Professional Authors

အာကာသ ပုတ္တ၏ ချစ်ကြည်ရေးတမံ ခရီးအပြန် အပိုင်း(၂) ဇာတ်သိမ်း

အာကာသပုတ္တသည် အာကာသ၀တီ၏ ကြီးမားသော မျှော်လင့်ချက်ဖြင့်   မြေကမ္ဘာသို့  ထွက်ခွာခဲ့ပြီဖြစ်၏ ။

သူ့၏ ချစ်ကြည်ရေးခရီး မထွက်မီအချိန်တွင်ပင်  အာကာသ၀တီမှ တာဝန်ရှိသူများက မြေကမ္ဘာပေါ်သို့ သ၀ဏ်လွှာ

ပို့ခဲ့ပြီးဖြစ်ပါသည်။ထိုသ၀ဏ်လွှာကို မြန်နှုန်းမြင့် ဆက်သွယ်ရေးစနစ်ဖြင့်ပို့လိုက်ခြင်းဖြင့်သည် ။ အာကာသ၀တီကို

ကိုယ်စားပြုသည့် မြေကမ္ဘာနှင့်ချစ်ကြည်ရေးကို ဖော်ဆောင်မည့် ချစ်ကြည်ရေးတမန် အာကာသပုတ္တကို စေလွှတ်

လိုက်ပြီဖြစ်ကြောင်း ၊ အာကာသပုတ္တ  ထံတွင် အာကာသ၀တီမှ မြေကမ္ဘာသို့ ပေးပို့လိုက်သော လက်ဆောင်ရတနာ များလည်းပါဝင်ကြောင်း နှင့် အာကာသပုတ္တသည်   တမန်အဖြစ် လာရောက်မည့်ခရီးစဉ်တွင် မြေကမ္ဘာအကျိုးပြု

လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့မည်ဖြစ်ကြောင်း ထို သ၀ဏ်လွှာတွင်အပြည့်အစုံရေးသားထားခဲ့ပါသည် ။

အာကာသပုတ္တ ရောက်ရှိလာချိန်ကို မြေကမ္ဘာမှလည်း လှိုက်လှဲစွာ ကြိုဆိုခဲ့ပါသညိ ။

——————————————

         ချစ်ကြည်ရေးတမန်တော် အာကာသပုတ္တသည် အာကာသ၀တီပညာရှင်များ အထူးတီထွင်ဖန်တီးထားသည့်

အဆင့်မြင့်နည်းပညာအသုံးးပြုထားသည့် ယဉ်ပျံကိုခန့်ညားစွာ မောင်းနှင်း၍ မြေကမ္ဘာသို့ ခရီးနှင်လျက်ရှိပါသည် ။

အရပ် ၅ပေ၁၁လက်မခွဲရှိမြင့်မားသော အရပ် ၊အသားအရေ၀င်းဝင်းဝါ၀ါ  ၊ အချိုးအစားကျနသော ခန္ဓာကိုယ်တည်

ဆောက်ပုံတို့ကြောင့် ချစ်ကြည်ရေးတမန်အာကာသ ပုတ္တသည် အထူးခန့်ညားကာ ယောက်ျားကောင်း၊ယောက်ျားမြတ်

အသွင်ဖြင့် တင့်တယ်နေပါသည် ။ ဒီဇိုင်းပညာရှင်များမှ ဖန်တီးချုပ်လုပ်ထားသော ပတ်ဝန်းကျင် အပူချိန်ကို

လိုအပ်သလို ထိန်းညှိပေးနိုင်သည့် ၀တ်စုံနှင့်     ခေတ်မီဆန်းပြားလှသော အာကာသယာဉ်ကြီးတို့မှာအထူးလိုက်ဖက် တင့်တယ်လှပါသည် ။     အလင်း၏   မြန်နှုန်းနီးပါး မောင်းနှင်နိုင်သည့် အာကာသယာဉ်၏၏   စွမ်းရည်ကြောင့်    သိပ်မကြာခင်အချိန်အတွင်းမှာပင်   အာကာသ၀တီ၏ ချစ်ကြည်ရေးတမန်သည် မြေကမ္ဘာပေါ်သို့

ရောက်ရှိခဲ့ပြီဖြစ်ပါသည် ။

———————————

        မြေကမ္ဘာလုံးဆိုင်ရာ   အာကာသဘူတာတွင်   အာကာသပုတ္တ၏ ယာဉ်ပျံကြီးဆိုက်ရောက်သည့်အခါ

များပြားလှသောမြေကမ္ဘာသားတွေကို ကြိုဆိုခဲ့ကြသည် ။

မြေကမ္ဘာသားများ၏ နှုတ်ဖျားမှလည်း      ချစ်ကြည်ရေးတမန် အာကာသပုတ္တအားလှိုက်လှဲစွာကြိုဆိုကြောင်း 

အဆက်မပြတ်ထွက်ပေါ်ခဲ့သည် ။

           ”  မြေကမ္ဘာလူသားတို့အတွက်  အာကာသ၀တီ၏ အဖိုးတန်  ရတနာများစွာ   

                  ယူဆောင်လာတယ်တဲ့ ”

          ”  ချစ်ကြည်ရေးတမန်အဖြစ်  ဆောင်ရွက်ရင်း မြေကမ္ဘာ ကောင်းကျိုးရှိမဲ့

                  အလုပ်တွေကို လုပ်ပေးမှာ တဲ့ ” 

       စသည်ဖြင့် မျှော်လင့်ကြီးစွာ ထားသော စကားတို့ကို တီးတိုးဆိုကြသည် ။

          ချစ်ကြည်ရေးတမန်   အာကာသပုတ္တသည် သူ့ကိုစောင့်မျှော်နေကြသော   မြေကမ္ဘာလူသားများ ၊

သတင်းထောက်များ အား မြေကမ္ဘာလုံးဆိုင်ရာ အာကာသဘူတာ ရှိ    media center တွင်    သူ့ ချစ်ကြည်ရေး  

ခရီးစဉ်၏  ရည်ရွယ်ချက်သူထံပါသော အာကာသ၀တီ၏ လက်ဆောင်ရတနာများ ၊ ဆောင်ရွက်မည့် မြေကမ္ဘာ

အကျိုးပြုလုပ်ငန်းများကို အကျဉ်းချုပ်ကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ရှင်းလင်းပြောကြားခဲ့သည် ။ 

သတင်းထောက်ကြီးများ၏   စိတ်ဝင်တစားမေးခွန်းများတဖြတ်ဖြတ်ရိုက်နေသော ကင်မရာအလင်းရောင်များဖြင့်  သတင်းစာရှင်းလင်းပွဲသည်  အထူးစည်ကားခဲ့ပါသည် ။

       အာကာသပုတ္တ၏ မြေကမ္ဘာ ချစ်ကြည်ရေး ခရီးအစသည်ကား  လှပလွန်းလှပါတော့သည် ။

——————————————-

          မြေကမ္ဘာတွင် အထူးသံတမန်ကြီး အဖြစ်သတ်မှတ်ခြင်းခံရသော   အာကာသပုတ္တသည်     မြေကမ္ဘာတစ်လွှားကို

ချစ်ကြည်ရေးခရီးစဉ်အဖြစ် လှည့်ပတ်သွားလာလေ့လာခဲ့ပါသည် ။ ဤတွင်  သူ၏ မှတ်ဥာဏ်စနစ်တွင်ထည့်သွင်းထားခဲ့

သောအချက်အလက်များအရ  မြေကမ္ဘာသည်   လွန်စွာပြောင်းလည်း ဆုတ်ယုတ်ခဲ့ပြီဖြစ်ကြောင်း   တွေ့ရှိလာရပါသည်။

ကြည်ပြာသော ကောင်းကင်ဟုတင်စားခဲ့သော မြေကမ္ဘာကြီး၏ ကောင်းကင်ယံသည် ညစ်တစ်တစ်အရောင်ဖြစ်နေသည်။

   အာတိတ် ၊ အန္တာတိတ် ၀င်ရိုးစွန်းများရှိ ကျယ်ပြန့်လှသော ရေခဲပြင်ကြီးများသည်လည်း  ပျောက်ကွယ်ပြီဖြစ်သည် ။

  ကြည်လင်နက်ပြာသော  သမုဒ္ဒရာကြီးများဟု စာဖွဲ့ခဲ့သော ပစိဖိတ် ၊ အိန္ဒိယ တို့၏ ရေပြင်ကျယ်များသည်လည်း ဓာတု

အဆိပ်သင့်ကာ သွေးညစ်အရောင်ဖြစ်ခဲ့ပြီ ။  အယ်လ်ပိုင်း ၊ ဟိမ၀န္တာစသော လှပသော ဆီးနှင်းဖုံးတောင်တို့သည်လည်း

ဆီးနှင်းများမမြင်ရတော့ပဲ ကျောက်သားများပေါ်ကာ ပုံသဏ္ဍန်ပြောင်းခဲ့ပါပြီ ။ ရေစီးရေလာကောင်းမွန်၍  လူသားတို့ကို

အကျိုးများစွာပြုခဲံသည့် သမိုင်းဝင် အမေဇုံ ၊ နိုင်း ၊ ကွန်ဂို ၊ ဂင်္ဂါ ၊ ယန်စီ စသောစသော မြစ်များသည်လည်း ခန်းခြောက်

ကွယ်ပျောက်ခဲ့ချေပြီ ။ အီကွေတာရပ်ဝန်းရှိ မိုးသစ်တော ၊ အရှေ့တောင်အာရှရှိ မုတ်သုန်သစ်တောကြီးတို့သည်လည်း

စိမ်လန်းသော သစ်တောကြီးများဘ၀မှ စုတေကာ   ခြောက်သွေ့သော ဖုန်းဆိုးမြေများဖြစ်ခဲ့ပါပြီ ။

                                                       ——————————————     

ကမ္ဘာမြေ၏ သဘာ၀၀န်းကျင်ပြောင်းလည်းခြင်းထက် ပိုမို ပြောင်းလည်းလာသည်ကတော့  ကမ္ဘာလူသားတို့၏

စိတ်ပိုင်းဆိုင်ရာများပင်ဖြစ်ခဲ့သည် ။ ကမ္ဘာလူသားတို့ ကိုးကွယ်ကာ ဘာသာတရားအဆုံးအမကား ၂၁ရာစုအစောပိုင်းနှစ်

များအထိ ရေးသားပြုစုထားသောစာအုပ်ဟုခေါ်သည့် ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများ၊ ခေတ်မမီတော့ပြီုဖစ်သော

e-book များ၌သာ ထင်ကျန်တော့သည် ။ ညှာတာခြင်း ၊ သနားကြင်နာခြင်း ၊ ကိုယ်ကျိုးစွန့်အနစ်နာခံခြင်း ၊   ကူညီခြင်း

ခွင့်လွှတ်သည်းခံခြင်းဆိုသော စိတ်ကောင်းစိတ်မြတ်များသည် မြေကမ္ဘာသားတို့သုံးသော       ဝေါဟာရစကားလုံး၌ပင်

မရှိတော့ကြောင်း ထူးဆန်းအံ့သြဖွယ်တွေ့မြင်ရသည် ။ လူသားအများစုတွင် လောဘ ၊ဒေါသ ၊မောဟ ၊  ကောက်ကျစ်

ရက်စက် ၊ ကြုမ်းကြုတ်အကြမ်းဖတ် ၊ မနာလို ၀န်တို       စသော နိမ့်ကျသော စိတ်များသာ    လွှမ်းမိုးခြယ်နေသည်ကို

သိရှိလာရပါသည် ။ မြေကမ္ဘာနှင့် ချစ်ကြည်ရင်းနှီးမှုကိုတည်ဆောက်ရန် အာကသ၀တီမှ မြေကမ္ဘာအတွက် လက်ဆောင်

ပေးအပ်ရန်  မြေကမ္ဘာအကျိုးပြုလုပ်ငန်းများဆောင်ရွက်အတွက် လာရောက်ခဲ့သော      အာကာသပုတ္တ၏  တာဝန်သည်

ကြီးမားသည်နှင့်အမျှ ခက်ခဲနက်ရှိင်းလွန်းလှပါသည် ။

                                                      ———————————————

             ချစ်ကြည်ရေးတမန် အာကာသပုတ္တ၏  အာကာသ၀တီမှ မြေကမ္ဘာသို့ ပေးပို့သော လက်ဆောင်ရတနာများနှင့်

ချစ်ကြည်ရေးစကားဝိုင်းကို မြေကမ္ဘာလုံးဆိုင်ရာ ဆုံဆည်းရာခန်းမကြီး၌ ကျင်းပခဲ့ပါသည် ။ ကမ္ဘာမြေမှာ တာဝန်ရှိသူများ

စိတ်ပါဝင်စားသူများ ၊ နယ်ပယ်အသီးသီး အလွှာအသီးသီးကို ကိုယ်စားပြုသူများ ဖြင့်စုံညီစည်ကားသော   အခမ်းအနား

တစ်ခုအဖြစ်အသက်ဝင်ခဲ့ပါသည် ။ အာကာသပုတ္တပေးအပ်မည့် လက်ဆောင်ရတနာနှင့် သူဆောင်ရွက်ပေးမည့် လုပ်ငန်း

သူပြောကြားမည့် စကားတွေကို ကြီးမားစွာ မျှော်လင့်နေကြသည် ။ အခမ်းအနားတင်ဆက်သူက      အာကာသပုတ္တနှင့်

တက်ရောက်သူများကို မိတ်ဆက်ပေးပြီးနောက်တွင် ချိုသာသော ၊ ယဉ်ကျေးသော ၊ သိမ်မွေ့သောအမူအယာ ၊ ရွှင်လန်း

ချိုသာသောမျက်နှာထားဖြင့် အာကာသပုတ္တသည် မြေကမ္ဘာလူသားတို့အား ချစ်ကြည်ရေးစကားကို ဤသို့ ပြောကြားခဲ့

ပါသည် ။

             “   ချစ်ကြည်လေးစားရပါသော မြေကမ္ဘာလူသားတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း

ဂါရ၀တရားဖြင့် ပမာဏစကားပြောကြားလိုက်ပါတယ် ။ ကျွန်တော်ကတော့ ကမ္ဘာမြေလူသားနှင့် ချစ်ကြည်ရင်းနှီးမှုတိုးပွား

စေဖို့ အာကာသ၀တီက သံတမန်အဖြစ် တာဝန်ပေးအပ်ရောက်ရှိလာတဲ့ အာကာသပုတ္တပဲဖြစ်ပါတယ်ခင်ဗျား ။ ကျွန်တော်

ဒီအခမ်းအနားမှာ မြေကမ္ဘာလူသားတို့အတွက် အဖိုးအလွန်ထိုက်တန်တဲ့ လက်ဆောင်မွန်များကိုလည်းပေးအပ်သွားမှာ

ဖြစ်ပါတယ် ။

ဒီလက်ဆောင်ဟာ ကျွန်တော်ကို့ အာကာသ၀တီရဲ့ မြေကမ္ဘာကို ပေးအပ်တဲ့

အကောင်းဆုံး အဖိုးအထိုက်တန်ဆုံးရတနာလက်ဆောင်ပဲဖြစ်ပါတယ် ။ စိတ်ထားအလှရှိမှသာ လောကကိုအလှဆင်နိုင်မှာ

ြုဖစ်ပါတယ် ။ လောဘ ၊ ဒေါသ ၊ မောဟတွေ ကင်းမှသာ ကမ္ဘာမြေကြီးဟာ အရင်တုန်းကလို စိမ်းလန်းစိုပြေလှပလာမှာ

ဖြစ်ပါတယ် ။ သဘာဝတရားကိုမြတ်နိုးတန်ဖိုးထားမှသာ သဘာဝတရားရဲ့ လက်ဆောင်မွန်ကိုပြန်လည်ရရှိလာမှာဖြစ်ပါ

တယ်။ ဒါကြောင့် ကျွန်တော်ပေးတဲ့လက်ဆောင်ကရရှိတဲ့ သုတ ၊ ရသတွေကနေ ကမ္ဘာမြေကြီးကိုစိမ်းလန်းလှပအောင်

လူတွေရဲ့ စိတ်မနောအလှကိုဆောင်ရွက်နိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ် ”

                                                                       ———————————–

                 သည်လို စကားတွေကိုမနားတမ်းပြောပြီးသည့်နောက်တွင် အာကာသပုတ္တသည် ခန်းမကြီးအတွင်းရှိတက်ရောက်

လာကြသူများကို လက်ဆောင်ပစ္စည်းများကို နယ်ပယ်အသီးသီး၊အလွှာအသီးသီးမှ တာဝန်ရှိသူများကိုပေးအပ်ပြီး စင်မြင့်ထက်

မှ ဆင်းကာ   တက်လာရောက်သူများကို  ရင်းနှီးနွေးထွေးစွာလိုက်လံ နှုတ်ဆက်ပါသည် ။   ထိုသို့ နှုတ်ဆက်နေစဉ်တွင်ပင်  မြေကမ္ဘာသား တို့၏ တီးတိုးပြောသံစကားများက ခန်းမနေရာအနှံ့အပြားမှ ထွက်ပေါ်လာခဲ့ပါသည် ။

 

  “ ဟာ ဘယ်လိုလည်း အာကသ၀တီက အဖိုးထိုက်ရတနာပေးမယ်ဆိုပြီး ဟိုးရှေးခေတ်က ခေတ်မမီတော့တဲ့ အယူအဆ

    အတွေးအခေါ်ဟောင်းတွေထည့်ထားတဲ့  ပစ္စည်းတွေကို လာပေးနေတယ် ဘာလုပ်လို့ရမလည်းကွာ ”

 

    ” အင်း အာကာဝတီကလူတွေလုပ်လုပ်မှ တလွဲချည်းပဲ  တို့တွေ မောဟ ၊ လောဘ ၊ ဒေါသ အပူတွေကြောင့် ဒီကမ္ဘာက

      ဒါဏ်ရာတွေရတာတဲ့ ခုလည်း ဒီမကောင်းတဲ့ စိတ်တွေဖျောက်ပစ်တဲ့လာပြောနေပြန်ပြီ ”

 

  “ တို့တွေကိုများ စားစရာ ၊ ၀တ်စရာ ၊ နေစရာ ၊ လောင်စာဆီတွေ အဖိုးတန်ရတနာတွေလာပေးမလား ထင်နေတာ

    သူပေးတဲ့ဟာတွေက တို့ခု ဘာလုပ်လို့ရမလား နားထောင်မှတ်သားတော့လည်း အချိန်ကုန်တာပဲရှိမယ်ကွာ ”

 

   “ ဘာတဲ့ သဘာ၀၀န်းကျင်ကိုထိန်းသိမ်းမှ လှလာမယ်တဲ့လား ။ သဘာဝကပေးတာက တို့အတွက်အသုံးချဖို့ပဲလေ

     နောင်တစ်ချိန်မှာ ကမ္ဘာမြေစိမ်းလန်းလာမယ်တဲ့ ၊ တို့မရှိတဲ့အချိန်မှ လှပနေမယ်ဆိုရင် ဘာထူးသေးလို့လည်းကွာ ”

 

     ” အိုး —– ဒီ အာကာသပုတ္တဆိုတဲ့ ကောင်ကွာ ။ တော်တော်ဆိုးတာပဲ   အတ္တတွေများနေတယ်တဲ့ တို့ကိုများ

        အတ္တဆိုတာ ကိုယ့်အတွက်လေ ကိုယ့်အတွက် မဟုတ်တဲ့ ပရဟိတဆိုတာ အရူးတွေပဲလုပ်တာ ၊ တို့ကတော့

       ကိုယ့်လောလောဆယ်ဆယ် စားဖို့ ၊ သောက်ဖို့ ၊ ချမ်းသာဖို့ပဲကွာ ၊ ကိုယ်အတွက်မဟုတ်ပဲ အများအတွက်

        လုပ်ရမယ်တဲံ သူမှ ကြံကြီးစည်ရာပြောတတ်ပလေတယ် ”

           ဤသို့သော စကားများကို တစ်ယောက်တပေါက် ဆူညံစွာပြောဆိုနေစဉ် အာကာသပုတ္တအတွက်မကြုံဖူးသော

မြေကမ္ဘာအတွက် မဆန်းလှသောအဖြစ်အပျက်တစ်ခုက  ဖြစ်ပွားခဲ့ပါသည် ။ ဆုံဆည်းရာခန်းမကြီးတစ်ခုလုံးလျှပ်စစ်မီး

များ ပျက်သွားခြင်းပင်ဖြစ်ပါသည် ။ အာကာသပုတ္တမှာ   ခန်းမအတွင်း   စကားများကို      အဆက်မပြတ်ပြောဆိုရခြင်း

အဆက်မပြတ်လှုပ်ရှားနေရခြင်းကြောင့် သူ့အတွက် စွမ်းအင်ကုန်သလောက်နီးပါးဖြစ်သွားခဲ့ပါသည် ။    ခန်းမအတွင်း

ရောက်နေ၍  နေ၏ အလင်းစွမ်းအင်ကိုလည်းသူ၏ အရေပြားဆဲလ်များက စွမ်းအင်အဖြစ် လက်ခံစုစည်းနိုင်ခဲ့ခြင်းမရှိ

တော့ချေ။  ထို့ကြောင့် အရေးပေါ် SMS ဖြစ်သော Sky-199 ဖြင့် အာကာသ၀တီသို့      အကြောင်းကြားလိုက်သည် ။

အာကာသ၀တီမှလည်း သူတို့သံတမန် အာကာသပုတ္တအတွက် လိုအပ်သောလျှပ်စစ်စွမ်းအင်ကို Micro Wave   ဖြင့်

ပို့လွှတ်ခဲ့ပါသည်။သို့ရာတွင် ဆုံဆည်းရာခန်းမအတွင်းရှိ မြေကမ္ဘာသားတို့၏ မောဟလှိုင်း၊ဒေါသလှိုင်း၊လောဘလှီုင်း

များကို အာသာဝတီမှပို့လွှတ်လိုက်သော Micro Waveက ထိုးဖောက်ဖြတ်ကျော်နိုင်ခြင်းမရှိ၍ အာကာသပုတ္တအတွက်

လိုအပ်သောစွမ်းအင်ကို မရရှိနိုင်ပဲဖြစ်ခဲ့သည် ။ ဤတွင် အာကာသပုတ္တ၏     လူနှင့်တစ်ထပ်တည်းတူသောပုံမှသည်

စက်ရုပ်ဆန်စွာ လှုပ်ရှားမှုများ ဆပ်တောင့်တောင့်ဖြစ်လာသည် ။ သူက ဦးခေါင်းအရေးပြာသည်လည်း လိုအပ်သော

လျှပ်စစ်ပါဝါမရသဖြင့် ဓာတုတုန့်ပြန်မှုဖြစ်ကာ ဆံပင်၊အသားအရေတို့သည် ကြည်လင်ပါးလွှာကာ သူဦးနှောက်ပုံတူ

ဆီလီကွန်ဂျယ်လီများ အတိုင်းသာ ထင်ရှားစွာပေါ်လာခဲ့သည် ။ ထိုအခါမှ ကမ္ဘာလူသားတို့သည် အာကာသပုတ္တ ကို

ပုံတူစက်ရုပ်လူသားမှန်း သိရှိသွားပြီး 

      “  ဟားဟား အာကာသပုတ္တတဲ့ ဦးနှောက်နေရာမှာ ဆီလီကွန်ဂျယ်တွေနဲ့ စက်ရုပ်ကြီးပါလား ”

          “   အော် သူ့ဦးနှောက်က ဆီလီကွန်တွေနဲ့ပါလား ဟားဟား ”

               “ ဦးနှောက်ထဲမှာ ဆီလီကွန်တွေပဲရှိတဲ့ အာကာသပုတ္တ ကွာ ဟားဟား ”

      စသည်ဖြင့် ကျယ်လောင်စွာ ရယ်မော လှောင်ပြန်ကြတော့သည် ။ အာကာသပုတ္တလည်း ဆုံဆည်းရာခန်းမမှ

အလျင်အမြန်ထွက်လာပြီး   သူ၏ ယာဉ်ပျံဆီသို့ ချက်ခြင်းပြေးကာ အာကာသ၀တီသို့ ပြန်လာခဲ့ပါတော့သည် ။

                                            ————————————–

        မကြာသောအချိန်တွင် ချစ်ကြည်ရေးတမန်စေလွှတ်သော အာကာသပုတ္တ မရွှင်လန်းသောမျက်နှာ ၊ ညှိုးငယ်

သောအမူအရာဖြင့် ပြန်ရောက်လာကြောင်းသိ၍ အာကာသ၀တီသူသားတို့ စုံညီရာခန်းမသို့အရောက်လာကာ သူ၏

ခရီးစဉ်အတွေ့အကြုံတို့ကို မေးမြန်းခဲ့ကြသည် ။ မြေကမ္ဘာကို လှစေချင်သော မြေကမ္ဘာအကြောင်းကိုသိလိုကြသော

အာကာသ၀တီသားတို့မေးသောမေးခွန်းကို အာကာသပုတ္တသည် ၀မ်းနည်းကြေကွဲစွာဖြင့်

                 ” ကျွန်တော် တကယ်ပဲ ၀မ်းနည်းကြေကွဲခဲ့ပါတယ်  ၊  မျှော်လင့်ယုံကြည်ခြင်းများစွာနဲ့   ပေးအပ်ခဲ့တဲ့

တာဝန်ကို မကျေပွန်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ် ။ မြေကမ္ဘာသားတို့ရဲ့ မောဟအမှောင်တွေ ၊ ဒေါသ

အပူတွေ ၊ လောဘအဆိပ်တွေက အမြင့်ဆုံးဒီဂရီကိုရောက်နေပြီဖြစ်တဲ့အတွက် ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့

ပါသော်လည်း မအောင်မြင်ခဲ့ပါဘူး ။ နောက်ပြီး သူတို့က ကျွန်တော့ကိုဗျာ ဆီလီကွန်တွေထည့်ထားတဲ့ ဦးခေါင်းပဲ

ရှိတဲ့သူဆိုပြီး လှောင်ပြောင်ကဲ့ရဲ့ ရှုတ်ချခဲ့တာကို ကျွန်တော်မခံနိုင်ခဲ့ပါဘူး ။        သိမ်ငယ်စွာနဲ့ပဲ မြေကမ္ဘာကနေ

ကျွန်တော်ထွက်ပြေးလာခဲ့တာပါ ။ ဒီအတွက် ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ် ။ မြေကမ္ဘာပေါ်ကိုသွားဖို့

ကိစ္စကလွဲလို့ ကျန်တဲ့ အလုပ်တာဝန်ကို ပေးပါဗျာ။ ကျွန်တော် အစွမ်းကုန်အောင်မြင်အောင်ဆောင်ရွက်ပေးပါ့မယ်။

ငရဲပြည်ထက်ဆိုးတဲ့ မြေကမ္ဘာကိုတော့ ကျွန်တော် အိပ်မက်တောင်မမက်ရဲတော့ပါဘူးဗျာ “

                သည်စကားအဆုံးတွင်တော့ မြေကမ္ဘာကိုချစ်ကြသော၊ မြေကမ္ဘာမှ လူသားများကို အထူးဂရုဏာသက်

ကြသော ၊ မြေကမ္ဘာကိုကယ်တင်၍ စိမ်းလန်းငြိမ်းချမ်းသော  အလှတရားများဖြင့်       ပြန်လည်ရှင်သန်လိုကြသော

အာကာသ၀တီသားတို့မှ စိတ်ဓာတ်များလုံးလုံးကျခဲ့ပါပြီ ။ လှိုက်မောသောသက်ပြင်းရှည်ကြီးများကိုယ်စီချ၍

မော့ထားတသောခေါင်းများ အောက်စိုက်ကာ မချိတင်ကဲ ၀မ်းနည်းပက်လက်ဖြစ်ကြတော့သည် ။ အထူးဂရုပြု

အသေအချာ နားထောင်ပါမူ ထိရှလွယ်သော ကဗျာဆရာတစ်ဦး၏ ၀မ်းနည်းဆို့နင့်ကြေကွဲစွာဖြင့်ထွက်ပေါ်လာခဲ့သော

တီးတိုးသံသဲ့သဲ့ကို ကြားလိုက်ရမည်ဖြစ်ပါသည် ။

             ”  အော် ဖြစ်မှဖြစ်ရလေတယ် အာကာသပုတ္တရယ် ၊ ကမ္ဘာမြေကြီးကို ကယ်တင်ချင်တဲ့ တို့ဆန္ဒတွေ

ပြန်ရှင်သန်ချင်တဲ့တို့မျှော်လင့်ချက်တွေတော့ တစ်စစီဖြစ်ကုန်ပါပြီကွာ ။ တို့လည်းမှားခဲ့တာပါ မင်းကိုအကောင်းမြင်စိတ်

သက်သက်ပဲထည့်လိုက်တာကိုက တို့အမှားတွေပါ။ မကောင်းမြင်တာတွေများလွန်းတဲ့ ကမ္ဘာသားတွေရဲ့ စကားကို မင်း

ဘယ်ပြန်ပြီး တုန့်ပြန်နိုင်မှာလည်းကွာ ။ အင်း ဒါပေမဲ့ မင်းရဲ့ သိမ်ငယ်လွန်းတဲ့စိတ်ကတော့ မဟုတ်သေးဘူးကွာ

မင်းဦးခေါင်းထဲက ဦးနှောက်ပုံတူ ဆီလီကွန်ဂျယ်လီတွေရဲ့အောက်မှာ သာမန်လူသားတွေထက်ပိုမြင့်တဲ့ စွမ်းရည်တွေ

ထည့်သားနဲ့ကွာ ။

   ” အာကာသပုတ္တရေ မင်းမှတ်ထားဖို့က အဲဒီမြေကမ္ဘာဆိုတဲ့နေရာမှာလေ မင်းရဲ့ ဦးနှောက်ပုံစံတုထားတဲ့

ဆီလွန်ဂျယ်တောင်မထည့်ထားပဲ ၊ ဦးခေါင်းထဲမှာ ဘာမှ မရှိ  ဦးနှောက်မပါတဲ့သူတွေတောင်

နေရာယူတွင်တွင်ကျယ်ကျယ်နေရာယူ သေးတာကို

လူပေါ်လူဇော် ၊ ဆရာကြီးလုပ်နိုင်ကြသေးတာကိုများ

မင်းကသိမ်ငယ်နေတယ်လို့ကွာ ၊

” ခေါင်းထဲမှာ ဘာမှမရှိတဲ့သူတွေ တွင်ကျယ်နေတဲ့နေရာမှာ မင်းကသိမ်ငယ်ခဲ့တာလား သားရယ် ”

”မင်းသိမ်ငယ်အားလျော့ခဲ့တာလားသားရယ် ”

In: Others,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment