Professional Authors
သေတမ်းစာ(သို့ )သေရာပါမယ့်နာကျည်းခြင်းမှတ်တမ်း (terry)
ဒိုင်းကာပြီးရပ်နေသူတစ်ယောက်ရဲ့ 
“ငါမရှိပဲလည်းဖြစ်မှာပါ” တဲ့။
နှုတ်ဆိတ်စွာနဲ့ ပဲ
အတိတ်တစ်ချက်ကောက်ဖွာလိုက်တယ်…..
တစ်ခုခုကိုမပြတ်သားရင်
ဒါပေမယ့်ဆိုတဲ့စကား
ခဏခဏ ထွက်တယ်…….
နင်နဲ့ငါ့ကြားမှာအဲ့ဒီအရာကိုအချစ်လို့ ခေါ်တာလား……။
နှစ်ပတ်မှာ တစ်ခါတောင်မရှိတဲ့
မတက်မက်လို့ 
မလိုအပ်ဘူးထင်ရင်လည်း
သဘောပဲ………..
သံယောဇဉ်ကိုတော့
ရက်ချိန်းပေးပြီး မသတ်နဲ့ ။
နင်နဲ့ ငါ့ကြားမှာအဲ့ဒီအရာကိုအချစ်လို့ ခေါ်တာလား……။
ငါတို့ နှစ်ယောက်ရဲ့ပတ်သတ်မှု့ 
ဘာလဲမေးတော့ မဖြေဘူး…..
သူငယ်ချင်းလားဆိုတော့
နင်လိုချင်တာအဲ့ ဒီအဖြေမဟုတ်လားလို့ 
မေးသူ…………………….
ချောင်ပိတ်ရိုက်ပြီး
ပြန်ကိုက်တော့နာတတ်ရင်………
နင်နဲ့ ငါ့ကြားမှာအဲ့ဒီအရာကိုအချစ်လို့ ခေါ်တာလား……။
ရေလည်းမခြားဘူး
မြေလည်းမခြားဘူး
ကမ္ဘာလည်းမခြားဘူး
တန်ဖိုးထားတတ်ပုံခြင်းတော့
ခြားတယ်……….။
နားလည်လိုက်ပါတယ်
ငါချစ်ခဲ့တာအကြောင်းပြချက်မရှိသလို
သူမချစ်ခဲ့တာလည်းအကြောင်းပြချက်မရှိဘူးလို့ ……..
နင်နဲ့ ငါ့ကြားမှာအဲ့ဒီအရာကိုအချစ်လို့ ခေါ်တာလား……..။
ဘယ်သူ့ ကိုရွေးချယ်မှာလဲ မေးတော့
ဘယ်သူ့ ကိုမှ
မရွေးဘူးဆိုတဲ့အရိပ်နဲ့ …
ကိုယ့်ကိုကိုယ်
မျှော်လင့်ချက်တွေခါးပေမယ့်
ကိုယ့်ထည့်မယ့်အခေါင်းကို
စိုက်ခဲ့တဲ့အပင်ကပြန်တောင်းရတာတော့
သေလောက်အောင်နာတယ်……….။
နင်နဲ့ ငါ့ကြားမှာအဲ့ဒီအရာကိုအချစ်လို့ ခေါ်တာလား…..။
နောက်ဆုံးနေ့ ………………..
ပျက်စီးတော့မယ့်
အနာဂတ်ကို
လေလှိုင်းကနေဖိတ်ခေါ်တယ်…..
ပေးခဲ့ဘူးသော သတိရခြင်းတချို့ကို
သူမထံသို့ ပြန်ပို့ တယ်….
ဒီလိုနဲ့ ……..
မေမြို့မိုးမှာ….
အငြိုးတွေ…တိုးရွာတယ်…။
ရေသောက်မြစ်ကိုတော့
ဖောက်ထုတ်ပစ်ရမယ်……
နှလုံးသားနဲ့ ရင်းပြီးသိတဲ့
ဒဿနကိုပိုက်ရင်း……
အမှောင်တွေကို
ရငိဘတ်ထဲထိုးထည့်လိုက်တယ်…….။
နောက်ဆုံးလက်ကျန်အသက်ကို
၀၀ကြီးရှုရှိုက်လိုက်တယ်……………
အလျှံအညီးညီးနဲ့ 
ပူလောင်ခြင်းအတိပြီးတဲ့
တမ်းတခြင်းကိုပြာချ
တစ်ကစပြီးတော့…လျှောက်လာခဲ့ မယ်။
ပြန်ပတ်သတ်မယ်ဆိုရင်တော့
သတိ……………………………
နာကျည်းခြင်းအသစ်နဲ့ 
အသက်သွင်းထားတဲ့
ဘ၀စစ်စစ်မှာ……..
အချစ်ဆိုတာ…..
ပြန်……..ပါ………မ……..လာ……..တော့……..ဘူး။
                                                                                        terry(1.7.2011)1:00am
                                                                                                       [email protected]
In: ကဗျာ Posted By: Date: Jul 3, 2011
Comment #1
သဘောပဲ………..
သံယောဇဉ်ကိုတော့
ရက်ချိန်းပေးပြီး မသတ်နဲ့ ။
အားပေးသွားပါတယ်။ကိုတယ်၇ီ
commentinfo By: poem.poem28 at Jul 3, 2011
Comment #2
မျှော်လင့်ချက်တွေခါးပေမယ့်
ကိုယ့်ထည့်မယ့်အခေါင်းကို
စိုက်ခဲ့တဲ့အပင်ကပြန်တောင်းရတာတော့
သေလောက်အောင်နာတယ်……….။
ပြန်ပတ်သတ်မယ်ဆိုရင်တော့
သတိ……………………………
နာကျည်းခြင်းအသစ်နဲ့ 
အသက်သွင်းထားတဲ့
ဘ၀စစ်စစ်မှာ……..
အချစ်ဆိုတာ…..
ပြန်……..ပါ………မ……..လာ……..တော့……..ဘူး။
……..
တကယ်..ကိုကြိုက်နှစ်သက်တယ်ဗျာ
commentinfo By: အသဲကွဲမိုး at Jul 3, 2011
Comment #3
တစ်ပုဒ်လုံးပြောရက်စရာမရှိအောင်ပါပဲလေးစားပါတယ်း)
commentinfo By: မိုးသစ်လေပြေ at Jul 3, 2011
Comment #4
အရမ်းကောင်းတယ်နော်… မောင်လေး
commentinfo By: angel at Jul 4, 2011
Comment #5
အမြဲတမ်းအားပေးတဲ့ …ရဲမင်း..အသဲကွဲမိုး….မိုးသစ်လေပြေ…angle
တို့ ကို….ကျေူးဇူးအရမ်းတင်ပါတယ်…….ဗျာ………။ 🙂
commentinfo By: terry at Jul 4, 2011
Comment #6
အရမ်းကောင်းတယ်ဗျာ….အားပေးပါတယ်
commentinfo By: ခွန်ကြယ်ဖြူ at Jul 5, 2011
Comment #7
ပြန်ပတ်သတ်မယ်ဆိုရင်တော့
သတိ……………………………
နာကျည်းခြင်းအသစ်နဲ့ 
အသက်သွင်းထားတဲ့
ဘ၀စစ်စစ်မှာ……..
အချစ်ဆိုတာ…..
ပြန်……..ပါ………မ……..လာ……..တော့……..ဘူး။
အရမ်းကောင်းပါတယ် ကိုတယ်ရီရေ…။
ဒါပေမယ့် အချစ်ပြန်ပါမလာတာတော့ ကျွန်တော် မယုံချင်တာအမှန်ပဲ….။
အားပေးနေတယ်….။
commentinfo By: အောင်ရဲသူ at Jul 5, 2011
Comment #8
မိုက်တယ်ကွာ…..တကယ်ပြေတာ သားရေ……
commentinfo By: ပွတ်တီ at Oct 10, 2011
Comment #9
နောက်ဆုံးလက်ကျန်အသက်ကို
၀၀ကြီးရှုရှိုက်လိုက်တယ်……………
အလျှံအညီးညီးနဲ့ 
ပူလောင်ခြင်းအတိပြီးတဲ့
ဖီးနစ်ငှက်ရဲ့ မီးလိုပဲ
တမ်းတခြင်းကိုပြာချ
တစ်ကစပြီးတော့…လျှောက်လာခဲ့ မယ်။
ပြန်ပတ်သတ်မယ်ဆိုရင်တော့
သတိ……………………………
နာကျည်းခြင်းအသစ်နဲ့ 
အသက်သွင်းထားတဲ့
ဘ၀စစ်စစ်မှာ……..
အချစ်ဆိုတာ…..
ပြန်……..ပါ………မ……..လာ……..တော့……..ဘူး။ တစ်ပုဒ်လုံးလုံး အရမ်းကိုလှပါတယ်။
ရှေ့ဆက်ပြီးများများရေးနိုင်ပါစေ…
commentinfo By: ခွန်ကြယ်ဖြူ(ဆီဆိုင်) at Oct 10, 2011
Comment #10
ငါကထွက်သွားဖို့ မပြတ်သားသူ……။
နင်ကဆက်သွားဖို့ မပြတ်သားသူ….။
နင်နဲ့ငါ့ကြားမှာအဲ့ဒီအရာကိုအချစ်လို့ ခေါ်တာလား……။
အရမ်းကိုမိုက်တဲ့စာသားတွေပါ……အားကျတယ်တကယ်…။
commentinfo By: စုနိုင် at Dec 7, 2011
Comment #11
အလျှံအညီးညီးနဲ့ 
ပူလောင်ခြင်းအတိပြီးတဲ့
ဖီးနစ်ငှက်ရဲ့ မီးလိုပဲ
တမ်းတခြင်းကိုပြာချ
တစ်ကစပြီးတော့…လျှောက်လာခဲ့ မယ်။
မိုက်တယ်ဗျာ… တကယ်ကောင်းတယ်
commentinfo By: 13th at Jan 4, 2013
Comment #12
အချစ်ဆိုတာ…..
commentinfo By: Sofarawayfromyou at Feb 26, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment