Professional Authors

လွှဲဖယ်မိတဲ့ အကြည့်တစ်ခုကြောင့် (၄)

အခန်း(၈)
အိပ်မက်များကိုရေးချယ်ခြင်း

ကိုယ်တိုင်ရေးဇာတ်နဲ့မက်တဲ့အိပ်မက်.. .

ငါ မက်ချင်တဲ့ အိပ်မက် ငါ ရွေးမက်မယ်။
စကားလုံးနှင့်သံစဉ်များစီးဆင်းရာ မြစ်တစ်စင်းကပြောသည်။
သူ အဘယ်အတွက် ဟိုအရပ်ဤအရပ်
ဆက်လက်စီးဆင်းနေသည်ကို
သူသိပါရဲ့လား…။
မတွေးဘူးတဲ့ ဇာတ်သိမ်းခန်းများသို့ မည်သည့်အရာက သူ့အား
စွဲခေါ်ခဲ့ပါသလဲ…။

တိတိကျကျဆိုရသော် ကျုပ် ဤဇာတ်လမ်း၏ ဇာတ်သိမ်းကိုမသိ။ ထို့ကြောင့် စိတ်ကူးယဉ်အရောင်များဖြင့် လေဟာနယ်ထဲ အိပ်မက်များကို အရောင်သွင်းခဲ့သည်။

ကျုပ်ရဲ့ ကြမ်းပြင်နံရံနဲ့ခေါင်မိုးတွေကိုကြည့်စမ်းပါ။
တွေ့လား ကောင်းကင်ပြာအတောင်ပံတွေနဲ့ အသင် မြေမှာနင်းစဉ်က…
လင်းလက်တဲ့ အကြည့်စူးစူး နံရံတွေကိုရော အသင် တွေ့လား။
မော့ကြည့်လိုက်စမ်းပါ။
ကြယ်စင်ဟာအလင်းသွန်ချခိုက်
ယစ်မူးဖွယ်ရာ အလင်းနုအေးရဲ့ ဖြန်းပက်မှုခံရသူလို
အေးမြလင်းလက်ခဲ့တဲ့ အသင့်ရဲ့မေတ္တာတွေ
အသင်…မြင်လား။

ကျုပ်သည် ချစ်ခြင်းမေတ္တာ၏ရလဒ်အဖြစ် ဤလူ့ဘုံဘဝသို့ ရောက်ခဲ့သည်မှန်က ကျုပ် ရေးသည့် အိပ်မက် သူ မက်ပါစေသား။
…………

In: ဝတ္ထု Posted By: Date: Apr 23, 2010
Comment #1

great
100% agree

commentinfo By: ei lay at May 17, 2012
Comment #2

😛
really nice

commentinfo By: ei lay at Sep 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment