ချစ်တဲ့
…………….”နင်”………
ဒီလူ..ကို
ဒီဒဏ်ရာတွေနဲ့…
…လှည့်မကြည့်စတမ်း..ကျောခိုင်း…ထွက်ခွာ
နင်…..
ထား..ခဲ့ရက်မှတော့
        ငါ
နေ…ခဲ့..ရဲ….တယ်။        ။ (အောင်မြင်ပါစေ..ချစ်သူ)

In: ကဗျာ Posted By: Date: Sep 6, 2011
Comment #1

အားပေးသွားတယ်………….

commentinfo By: sitayenyein at Sep 6, 2011
Comment #2

သူ့လက်ကို…ဆွဲ
ငါ့မျှော်လင့်ချက်..တို့..ချေဖျက်
ငါ့အနာဂတ်ကို..နင်း….ဖြတ်
လျှောက်ရက်ခဲ့သူ….
“နင်”မို့လို့လည်း…..
ငါ….ကျေနပ်ခဲ့ဖူးတယ်။
ကောင်းလိုက်တာဗျာ…..အားပေးသွားတယ်။

commentinfo By: poem.poem28 at Sep 6, 2011
Comment #3

ကောင်းလှချည်လား…………………။အင်း….နေခဲ့ရဲတယ် ဆိုတော့ တော်တော်လေး ကြိတ်ခံစားရတော့မယ်နော်။

Comment #4

နင်…..
ထား..ခဲ့ရက်မှတော့
ငါ
နေ…ခဲ့..ရဲ….တယ်။ ။ (အောင်မြင်ပါစေ..ချစ်သူ)………….
…………….မိုးရေ….အားပေးသွားတယ်ဗျာ….ကောင်းနိုင်လွန်းတယ်….။

commentinfo By: ကေသရီ at Sep 6, 2011
Comment #5

အတိတ်တွေထဲက
……အရိပ်..(နင်)..ဖယ်ခွာခဲ့တဲ့..နောက်
ဒီနေ့တွေဟာ…အသက်မဲ့
မနက်ဖြန်တိုင်း…….
…………………ဗလာနတ္တိ။

commentinfo By: May Kha at Sep 6, 2011
Comment #6

အားပေးသွားတယ်…..မကြီးမိုးရေ……
ကောင်းတယ်..ဗျ..ကဗျာလေးက

commentinfo By: terry at Sep 6, 2011
Comment #7

ကောင်းတယ် ဗျာ
ဒါပေမဲ့  အရင်ကဗျာတွေလောက်တော့ မကြိုက်ဘူး
အားပေးသွားပါတယ်

Comment #8

အားပေးသွားပါတယ် မမ…။

Comment #9

နင်က
သူ့လက်ကို..တွဲ
အောင် ပွဲ ထွင်…လမ်းသစ်…တွေဖောက်
ငါက
ငါ့လက်ကို..ခွဲ
အက်ကြောင်း…နက်နက်တွေနဲ့
သေ ပွဲ…ဆင်….နေခဲ့တယ်။

မကြီးမိုး ကဗျာတွေမဖတ်ရတော့ဘူးတောင်ထင်နေတာ
:D…. စာမေးပွဲပြီးမှတွေ့မယ်ဗျာ…
သတိရနေပါတယ်
ပျော်ရွှင်ပါစေနော်……

commentinfo By: လွမ်းနောင် at Sep 6, 2011
Comment #10

မမမိုးတို့ကတော့လုပ်ချလိုက်ပြန်ပြီလို့ .. ဟိဟိ

commentinfo By: chityellusoelay at Sep 6, 2011
Comment #11

ကျေးဇူးတင်ပါသည်…ကျေးဇူးတင်ပါသည်…
ကျေးဇူးတင်ပါသည်…….အားပေးကြတဲ့မောင်နှမများ…
ကျန်းမာကြစေ..ချမ်းသာ..ကြစေ…ကျေးဇူးတင်ပါသည်……ဒန်..ဒန့်..ဒန်
(အဟီး…..ခရစ်စမတ်..သံစဉ်နှင့်ဖတ်ရန်)

commentinfo By: အသဲကွဲမိုး at Sep 7, 2011
Comment #12

ဒီကဗျာဖတ်နေချိန်မှာ အသက်တောင်ရူနေမိသလားးး
ကိုယ့် ကိုကိုယ် တောင်မေ .သွားတယ်

commentinfo By: sharon myorr myor at Sep 7, 2011
Comment #13

….sharon myorr myorr ရေ..ကျေးဇူးတင်ပါတယ်…ဗျာ

commentinfo By: အသဲကွဲမိုး at Sep 7, 2011
Comment #14

ကဗျာတစ်ပိုဒ်ချင်းစီတော့ ဆွဲထုတ်မပြောတော့ဘူးဗျာ ကဗျာတစ်ပုဒ်လုံး နာကျင်မှုသံစဉ်တွေရိုက်ခတ်နေတယ် ဖတ်လို့ကောင်းတယ်လို့တော့မပြောတော့ဘူး ဖတ်ရတာအနှစ်သာရရှိတယ်လို့ဘဲ ပြောပါမယ် နာကျင်မှုစကားလုံးလှလှလေးတွေနဲ့သီကျူးထားတဲ့ကဗျာတစ်ပုဒ်ဘဲ အားပေးသွားတယ်ဗျာ ။

commentinfo By: X - ray at Sep 7, 2011
Comment #15

အားပေးသွားပါတယ်ဗျ…..
တော်လိုက်တာဗျာ။

commentinfo By: moehtetaung187 at Sep 8, 2011
Comment #16

သူ့လက်ကို…ဆွဲ
ငါ့မျှော်လင့်ချက်..တို့..ချေဖျက်
ငါ့အနာဂတ်ကို..နင်း….ဖြတ်
လျှောက်ရက်ခဲ့သူ….
“နင်”မို့လို့လည်း…..
ငါ….ကျေနပ်ခဲ့ဖူးတယ်

ကောင်းလိုက်တဲ့စားသား
ဒီစာဖတ်ပြီး
အနော်ကောင်မလေးကိုသိရတယ်

commentinfo By: virus at Sep 16, 2011
Comment #17

အားပေးသွားတဲ့…မောင်နှမများအားလုံးကျေးဇူးတင်ပါတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Sep 16, 2011
Comment #18

နင်…..
ထား..ခဲ့ရက်မှတော့
ငါ
နေ…ခဲ့..ရဲ….တယ်။

တအားကောင်းတယ်ဗျာ…ငါ့အစ်မ……အားပေးသွားတယ်

commentinfo By: သားသား at Sep 26, 2011
Comment #19

ငါ့..
….ငိုချင်းချတေးသွားတို့အတွက်
ဘေး…မဖြစ်စေရအောင်
နင့်.
အကြားအာရုံတို့..ထာဝရ…..
ကန်းနိုင်စေ။

commentinfo By: ဗုဒ္ဓဟူး at Sep 27, 2011
Comment #20

အရမ်းကောင်းတယ်……fri….

commentinfo By: နောင်စစ်သည် at Oct 4, 2011
Comment #21

ဒီကဗျာကတော့ အသဲကွဲမိုးရဲ့ ကဗျာတွေ လိုက်ဖတ်ရင်း နောက်ဆုံး ဖတ်မိတဲ့ ကဗျာလို့ ပြောရမှာပဲ။ ကျွန်တော် ဖတ်မိတာ သိပ်မများပါဘူး ၇ ပုဒ်လောက်ပေါ့။ တိုက်ဆိုင်မှု တခုပဲ ပြောရမလား မသိဘူး။ ကျွန်တော့်လိုပဲ ဆိုတာ တွေ့လိုက်ရတယ်။ ကျွန်တော့်လိုပဲ ဆိုတာက ကဗျာတိုင်းက ရေးဟန်ထဲက မထွက်သေးတာကို ပြောတာပါ။ ကိုယ်ရေးနေကျ ပုံစံထဲမှာပဲ ရှိနေတယ်။ ကျွန်တော်ကတော့ ပြင်ကြည့်နေတယ်။ ကဗျာတွေ ကောင်းပါတယ်။ ပုံစံ ပြောင်းရေးကြည့်ပါလားလို့ တိုက်တွန်းချင်တယ်။ ဆရာလုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်လည်း ကြိုးစားပြင်နေဆဲမို့ အကြံပေးတာပါ။
ချီရွန် ( ပုလဲ )

commentinfo By: ChIr0N at Oct 12, 2011
Comment #22

ကောင်းလိုက်တာ ……..
နာကျင်မှုတွေနဲ့သစ္စာရှိနေဆဲ
ထားခဲ့မှတော့နေရဲရတော့မှာပေါ့
ဖြူစင်တဲ့ ကိုယ့်အချစ်အတွက်ဂုဏ်ယူလိုက်မယ်

commentinfo By: moe at Oct 25, 2011
Comment #23

hin,,,,
no….
ma ya bu../
htar ke ye htar ke kyi par lar.
hint,,,,.
lone wa ma ya bu.

commentinfo By: ei lay at Oct 25, 2011
Comment #24

nin htar ke yet hma dot ,,,,,,,,,,,,,,,,,
hint,,,,
hint,,,,

commentinfo By: ei lay at Dec 4, 2011
Comment #25

မိုးရေ
ကဗျာတွေကြိုက်ပါတယ်မလား
ကိုယ်ချင်းလည်း စာမိတယ်
ကံကောင်းပါစေနော် ညီမလေး
တန်ဖိုးရှိတဲ့ ငယ်နုစဉ်ကာလတွေကို
ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခွင့် ကြုံပါစေ

commentinfo By: NC at Dec 22, 2011
Comment #26

ကဗျာ က ကောင်းလိုက်တာ ဂျာ အသဲတွေလဲတော်တော် ကွဲမှာ ပဲနော် ဘသတူချင်းမို…..

commentinfo By: ကောင်လေးတော်တော်... at Jan 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment