Professional Authors

ဒီနွေ ဒီကဗျာမှာ ရွက်ကျလွင့်ခဲ့ရတဲ့ လမင်း

မလွမ်းတော့ဘူးဆိုကာမှ
နင့်အကြောင်းကို တွေးမိနေတုန်းဘဲ
ဒီနွေ ဒီမုတ်သုန်နဲ့ ဥသြငှက်ရဲ့
လွမ်းချင်းသံက ငါ့အတွက် မသာယာတော့ဘူး..
ရှိတာတွေ အားလုံး နင်ယူသွားခဲ့ပြီးပါပြီ..
ငါ့နှလုံးသားလည်း ဆေးကြောခဲ့ပြီးပါပြီ..
ဒါပေမယ့်..မှင်ရည်စုတ်ထိုးချက်တွေနဲ့ နင့်နာမည်
အခုထိ အမည်းစက်လို ရှိနေတုန်းဘဲလေ.။
မကြင်နာလို့ ထားခဲ့ပေမယ့်
ငါ..ဒီဘုံဆိုင်က အထွက် ထင်းရှုးပင်ကြီးအောက်မှာ
နင်များ ပြန်လာမလားလို့ စောင့်မျှော်နေမိတုန်းပါဘဲ..
ဒီနွေ ဒီကဗျာနဲ့…
နင့်အကြောင်း စုံစမ်းရတာ အသဲနာတယ်..
ဝေးရာထွက်ပြေးတဲ့ နင်…
ကျန်ရစ်ခဲ့တဲ့ ငါ…
လိုက်လေ ဝေးလေနဲ့ ဒီနွေတစ်ရက်
မိုးအကူးမှာ နေဝင်သွားခဲ့ပြီ…။ ။

In: ကဗျာ Posted By: Date: Jul 20, 2011
Comment #1

ကောင်းတယ်ဗျာ ..ကိုဖိုးနမ်းရေ ….ဆက်လုပ်ထားဗျ … 🙂

commentinfo By: chityellusoelay at Jul 20, 2011
Comment #2

လိုက်လေ ဝေးလေနဲ့ ဒီနွေတစ်ရက်
မိုးအကူးမှာ နေဝင်သွားခဲ့ပြီ…။ ။

commentinfo By: May Kha at Jul 20, 2011
Comment #3

ဒီနွေ ဒီမုတ်သုန်နဲ့ ဥသြငှက်ရဲ့
လွမ်းချင်းသံက ငါ့အတွက် မသာယာတော့ဘူး..
ရှိတာတွေ အားလုံး နင်ယူသွားခဲ့ပြီးပါပြီ..
ငါ့နှလုံးသားလည်း ဆေးကြောခဲ့ပြီးပါပြီ..
ဒါပေမယ့်..မှင်ရည်စုတ်ထိုးချက်တွေနဲ့ နင့်နာမည်
အခုထိ အမည်းစက်လို ရှိနေတုန်းဘဲလေ.။အရမ်းကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Jul 20, 2011
Comment #4

အားပေးတဲ့အတွက် အားလုံးကို ကျေးဇူးပါ~ =)

commentinfo By: ဖိုးနမ်း at Jul 20, 2011
Comment #5

အားပေးသွားပါတယ် အစ်ကို

commentinfo By: မိုးသစ်လေပြေ at Jul 20, 2011
Comment #6

mike de.

commentinfo By: ei lay at Jul 20, 2011
Comment #7

thnx ya guys. really! 🙂

commentinfo By: ဖိုးနမ်း at Jul 20, 2011
Comment #8

ရှိတာတွေ အားလုံး နင်ယူသွားခဲ့ပြီးပါပြီ..
ငါ့နှလုံးသားလည်း ဆေးကြောခဲ့ပြီးပါပြီ..
ဒါပေမယ့်..မှင်ရည်စုတ်ထိုးချက်တွေနဲ့ နင့်နာမည်
အခုထိ အမည်းစက်လို ရှိနေတုန်းဘဲလေ.။

ကြိုက်တယ်ဗျာ…

commentinfo By: phonegyi at Jul 21, 2011
Comment #9

အရေးအသားမိုက်တယ်ဗျာ…

commentinfo By: လွမ်းနောင် at Jul 21, 2011
Comment #10

ကျေးဇူးပါဘဲဗျာ အားလုံး…

commentinfo By: ဖိုးနမ်း at Jul 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment