Professional Authors

ကြယ်ကြွေလင်္ကာ

ကြောက်ခမန်းလိလိကြေကွဲတဲ့

အလွဲသံစဉ်ဂီတထဲမှာ

ကျွန်တော်ဟာအဓိကဇာတ်လိုက်

အချစ်အတွက်ရူးမိုက်ခဲ့သူတစ်ဦးပေါ့

 

ဆောင်းရာသီတစ်ခုရဲ့ 

စုန်းတိုက်ခဲ့ရတဲ့နေ့ထဲ

ငါတစ်ကိုယ်တည်း

အချက်ပေးသံမပါဘဲ

အလွမ်းရနံ့တွေထဲမူးလဲခဲ့ရတယ်

 

မီးတောက်တစ်ခုလို

ယိမ်းပြိုဖွဲ့နွဲ့ဟန်နဲ့

ကျွန်တော်ဟာအမှန်တရားကို

ရင်ဆိုင်ဖို့အားမွေးနေရတုန်း……

(ကိုယ့်မေးခွန်းကိုယ်ပြန်ဖြေရတဲ့

 စာမေးပွဲဟာအခက်ခဲဆုံးမှန်း

 ကျွန်တော်မသိခဲ့ရဘူး)

 

လင်းမြချိုအေးတဲ့သူ့အပြုံးကိုမှ

တမ်းတမ်းစွဲဖြစ်နေရတာ

ဘာ့ကြောင့်များလဲကွယ်……

တုန်နေအောင်ချစ်ခဲ့တော့လည်း

ပီပြင်နေအောင်ကိုလွမ်းရဲပါရဲ့ 

 

တာရာစုံပေမယ့်လမင်းမပါတဲ့ညလို

မျှော်လင့်ချက်တစ်ခုကိုခပ်များများ

ပိုင်ဆိုင်ခဲ့တော့…………..

အားလုံးဟာ မှောင် မိုက် ခြင်း အ တိ နဲ့

နှလုံးသားလည်းပြဲရိစုတ်ပြတ်

ဝဲဘက်ရင်အုံတစ်ခုလုံးဟာလည်း

ပက်ကြားအက်နွေရာသီဖြစ်ခဲ့ရပြီပဲလေ….

(အလွမ်းသီအိုရီတွေကိုအဆုံးသတ်ပစ်ချင်ပြီ

 ချစ်ရသူရေကူညီပေးပါတော့)

                                            မိုးသစ်လေပြည်

In: ကဗျာ Posted By: Date: Jun 5, 2011
Comment #1

ကြောက်ခမန်းလိလိကြေကွဲတဲ့

အလွဲသံစဉ်ဂီတထဲမှာ

ကျွန်တော်ဟာအဓိကဇာတ်လိုက်

အချစ်အတွက်ရူးမိုက်ခဲ့သူတစ်ဦးပေါ့

မီးတောက်တစ်ခုလို

ယိမ်းပြိုဖွဲ့နွဲ့ဟန်နဲ့

ကျွန်တော်ဟာအမှန်တရားကို

ရင်ဆိုင်ဖို့အားမွေးနေရတုန်း……

လင်းမြချိုအေးတဲ့သူ့အပြုံးကိုမှ

တမ်းတမ်းစွဲဖြစ်နေရတာ

ဘာ့ကြောင့်များလဲကွယ်……

တုန်နေအောင်ချစ်ခဲ့တော့လည်း

ပီပြင်နေအောင်ကိုလွမ်းရဲပါရဲ့ 

တာရာစုံပေမယ့်လမင်းမပါတဲ့ညလို

မျှော်လင့်ချက်တစ်ခုကိုခပ်များများ

ပိုင်ဆိုင်ခဲ့တော့…………..

Comment #2

စကားလုံးတွေ အရမ်းမိုက်တယ်ဗျာ.. ကြိုက်တယ်..

commentinfo By: Htoo at Jun 5, 2011
Comment #3

ကျေးဇူးပါဗျာ

commentinfo By: မိုးသစ်လေပြေ at Jun 5, 2011
Comment #4

ဆောင်းရာသီတစ်ခုရဲ့ 
စုန်းတိုက်ခဲ့ရတဲ့နေ့ထဲ
ငါတစ်ကိုယ်တည်း
အချက်ပေးသံမပါဘဲ
အလွမ်းရနံ့တွေထဲမူးလဲခဲ့ရတယ်……………..။
(အလွမ်းသီအိုရီတွေကိုအဆုံးသတ်ပစ်ချင်ပြီ
ချစ်ရသူရေကူညီပေးပါတော့)……
အရမ်းကောင်းပါတယ် ကဗျာလေးက စာသားလေးတွေ သစ် တယ်…။

commentinfo By: ကေသရီ at Jun 6, 2011
Comment #5

လင်းမြချိုအေးတဲ့သူ့အပြုံးကိုမှ

တမ်းတမ်းစွဲဖြစ်နေရတာ

ဘာ့ကြောင့်များလဲကွယ်……

တုန်နေအောင်ချစ်ခဲ့တော့လည်း

ပီပြင်နေအောင်ကိုလွမ်းရဲပါရဲ့ 

အားပေးသွားပါတယ်…………။ ။

tm;ay;oGm;ygw,f

Comment #6

ကျေးဇူးပါ မကေသရီနဲ့ ကိုဇော်သက်ဦးတို့ရေး)

commentinfo By: မိုးသစ်လေပြေ at Jun 6, 2011
Comment #7

တပုဒ်လုံးကြိုက်တယ်…အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Jun 7, 2011
Comment #8

ကျေးဇူးပါ ကို အသဲကွဲမိုးရေ

commentinfo By: မိုးသစ်လေပြေ at Jun 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment