Professional Authors

PoemsCorner Authors

မေတ္တာသံစဉ်

ရင်ထဲတိုးဝှေ့
နားဆင်စမ်းချင်
ရင်ခုန်သံစဉ်
သဲ့သဲ့ကြားလို့
စက္ကန့်တစ်ချက်
ပြောင်းလဲခုန်တက်
အသဲတုန်ခတ်
ခံစားမိနေ
ကြားရဲ့လား….ချစ်ရသူရေ။
မင်းအတွက်ရွယ်စူး
နှလုံးသားဦးမို့
မုန်းစကားမဆို
ရင်ခွင်နားလှည့်
ကိုယ့်အသက်ထက်
ချစ်လို့နေမယ်
ချစ်ရသူရယ်……။
သံယောဇဉ်ကြိုး
ချည်နှောင်တိုးလို့
ပြတ်လို့မသွားအောင်
ရင်ခွင်ခိုလှည့်
ခေါင်းလေးကပ်လို့
မင်းအပြုံးပန်း
ဆင်မြန်းချင်တယ်
ချစ်ရသူရယ်……..။
နေခြည်ထွေးပိုက်
လန်းဆန်းဖြာခိုက်
စိုပြည်ရနံ့
လှိုင်သင်းကြိုင်ဖက်
နုပါးပြင်ထက်
အနမ်းခဖို့
တွေးမိကြံရွယ်
မနမ်းရက်တယ်
ချစ်ရသူရယ်……။
ရင်ထဲပြန်ထည့်
ငုံထားမတက်
ချစ်ရလွန်းတော့
နှလုံးသွေးရပ်
ဖြစ်ကာသွားစေ
ချစ်လို့နေမယ်
ချစ်ရသူရေ……။
ကိုယ်လိုချင်တာ
အနမ်းမဟုတ်
မင်းရဲ့ရင်ထဲ
အေးမြချမ်းတဲ့
မေတ္တာသံစဉ်
နာဆင်ချင်တယ်
ချစ်ရသူရယ်…..။

In: ကဗျာ Posted By: Date: May 11, 2010
Comment #1

ကြိုက်တယ်ဗျာ…

commentinfo By: phonegyi at Jul 11, 2010
Comment #2

သူလည်းတော်တော်ခံစားရပုံရတယ်
ဘာပဲဖြစ်နေနေ ကဗျာက ကောင်းလွန်းနေတယ်…….
အတော်ကိုတိုက်ဆိုင်တယ်လို့ပြောရမယ့် ……..
ကျေးဇူးပါပဲ …….
ရွှေဘိုက တစ်နေရာ

commentinfo By: ရွှေဘိုသား at Mar 19, 2011
Comment #3

oh,,,oh,,,oh,,,
sound great.

commentinfo By: ei lay at Jul 18, 2011
Comment #4

like so much that read again .
i like both title & poem

commentinfo By: ei lay at Apr 1, 2012
Comment #5

feel again
😛

commentinfo By: ei lay at Sep 18, 2012
Comment #6

😛
So much lovely.

commentinfo By: ei lay at Dec 6, 2012
Comment #7

😉
😉
😉

commentinfo By: ei lay at Dec 12, 2012
Comment #8

so so sweet
so so cute

commentinfo By: ei lay at Feb 21, 2013
Comment #9

Super hyper love

commentinfo By: ei lay at Jan 12, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment