Professional Authors

happy birthday ချစ်သူ

ဇူလိုင်လရဲ့မိုးရေစက်တို့အောက်မှာ..ချစ်သူ့မွေးနေ့ကိုရောက်ခဲ့ပြန်ပါပြီ
       “ပျော်ရွှင်စရာမွေးနေ့မင်္ဂလာဖြစ်ပါစေ
အနားမှာမရှိတော့တဲ့ချစ်သူအတွက်..ကျွန်မဆုတောင်းပေးမြဲဖြစ်ပါသည်။ ဒီလိုနေ့ရက်မျိုးမှာ..ချစ်သူကိုပျော်ရွှင်နေစေချင်ပါသည်။ထားခဲ့ရက်သူကို..တမ်းတစိတ်ကြောင့် သက်ပြင်းတစ်ခါရှိုက်မိတိုင်း..စူနစ်နာကျင်ရပေမယ့်..
ကျွန်မချစ်သူကိုတော့..အမှန်တကယ်ပျော်ရွှင်နေစေချင်ပါသည်။
ကျွန်မကတော့
ညှို့မှိုင်းအုံ့ဆိုင်းနေသော..မိုးတိမ်သားများကိုကြည့်ပြီး..လွမ်းသည်
အညှိုးတကြီးရွာနေသော..မိုးရေစက်များကိုကြည့်ပြီးလွမ်းသည်
မိုးရေစက်တို့ခိုတွဲနေသာသစ်ရွက်စိမ်းစိုစိုတို့ကိုကြည့်ပြီးတော့လည်း..လွမ်းနေမိပါသည်
  “သူများချစ်သူတွေက..သေးသေးကွေးကွေးလေးဆိုတော့..rain coat
ထဲကောက်ထည့်သွားလို့ရတယ်..ကျွန်တော့ချစ်သူကိုတော့..rain coat
ထဲထည့်သွားဖို့မလွယ်ဘူး.  ..ထီးကြီးကြီးတော့ဝယ်ထားမှ
ဟု ရွှတ်နောက်နောက်ပြောခဲ့ဖူးသော..ချစ်သူသည်..ယခုနှစ်မိုးရာသီတွင်..သူဝယ်ထားသောထီးကြီးကြီးနှင့်… ဘယ်သူ့ကိုများဆောင်းပေးနေမှာပါလိမ့်
ကျွန်မကတော့..လူတစ်ကိုယ်စာလုံလောက်သောခေါက်ထီးကလေးနှင့်..မိုးရေထဲမှာ..တစ်ယောက်တည်းလမ်းလျှောက်ဆဲဖြစ်ပါသည်

      လေပြင်းတို့သည် ရွာမယောင်ပြသော..မိုးတိမ်သားတို့ကိုလွင့်မျောပျောက်ကွယ်သွားစေနိုင်သော်လည်း.. အတိတ်ကိုတော့မပျောက်ကွယ်စေနိုင်ပါ။

        “အိပ်မက်မှမဟုတ်ခဲ့ဘဲကွယ်”

          ကျွန်မရဲ့လုပ်ငန်းခွင်ထဲကစိတ်ဖိစီးမှုတွေကို..သူကနှစ်သိမ့်ပေးခဲ့သလို သူရဲ့သင်ခန်းစာတွေနဲ့မွန်းကျပ်မှုတွေကို..ကျွန်မကဖေးမကူညီခဲ့ဖူးသည်။

         အိမ်ပြန်ချိန်နောက်ကျတတ်တဲ့.ကျွန်မအတွက်.သူကစိတ်မချတတ်ခဲ့သလို ဆိုင်ကယ်မြန်မြန်မောင်းတတ်တဲ့ သူ့အတွက် ကျွန်မက စိုးရိမ်နေခဲ့ဖူးသည်။

လှပခဲ့သောအတိတ်တွင်..အတူသွားခဲ့သောနေရာများ၊ ပျော်ရွှင်ကြည်နူးခဲ့သောညနေခင်းလေးများ…

        “ကံတရားကရက်စက်လွန်းလှတယ်ကွယ်”

      ချစ်သူကိုအပြင်မတင်ရက်သောအခါ ကံကြမာ ကိုသာအပြစ်တင်မိပါတော့သည်။

        ခွဲခွါခြင်းသည် ကျန်ခဲ့သူကိုရော..ချန်ခဲ့သူကိုပါ..နာကျန်စေနိုင်သည်ဟုဆိုသော်လည်း အခြေအနေမတူသူနှစ်ယောက်အဖို့တော့…ခံစားချက်ခြင်းလည်း..ဘယ်လိုနည်းနဲ့မှမတူညီပါ။

       စိတ်ကူးထဲမှာမှီနွဲ့ခဲ့ဖူးပေမယ့် အပြင်မှာတစ်ခါမှမမှီနွဲ့ခဲ့ဖူးသော.ချစ်သူပခုံးဘေးမှာ.. ကျွန်မမဟုတ်သော အခြားတစ်ယောက်အစားထိုးရောက်ရှိနေနိုင်ပါသည်။

       သူ့အခန်းထဲမှာကပ်ထားသည်ဆိုသော ကျွန်မရဲ့ဓါတ်ပုံများနေရာတွင် အခြားတစ်ယောက်၏ ဓါတ်ပုံများနေရာယူထားနိုင်ပါသည်။

           ဟက်ဟက်ပက်ရယ်မောတတ်သော မိန်းကလေးတစ်ယောက်အစား သိမ်မွေ့စွာပြုံးရယ်တတ်သူလေး တစ်ယောက် အစားထိုးရောက်ရှိနိုင်ပါသည်။

        တစ်ခါတစ်ရံမှာတော့..ချစ်ခဲ့မိပါသည်ဆိုသော မိန်ကလေးတစ်ယာက်ကိုသတိရကောင်း သတိရမိနိုင်ပါသည်။ စလင်းဒီယွန်ရဲ့ To love you more သီချင်းသံကိုကြားမိတဲ့အခါ၊ စတော်ဘယ်ရီဖျော်ရည်သောက်တဲ့အခါ၊ မိုးရေထဲမှာလမ်းလျှောက်ထွက်တဲ့အခါ…

             ဘာပဲဖြစ်ဖြစ်နောက်တစ်ယောက်ရဲ့ရင်ခွင်မှာ ချစ်သူပျော်ရွှင်နေစေချင်ပါသည်။

                 “ကွန်ဂရက်ကျူလေးရှင်း“

တကယ်လို့များ …မိတ်ဆက်ပေးလာခဲ့လျှင်  ချစ်သူ့ဘေးနားက မိန်းကလေးကို အကြည်လင်ဆုံးပြုံးပြနှုတ်ဆက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရပါအုံးမည်။အချိန်နဲနဲတော့ရသေးတယ် မဟုတ်လားကွယ်။

 

                                                                                                                                                                                            နော်ဧရာဝတီ

In: ဝတ္ထု Posted By: Date: Aug 5, 2010
Comment #1

အရမ်းပဲ ကောင်းပါတယ်ရှင် …. နောင်လ်လေးလဲ ….. အဲ့လိုပဲ ချစ်ခဲ့ဖူးတယ် ….

commentinfo By: နောင်လ်လေး at Aug 6, 2010
Comment #2

အရမ်းကောင်းတယ်…။ဒီကွန်မန့်လေးကို တော့ တကယ်ခံစားမိတာနဲ့ဝင်ရေးဖြစ်သွားတယ်…။ချစ်သူဆိုတာ အရာအားလုံးထက်လေးနက်ပါတယ်..။ကျွန်တော့်အတွက်ပေါ့။ တကယ်ချစ်ခဲ့တယ်။တကယ်လဲချစ်ဖြစ်ခဲ့ကြတယ်..။နောက် ဘယ်သူမှထားရစ်ခဲ့ကြတာ မဟုတ်ဘူး။ ရိုးရိုးလေးပဲ
ဝေးခဲ့ကြတာပါ…။

commentinfo By: naynyo23 at Aug 11, 2010
Comment #3

တကယ်ခံစားရတာသိလား မကြာသေးခင်က ကိုယ့်အဖြစ်အပျက်နဲ့လဲအရမ်းတိုက်ဆိုင်သွားတယ်ဆိုတော့လေ
ချစ်သူရဲ့ လက်ထပ်ပွဲကို အပြူံးမပျက်တက်ရင်း ရင်နာနာနဲ့ဆုတောင်းပေးခဲ့ဘူးတယ် သူ့ဘ၀ပျော်ရွှင်ဖို့ကို
ဒီလို ခံစားချက်တွေကိုအလေးပေးရေးထားတာ တို့ကိုမဟုတ်ပေမယ့် အဖြစ်ချင်းတူတဲ့သူရှိတယ်ဆိုတာသိရလို့ ကျေးဇူး

commentinfo By: May Han at Aug 18, 2010
Comment #4

ဒီနေ့ သူ့ မွေးနေ့ …
ေ၇ှ့ နှစ်က ကဗျာလေး ကိုတိုင်ေ၇းပီး
သူ့ေ၇ှ့ေ၇းအတွက် အားပေးခဲ့ တယ်
ဒီနှစ်တော့ မွေးနေ့ ဆုတောင်းလေးတွေ ဖတ်မယ်ဆိုပီး
ဒါလေး ကို ဖတ်လိုက်တာ…
ချစ်သူကို အလေးအနက်ထားပီး ချစ်ကြတဲ့ သူတွေ
တူညီတဲ့ တန်ဖိုးထားမှူတွေ ၇ပါစေနော်

commentinfo By: သော်တာ at Aug 18, 2010
Comment #5

ဖတ်ရှူအားပေးကြတဲ့အတွက်ကျေးဇူးပါ….
အထူးသဖြင့်…မေဟန်ကိုရော…ချစ်သူကို အလေးအနက်ထားပီး ချစ်ကြတဲ့ သူတွေ
တူညီတဲ့ တန်ဖိုးထားမှူတွေ ၇ပါစေလို့ဆုတောင်းပေးတဲ့သော်တာကိုရော..ကျေးဇူးပါနော်

commentinfo By: နော်ဧရာဝတီ at Aug 19, 2010
Comment #6

ကောင်းပါတယ်။အဲ့လိုလေးပြုံးပြီးကြိုဆိုနိုင်ရင်တော့အရမ်းကောင်းတာပေါ့

commentinfo By: purple at Sep 4, 2010
Comment #7

ကြိုးစားနေပါတယ်.. အကြည်လင်ဆုံးပြုံးပြနိုင်အောင်… အရမ်းကြိုက်ပါတယ်… ချစ်သူကို မွေးနေ့ဆုတောင်းပေးချင်တာ… ဒါလေးနဲ့တင်ပဲ.. ပြောချင်တာတွေပြောခွင့်ရလိုက်သလိုပဲ….

commentinfo By: zthu at Oct 16, 2010
Comment #8

သူ့ချစ်သူက သူ့ကို စိတ်ညစ်အောင်လုပ်ရင်တောင် တို့က သူပျော်အောင်လုပ်ပေးခဲ့ရတာပါ။ အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတဲ့နောက် ………………………. 🙂

commentinfo By: raingirl at Oct 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment