Professional Authors

PoemsCorner Authors

တစ်ခါကသူငယ်ချင်း

     နွေရာသီတွေကုန်ဆုံးလို့  မိုးဦးလေးအစပျိုးနေချိန်မှာ နေမင်းကြီးဟာလည်း အပူဖျော့ဖျော့နဲ့  ကမ္ဘာကြီးကိုအလင်းရောင်ပေးနေ
ရဲ့။
ငါလည်းငါ့ရဲ့ ပုံမှန်အတိုင်းပဲကျောင်းစာသင်ခန်းထဲမှာဆရာဝင်လာဖို့ ကိုထိုင်စောင့်ရင်းသီချင်းလေးတစ်ပုဒ်ကိုညည်းနေမိတယ်။ ငါတို့ဆယ်တန်းဆောင်ဆိုတာကလူတစ်ယောက်
တက်လာရင်လမ်းလျှောက်လာတဲ့ခြေသံကို ကြားရလောက်အောင်တိတ်ဆိတ်တတ်တယ်လေ။ ကော်ရစ်တာကြီးကရှည်လျား
ပေမယ့်နံရံတွေကြောင့် ပဲ့တင်သံကိုအကျယ်ကြီးကြားနေရတာ။
     အဲဒီအချိန်ငါ့နားထဲမှာလမ်းလျှောက်လာတဲ့ခြေသံတွေကြားတော့ ငါလှည့်ကြည့်လိုက်မိတယ်။ ကျောင်းသူသစ်တစ်ယောက်ကိုဆရာမကသူ့ နားနေဆောင်
ကိုခေါ်သွားတာမြင်လိုက်တယ်။ကျောင်းသူသစ်ဘယ်သူလဲဆိုတာ မြင်လိုက်တော့ငါအံသြသွားတယ်။နင်ငါတို့
ကျောင်းကိုပြန်ပြောင်းလာပြီလား။နင့်ကိုငါ တန်းပြီးမှတ်မိလိုက်ပါတယ်။ဒါပေမယ့် မသိချင်ယောင်ပဲဆောင်ပြီး အရှေ့ကိုပြန်လှည့်နေလိုက်တယ်။
ဘာလို့ ရယ်တော့မသိပေမယ့် နင့်ကိုတွေ့ တော့ ငါ့ရင်ထဲမှာနွေးသွားတယ်။နင်သာငါ့နဲ့တစ်ခန်းထဲအတူတူကျရင် ငါဘယ်လို
လုပ်ရမလဲဆိုတာပဲ ငါစဉ်းစားနေမိတယ်။
     နင်ငါတို့ အခန်းမှာနေရမှာမဟုတ်ဘူးတဲ့။သတင်းကလဲမြန်လိုက်တာနော်။ဟုတ်ပါတယ်ဟာ…..နင်နဲ့ ဆရာမနဲ့ ပြန်လျှောက်မလာ
မချင်းငါကော်ရစ်တာကိုပဲ ကြည့်နေတာကိုး။ဆရာမကနင့်ကို ငါတို့ နောက်ကကပ်လျက် အခန်းကိုပို့ ပေးတာငါမြင်လိုက်တယ်။
ငါပျော်သွားသလိုပဲ၊ဘာလို့ လဲတော့မမေးပါနဲ့  သူငယ်ချင်းဟောင်းကိုပြန်တွေ့ ရလိုက်ရလို့ ပါ။မုန့်စားကျောင်းဆင်းတော့နင်နေရတဲ့
အခန်းထဲက နင့်ကိုသိတဲ့ငါ့သူငယ်ချင်းတစ်ယောက်က နင်သူ့ အခန်းထဲကို ဒီမနက်ပဲပြောင်းလာတယ်တဲ့။သူငယ်ချင်းရယ် မင်းသိတာ
ထက်စောပြီးငါသိပြီးပါပြီကွာ။ငါထိုင်ရတာကအဝင်အထွက်ပေါက်ဘေးမှာကိုး။လာသမျှလူအကုန်ကို ငါမြင်တာပေါ့။ဒါပေမယ့် ငါသူ့ ကို
ပြုံးပြီးပဲခေါင်းညိတ် အသိအမှတ်ပြုလိုက်တယ်။
     ကျောင်းဆင်းရင် မုန့်ဈေးတန်းမှာနင့်ကိုတွေ့ ပေမယ့် ငါနှုတ်မဆက်မိဘူး။ နင့်မျက်လုံးတွေက ငါ့ကိုမှ မှတ်မိရဲ့ လား ဆိုတဲ့အတွေး
နဲ့ ပါ။ကြီးကျယ်တာမဟုတ်ပါဘူး ငါ့မှာနင့်ကိုနှုတ်ဆက်ဖို့ သတ္တိမရှိလို့ ပါ။ ငါတကယ်ထင်မထားလိုက်မိဘူး ၊ နင်ငါ့နာမည်ကိုမှတ်မိလိမ့်
မယ်လို့ ပေါ့။ ဆယ်တန်းဆောင်ရဲ့  လှေကားအကွေ့ လေးမှာ ရှောင်လို့ မရအောင် တွေ့ ကြတော့ နင်ငါ့နာမည်ကိုခေါ်လိုက်တယ်လေ။
“………” တဲ့ ငါအံသြလိုက်တာ နင်ငါ့ကိုမှတ်မိတယ်နော်။ “နင်ငါ့ကိုမမှတ်မိဘူးလား” လို့ နင်မေးလိုက်တော့ ငါဘာပြောရမှန်းမသိဘဲ
“မဟုတ်ပါဘူး” တခွန်းပဲပြန်ပြောမိလိုက်တယ်။အဲဒီနောက်တော့လမ်းသွားရင်းတွေ့ ရင် နင့်ကိုပြုံးပြဖို့  ငါအားရှိသွားပါပြီ။
        *……………………………..*………………………………….*…………………………..*……………….*
     ငါ့ကျူရှင်ကကောင်မလေးတစ်ယောက်ကိုငါစာပေးချင်လို့ စာရေးတဲ့စာအိတ်တစ်ထုပ်ကို ငါဝယ်ခဲ့လိုက်တယ်။အပီအပြင်ကိုရေး
တော့တာပေါ့ဟာ။ ကြွေဆင်တွေ ခင်းတာပေါ့။ နောက်တော့ရေးပြီးသား စာနဲ့ အိတ်ကိုကျောင်းဆင်းတော့ ယူဖို့ ငါမေ့သွားတယ်။
နောက်တစ်ရက်ကျတော့ အတန်းပိုင်ကဘာလို့ ရယ်မသိပါဘူး လွယ်အိတ်တွေလိုက်စစ်မယ်တဲ့။ ငါလည်းလုပ်မိလုပ်ရာနဲ့  နင့်ကိုပေး
ိုလိုက်မိတယ်။တကယ်ပါဟာ ငါမှာဘာရည်ရွယ်ချက်မှမရှိပါဘူး။ ဒါပေမယ့်နောက်တစ်ရက် ကျောင်းကိုအစောကြီးလာပြီး နင်ငါ့ကိုစာ
တစ်စောင်လာပေးသွားတော့ ငါစဉ်းစားရကျပ်သွားတယ်။ ဟုတ်တယ် ရင်တွေလဲခုန်နေတယ်။ ဘာလို့ လဲဆိုတော့ နင်ကိုယ်တိုင်ငါ့
အိတ်ကပ်ထဲကို လာထည့်ပေးသွားလို့ လေ။ လူရှင်းတဲ့နေရာကိုသွားပြီးငါဖတ်ကြည့်လိုက်တော့မှ ငါသဘောပေါက်သွားတယ်။ ငါနင့်
ကိုရည်းစားစာ ပေးမိပြီ။ ဒါလဲငါ့အပြစ်ပါ စာထဲမှာနာမည်မှထည့်မရေးမိတာ။
     ငါနင့်ကိုပြောပြဖို့ စဉ်းစားပါသေးတယ်။ဒါပေမယ့်အမှန်အတိုင်းပြောလိုက်ရင် နင်ရှက်ပြီးငါကို စိတ်ဆိုးသွားလိမ့်မယ်။ဖြစ်လာမယ့်
ကိစ္စတွေလဲတစ်ခုမှအကောင်းမရှိဘူးဟာ။ ဒါပေမယ့် ငါကိုယ်တိုင်လဲ အဲဒီအချိန်က ပြောချင်စိတ်မရှိခဲ့ပါဘူး။ ဟုတ်တယ် သူငယ်ချင်း
ရယ် နင်ကချောလာလိုက်တာ။ နင့်ကိုနောက်ဆုံးမြင်ဖူးလိုက်တာက ငါးတန်းမှာလေ။ အခုနင်အပျိုကြီးဖားဖားတောင်ဖြစ်နေပြီ။
အေးလေ ငါကောဘာထူးလို့ လဲ နင်နဲ့ အသက်တူတူပဲဟာ။ “သူငယ်ချင်း ရယ် အဲဒီအချိန်ကမပြောခဲ့မိတာတွေကို ငါတောင်းပန်ပါ
တယ်ဟာ။
       *…………………………*……………….*……………………..*…………………….*……………………
     ငါတို့ မတွေ့ ဖြစ်ခဲ့ကြတာ အခုဆိုရင် ၂ နှစ်တောင်ကျော်သွားပြီနော်။ ဆယ်တန်းတွေဖြေပြီးတဲ့နောက် တက္ကသိုလ်ဝန်းထဲမှာ
ကျောင်းသားကျောင်းသူတွေအနေနဲ့ တစ်ခါထပ်ပြီးဆုံရသေးတယ်နော်။ ကောင်းသောတွေ့ ဆုံ ခြင်းပါပဲ။ ဟိုးတုန်းကိုလို လေသံလေး
နဲ့ ပဲ သူငယ်ချင်းတစ်ယောက်ကိုတွေ့  သလိုနင်နှုတ်ဆက်ခဲ့တယ်။ ငါတော့နင့်လောက်မရိုးသားနိုင်ဘူးဟာ အမှားလုပ်ထားတဲ့လူတစ်
ယောက်လို စကားတွေကအမှားမှားအယွင်းယွင်းနဲ့ ။ နင်တောင် တော်တော်လူကြီးဆန်လာတယ်နော် စကားပြောပုံလေးတွေက
တည်ငြိမ်လာတယ်။အရင်လိုရိုးသားတဲ့ အပြုံးတွေကိုတပ်ဆင်ထားပေမယ့် နင့်မျက်နှာကတော့အရောင်စုံလှပါလားဟာ။
           *…………………….*…………………….*……………………*………………………*………………….
     သူငယ်ချင်းရယ်အမှန်အတိုင်းဝန်ခံ ရရင်လေ နင်နဲ့ မတွေ့ တော့ထဲက နင့်ကိုသတိရဖို့ မေ့နေခဲ့တာကြာပါပြီ။ နင်ဟာငါ့အတွက်
ပျော်စရာအတိတ်တွေ ၊ စိတ်တိုစရာ ခံပြင်းစရာတွေနဲ့  ၊ အမှတ်တရလွမ်းချင်စရာတွေ ရှိခဲ့တဲ့ရည်းစားဦးလေးပါပဲ။ ဒါပေမယ့်ငါဘာ
လို့ သတိမရမိလဲဆိုတာမသိတော့ပါဘူးဟာ။
     ငါလေမနေ့ညက နင့်ကိုအိပ်မက်တယ်။ မတွေ့ တာကြာလို့ လားမသိပါဘူး အိပ်မက်ထဲမှာတောင် နင်ရုပ်နည်းနည်းပြောင်းသွား
တယ်နော်။ အိပ်မက်ထဲမှာ နင်ရယ်ငါရယ် တစ်နေကုန်အောင်လျှောက်လည်ကြတယ်တဲ့။ ငါ့စိတ်ထဲမှာအဲဒါတွေကိုတကယ်လို့ ကိုထင်နေတာပါဟာ။ အိပ်ယာကနိုးတော့မှ အိပ်မက်ပါလားလို့  ငါသိလိုက်ရတာ။အခုငါနင့်ကိုတစ်နေ့ လုံး သတိရနေတယ်ဟာ။
ဘာလို့ လဲ?။ ငါစဉ်းစားလို့ မရနိုင်အောင်ပါပဲ။ တောင်းပန်ပါတယ်ဟာ ဒီတစ်ခါပြန်တွေ့ ကြရင်တော့ ငါခံရခက်အောင် ပြုံးမပြပါနဲ့ 
တော့။

In: ဝတ္ထု Posted By: Date: Sep 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment