Professional Authors

သကျရူပံ ၏ အခြားတစ်ဖက် ( လူမော်ငြိမ်း )

 

စိတ်ကူးတွေကို မသတ်ပါနဲ့ ။
လေတစ်ချက် တိုက်ရုံနဲ့
ပန်းဆိုတာ ကြွေတတ်တယ် ။

နေကြတ် ၊ လကြတ် သလို
အနုပညာ ကြတ်တဲ့ အခါ
နာရီကို သည်းခံတတ်ဖို့ လိုမယ် ။

အတတ် ခွန်အား နဲ့
အကြည်ဓာတ် * ဟာ
လူ နဲ့ ဝန်းကျင် ပေါ်မှာ ရပ်တယ် ။

လွင့်သွားတဲ့ ဝတ်မှုန်တွေ …
အခွင့်အခါ မသင့်ရင်
နောက်တစ်ခါ ထပ် ပွင့်ဖို့ မလွယ် ။

 

အကြည်ဓာတ် * = ထူးအိမ်သင်၏ စကားလုံးတစ်ခု ။

 

လူမော်ငြိမ်း
Sunday , May 29 , 2011

In: ကဗျာ Posted By: Date: May 29, 2011
Comment #1

လွင့်သွားတဲ့ ဝတ်မှုန်တွေ …
အခွင့်အခါ မသင့်ရင်
နောက်တစ်ခါ ထပ် ပွင့်ဖို့ မလွယ် ။
(အရမ်းကောင်းတယ်.. ဆိုလိုရင်းသဘောကျတယ်)

commentinfo By: ငယ်လေး at May 29, 2011
Comment #2

အနုပညာကြတ်ရင် နာရီကိုသည်းခံတတ်ဖို့လိုတယ် ရင်ထဲကိုထိတယ်ဗျာ

commentinfo By: မိုးသစ်လေပြေ at May 29, 2011
Comment #3

အားပေးသွားတယ်
ကိုလူမော်ငြိမ်း၇ဲ့ ကဗျာ တွေ ကို အားလုံး ကြိုက်၏

commentinfo By: မယ်မနော at May 30, 2011
Comment #4

တခါတလေတော့ စိတ်ကူးတွေကို သတ်မိတယ် .. 🙁

commentinfo By: ရွှေငါး at May 30, 2011
Comment #5

ဟုတ်ကဲ့ပါ ခင်ဗျာ …
မ ငယ်လေး ၊ ကို မိုးသစ်လေပြေ
မ မယ်မနော နဲ့ မ ရွှေငါး တို့ရဲ့ အနုပညာတွေကို လည်း
ထပ်တူ ထပ်မျှ အားပေးလျက်ပါ ။

Comment #6

စိတ်ကူးတွေကို မသတ်ပါနဲ့ ။
လေတစ်ချက် တိုက်ရုံနဲ့
ပန်းဆိုတာ ကြွေတတ်တယ် ။

နေကြတ် ၊ လကြတ် သလို
အနုပညာ ကြတ်တဲ့ အခါ
နာရီကို သည်းခံတတ်ဖို့ လိုမယ် ။

အတတ် ခွန်အား နဲ့
အကြည်ဓာတ် * ဟာ
လူ နဲ့ ဝန်းကျင် ပေါ်မှာ ရပ်တယ် ။

လွင့်သွားတဲ့ ဝတ်မှုန်တွေ …
အခွင့်အခါ မသင့်ရင်
နောက်တစ်ခါ ထပ် ပွင့်ဖို့ မလွယ် ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment