Professional Authors

အာကာပုတ္တ၏ တမန်ခရီးအပြန် အပိုင်း(၁)

အာကာသ၀တီမြို့တော်ကြီး၏ စုံညီရာရင်ပြင်၏ သမိုင်းတစ်လျှောက် သည်တစ်ခါလောက် များပြားသော လူထုကြီး

စုဝေးမှုမျိုးမရှိခဲ့ ။အလွှာအသီးသီး ၊ အရွယ်အသီးသီး တို့၏ အသွေးအရောင်စုံများက စုံညီရာရင်ပြင်တွင် ရောင်စုံဆေးစက်များ ခြယ်သသည့်နှယ် ။ သည်မျှများပြားလှစွာသောလူများစုစည်းရောက်ရှိနေသော်လည်း ဆန့်ကျင်စွာဖြင့် အသံများက တိတ်ဆိတ်နေသည်မှာ တစ်ဦး၏ အသက်ရှသံကိုတစ်ဦးက ကြားနေရသည်အထိပင် ။ ထပ်တူညီသော အကြည့်မျက်ဝန်းများက စုံညီရာ

ရင်ပြင်၏ စင်မြင့်ထက်နေရာဆီကို စုစည်းနေကြသည်။ အားလုံး၏ မျက်ဝန်းအကြည့်ကတော့ စိတ်အားထက်သန်မှု ၊အံ့သြမှု ၊ မျှော်လင့်မှုတို့ ပြည့်နှက်နေသော မျက်ဝန်းအကြည့်များပင်ဖြစ်ပါသည် ။ ထို့နောက် အားလုံး၏ နှုတ်ဖျားမှ တက်ကြွသော

အားမန်ဖြင့် အော်ဟစ်လိုက်သော အသံကြီးကအာကာသ၀တီမြို့တော်ကြီးဖုံးလွှမ်းသွားလောက်အောင်ပင် တခဲနက်

ပေါ်ထွက်လာခဲ့သည် ။ သူတို့ ကျယ်လောင်စွာ ပြောဆိုလိုက်သောစကားက   ချစ်ကြည်ရေးတမန် ” အာကာသပုတ္တ ”  ဟူ၍ပင် –

————————–

      အချိန်ကား ခရစ်နှစ် ၂၀၃၅ ခုဖြစ်ပါသည် ။ ၂၀၁၀နှောင်းပိုင်းကာလများတွင် ကမ္ဘာမြေကြီးသည် လူသားများ၏

ကြီးမားသော အတ္တများ ၊ မိုက်မှောင်လွန်းသော မောဟများ  ၊ လွန်ကဲသောအတ္တများ ၊ ဆူပွက်လွန်းသောဒေါသတရာများကြောင့် အလှပျက်ခဲ့ရပါသည် ။ လူသားတို့သည် မိမိရပ်တည်မှီခိုရာ မဟာပထ၀ီမြေကြီး၏ နက်ရှိုင်းလှသော အတွင်းပိုင်း၌ အနုမြူ ဗုံးများစမ်းသပ်ဖောက်ခွဲခြင်း ၊ ဓာတုပစ္စည်းများနှင့်ညစ်ညမ်းအမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်း ၊ သစ်ပင်သစ်တောများကို မဆင်မခြင်ခုတ်ယြူုခင်း ၊ စိုက်ပျိုးရာတွင်လည်း သဘာဝမဟုတ်သော ဓာတ်မြေသြဇာများကို မတန်တဆ သုံးစွဲခြင်းတို့ကြောင့် မြေထုကြီးသည် ညစ်နွမ်းခဲ့သည် ။ အနာတရဖြစ်၍ ဒါဏ်ရာများစွာ ရရှိခဲ့ပြီဖြစ်ပါသည် ။ ထို့နည်းတူ လူသားတို့၏ မဆင်မခြင် ဆည်မြောင်းများဆောက်လုပ်ခြင်း ၊ စိုက်ပျိုးရေးအတွက် မြစ်ရေများကို အတိုင်းအဆမရှိသုံးစွဲခဲ့ခြင်း ၊ စက်ရုံအလုပ်ရုံများမှ အဆိပ်သင့်ဓာတုပစ္စည်းများကို မြစ်ချောင်းတွင်းသို့ သွန်ချခြင်း တို့ကြောင့် ကမ္ဘာမြစ်ကြီးများလည်းစမ်းပျောက်၍

နွမ်းခြောက်ခဲ့ပါသည် ။ စက်ရုံများမှ   မီးခိုးငွေများ၊မော်တော်ကားများမှ       ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေများနှင့် အခြား

အခြားသော စည်းကမ်းမဲ့လုပ်ရပ်များကြောင့် ကမ္ဘာလေထုသည်လည်း အဆိပ်ခိုးများဖြင့် ညစ်နွမ်းခဲ့ပါသည် ။      ထိုသို့ ကမ္ဘာမြေကြီးအလှပျက် အကျည်းတန်အရုပ်ဆိုး အဆိပ်သင့်နေချိန်တွင် –

————————————-

     အွန်လိုင်းတွင် သွေးရင်းပမာ ချစ်ကြည်ရင်းနှီးလာသော အဖော်မွန်တစ်စုသည် စိတ်ကူးအတွေးတစ်စ ရရှိခဲ့သည် ။

အေးချမ်းစွာနေထိုင်လိုသော ၊ စိမ်းလန်းငြိမ်းချမ်းသော နေရာကို နှစ်သက်မွေ့လျော်သော ထိုသူတစ်ခုသည် မောဟ ၊ လောဘ ၊ ဒေါသများဖြင့်အကျည်းတန်ခဲ့ပြီဖြစ်သော မြေကမ္ဘာကိုစွန့်၍ ကမ္ဘာအသစ်တစ်ခုကို ရှာဖွေကာ အတူတကွ စုပေါင်းနေထိုင်ရန်

အားလုံးက ဆုံးဖြတ်ခဲ့ကြသည် ။ ဆုံးဖြတ်ချက်အတိုင်းလည်း လက်တွေ့အကောင်အထည်ဖော်ကာ မြေကမ္ဘာနှင့်မဝေးကွာလှသော ဂြိုလ်သစ်တစ်ခုတွင် အာကာသ၀တီဆိုသော နယ်ပယ်သစ်တစ်ရပ်ကိုထူထောင်ခဲ့သည် ။ လောဘ ၊ ဒေါသ ၊ မောဟ နည်းပါးသော ဖော်မွန်များကြောင့် အာကာသ၀တီသည် အလွန်ပင် လှပလာသည် ။ အလွန်ပင်စိမ်းလန်း၍ အေးချမ်းခဲ့သည် ။ အဆင်မြင့်

နည်းပညာများဖြင့် နေမှ လျှပ်စစ်စွမ်းအားကို ရယူသုံးစွဲခြင်း ၊ အလွန်မြန်နှုန်းမြင့်သော ဆက်သွယ်ရေးစနစ်ကိုအသုံးပြုခြင်း ၊ ပတ်ဝန်းကျင်ကိုချစ်မြတ်နိုးသောစိတ်ဖြင့် ထိန်းသိမ်းထားခြင်း တို့ကြောင့် ရုပ်ပိုင်းဆိုင်ရာအလှတရားများဖြင့်ပြည့်စုံနေသလို ၊ တစ်ဦးနှင့်တစ်ဦးအကောက်ကြံခြင်း ၊ မနာလိုဝန်တိုဖြစ်ခြင်း ၊ မိုက်ရိုင်းကြမ်းတမ်းသောစကားပြောဆိုခြင်း ၊ ငါသာတတ်သည်

ဆိုသော မာန်မာနတရားတို့ကင်းစင်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ အလှတရားများဖြင့်လည်း ကြွယ်ဝနေသဖြင့် မြေကမ္ဘာ

လူသားတို့ကအာကာသ၀တီကိုသုခဘုံဟု တင်စားခေါ်ဝေါ်ကြသည် ။ အာကာသ၀တီ၏ ကောင်းသတင်းသည် မြေကမ္ဘာတွင် ပြန့်နှံ့ကျော်ကြား လျက်ရှိပေတော့သည်။

————————————————

    သုခဘုံဟု ကျော်ကြား အလှတရားများနှင့်ပြည့်စုံသော အာကာသ၀တီသို့ မြေကမ္ဘာမှ လူသားများကလည်း

အခြေချနေထိုင်ရန် ၊အလည်အပတ်လေ့လာရန်ဖြင့် လာရောက်ကြသည် ။ စိတ်ထားကောင်းမြတ်သော အာကာသ၀တီမှ လူသားများသည် မခွဲခြားသောစိတ်ထားဖြင့် ဖော်ရွေရင်းနှီးစွာ ကြိုဆိုကြ နေရာချပေကြသည် ။ ညီရင်းအကို မောင်ရင်း

နှမပမာ ချစ်ကြည်လေးစား တန်ဖိုးထား၍ဆက်ဆံခဲ့ကြသည် ။  လာရောက်သူအများစုမှာ အာကာသ၀တီနှင့် မကွဲမပြား

တစ်သားထဲစိတ်ဖြင့် အာကာသ၀တီမြို့တော်သားဘ၀ကိုခံယူလိုက်ကြသည် ။ အာကာသ၀တီကို ချစ်သောစိတ်ဖြင့်

နှလုံးမွေ့လျော် ပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည် ။ တစ်ချို့သော မြေကမ္ဘာလူသားများကတော့ ထိုကဲ့သို့မဟုတ် မြေကမ္ဘာမှ

ပါလာသော  မောဟ ၊လောဘ ၊ ဒေါသစိတ်များ ဖြင့် အာကသ၀တီကို အကျည်းတန်အလှပျက်အောင်လုပ်ဆောင်လာကြသည် ။

ခွင့်လွှတ် သည်းခံစိတ်ကြီးသော အာကာသ၀တီသားတို့၏ မည်သူတွေ အမုန်းဖက်ဖက်အပြုံးမပျက်ပဲ ဆက်ဆံကြသည် ။ ထိုသို့ဆက်ဆံလာလေလေ ပိုမိုကမ်းတက်လာလေလေ   ဖြစ်သည် ။သည်လုပ်ရပ်များကြောင့် အာကာသ၀တီသားတို့ အားလုံးစိတ်နှလုံးညှိုးနွမ်းခဲ့ကြသည် ။ ထိုကြောင့် အာကာသ၀တီမြို့ အကြီးအကဲများက စုဝေးဆုံးဖြတ်ချက်တစ်ရပ်ကို

ချမှတ်ခဲ့ကြသည် ။ ထိုဆုံးဖြတ်ချက်အရ  အာကာသ၀တီသားတို့၏ မြင့်မြတ်သောနှလုံးသား ၊ လှပသော စိတ်ထားကို မြေကမ္ဘာသားတို့သိစေရန် မြေကမ္ဘာသားတို့နှင့် ပိုမိုချစ်ခင်ရင်းနှီးလာစေရန် မြေကမ္ဘာသို့ ချစ်ကြည်ရေးတမန်စေလွှတ်ရန်

စီစဉ်ခဲ့သည် ။

—————————————————-

            ထိုသို့ ချစ်ကြည်ရေးတမန် စေလွှတ်ရန်အတွက် စေလွှတ်မည့်ပုဂ္ဂိုလ်ကို ရွေးချယ်ရာတွင်လည်း စဉ်းစားစရာ

ဖြစ်လာခဲ့ပြန်သည်။အာကာသ၀တီ၏ ပုံရိပ်အားလုံးကိုလွှမ်းခြုံထားသောတမန်အဖြစ် မည်သူ့ကိုရွေးချယ်ကြမည်နည်းဟူသော မေးခွန်းတစ်ပုဒ်ကို အဖြေထုတ်ရန် အမျိုးမျိုး တွေးခေါ်စဉ်းစားကြရာတွင် တူညီသောအဖြေတစ်ခုတစ်လာခဲ့သည် ။ အာကာဝတီမြို့သားနှင့်တစ်ထပ်တည်းနီးပါးတူညီသော artificial intellegence(AI) အဆင့်မြင့်ပုံတူလူသားဖန်တီးရန် ဟူသောအတွေးတစ်ခုပင် ။  ဆက်လက်၍ ထိုအတွေးကိုပင် တညီတညွတ်ထဲ  ဆုံးဖြတ်အကောင်အထည်ဖော်ခဲ့ကြလေသည် ။ ပုံတူလူသားကို အီလက်ထရွန်းနစ်နည်းပညာများကွန်ပျူတာနည်းပညာများ ၊ ဇီဝနည်းပညာများ ၊ ဓာတုဗေဒ / ရူပဗေဒ အတွေးအခေါ်အယူအဆများဖြင့် အာကာဝတီ၏ ပညာရှင်များကပုံဖော်ခဲ့ကြသည် ။ ထိုပုံတူလူသား၏ အတွေးအခေါ်

မှတ်ဥာဏ်ကို သာမာန်လူသားတို့ထက်သာလွန်အောင်ဖန်တီးခဲ့ကြသည် ။ အဆင့်မြင့်နာနိုနည်းပညာဖြင့် သေးငယ်လွန်းသော

Micro Processor ဖြင့် ယနေ့ကွန်ပျူတာများထက် အဆပေါင်းသန်းချီသာလွန်သော ဦးနှောက်တု ကို တီထွင်နိုင်ခဲ့ကြသည် ။

ထို ဦးနှောက်တု တွင်တွေးခေါ် ဆုံးဖြတ်နိုင်မှု ၊ တီထွင်ဖန်တီးမှု ၊ ရွေးချယ်နိုင်မှုများအပြင်လူသားတို့၏ နှလုံးသားနှင့်

ထပ်တူကျသော ခံစားတတ်မှုကိုပါထည့်သွင်းထားသည် ။ အာကာသ၀တီမှ ဖန်တီးထားသော အနုပညာများမြေကမ္ဘာမှ

ဂန္ထ၀င် အနုပညာများ အားလုံးနီးပါး ကို မှတ်သားခံစားနိုင်မှု ၊ ဘာသာစကားမျိုးစုံကို ပြော ၊ ဖတ် ၊ ရေးနိုင်မှု ၊

ပြောင်မြောက်သော အနုပညာများကို ဖန်တီးနိုင်စွမ်း ၊ သိပ္ပံနည်းပညာကိုအဆင့်မြင့်မားစွာ တတ်ကျွမ်းနိုင်မှု များကို လည်း ထည့်သွင်းထားသည်ထားသည်ဖြစ်ရာ အာကာသ၀တီပုံတူလူသား၏  ဦးနှောက်စွမ်းရည်သည် သာမာန်လူသားများထက်ပင် ကျော်လွန်ခဲ့သည် ။  ထိုပုံတူ လူသား၏ လှုပ်ရှားမှုများသည်လည်း တကယ့်လူသားအတိုင်းပင်ဖြစ်ပါသည် ။

သာမန်စက်ရုပ်များကဲ့သို့ ထောင့်ထောင့် ဆတ်ဆတ် ဖြစ်မနေ ၊ လူသားပီသစွာ ညက်ညောနေသည် ။ မျက်နှာသည်လည်း ခံစားချက်အတိုင်း အပြုံး ၊ အရယ် ၊ ၀မ်းနည်းမှုကိုပေါ်လွင်အောင် အဆင်မြင့်နည်းပညာများဖြင့်ဖန်တီးထားခဲ့သည်ဖြစ်ရာ အာကာသ၀တီပညာရှင်များကလွဲ၍ ကျန်သောသူအားလုံးကတကယ့်လူသားတစ်ဦးဟုပင် မှတ်ထင်နိုင်ပါသည် ။ သို့သော် ထိုပုံတူလူသား၌ အားနည်းချက်အချို့ ရှိခဲ့သည်ကို အာကာဝတီပညာရှင်များက သတိလစ်မေ့လျော့သွားခဲ့သည် ။

————————————————-

         ပထမအချက်မှာ ထိုပုံတူလူသား၌ မကောင်းမြင်တတ်သော စိတ်များမပါဝင်သွားခြင်းပင်ဖြစ်ပါသည် ။

မကောင်းမြင်မှုများကိုတုန့်ပြန်နိုင်စွမ်းသည်လည်း ပုံတူလူသားထံတင်ရှိ မနေတော့ ။ သည်အချက်ကလည်း  အာကာဝတီ

ပညာရှင်တို့၏ စိတ်ရင်းအခံ၌ပင်မကောင်းမြင်သော စိတ်များရှိမနေခြင်းကြောင့်ပင် ။

နောက်တစ်ချက်က အားနည်းချက်ကတော့ စွမ်းအင်ပြဿနာပင်ဖြစ်သည် ။

ပုံတူလူသားကိုအဆင့်မြင့်နည်းပညာများဖြင့် တည်ဆောက်ထားရာတွင် တွေးတော စဉ်းစား လှုပ်ရှားမှုအားလုံးအတွက်

အဓိက အရေးကြီးသော စွမ်းအင်ကို သူ၏ အရေပြားဆဲလ်များမှတစ်ဆင့် နေရောင်ခြည်၏ စွမ်းအင်ကိုရယူစုစည်းနိုင်ရန်

်စီစဉ်ထားသည် ။နေရောင်ခြည်စွမ်းအင်ကို မရသောအခါတွင် သူဦးနှောက်လှိုင်းမှနေ၍ sky-199 ဟု message ပို့လွှတ်လိုက်လျှင် အာကာသ၀တီရှိလျှပ်စစ်ဓာတ်အားပေးစနစ်မှ micro wave ဖြင့် သူ့အတွက်စွမ်းအင်များကို ပေးပို့ပေးနိုင်ရန်ကိုလည်း

စီစဉ်ထားသည် ။ လိုအပ်သောလျှပ်စစ်စွမ်းအင်မလုံလောက်သည့်အခါ ပုံတူလူသား၏ လှုပ်ရှားဟန်သည် လူသားတစ်ဦးနဲ့

ထပ်တူမညီတော့ပဲ အနည်းငယ်ထောင့်ထောင့်တောင့်တောင့်ဆတ်ဆတ်ဖြစ်နေမည်ဖြစ်ပေသည် ။ တစ်ခုပြောစရာကျန်ခဲ့ပါသည် ။ ထိုလူသား၏ ဦးနှောက်တုကို အလွန်သေးငယ်သောအစိတ်အပိုင်းဖြင့် အဆင့်မြင့်မြင့် ဖန်တီးထားရာ သူ၏ ဦးခေါင်းတွင်

လူသားများကဲ့သို့ ဦးနှောက်များဖြင့် ပြည့်နှက်မနေခဲ့ပါ ။ထိုကြောင့် လစ်ဟာနေသောနေရာတွင် ဆီလီကွန်ဂျယ်လီများဖြင့် လူဦးနှောက်အစစ်နှင့်တူညီစေရန် ဖန်တီးထည့်သွင်းထားပါသည်။    စွမ်းအင်နည်းပါးသောအခါတွင် ပုံတူလူသား၏ ဦးခေါင်းအရေပြားတုကို ဒိုးယိုပေါက်မြင်သွားနိုင်သော အားနည်းချက်လည်းရှိနေခဲ့သည်။မည်သို့ပင်ဖြစ်စေ ထိုပုံတူလူသားကို အာကာသ၀တီ ၏ စုံညီရာရင်ပြင်တွင် ပညာရှင်များက အာကာသ၀တီမြို့တော်သူ မြို့တော်သားများနှင့်မိတ်ဆက်ခဲ့ပြီဖြစ်ပေရာ အာကာသ၀တီမြို့သားအားလုံးကလည်း နှစ်သက်သဘောကျလျက် ။ ထိုပုံတူလူသားကို အာကာသ၀တီ၏ သားရတနာ အာကာသပုတ္တဟု တညီအညွတ်ထဲ အမည်ပေးခဲ့ကြသည် ။

အာကာသပုတ္တ၏ ချစ်ကြည်ရေးတမန်ခရီးကိုလည်းမျှော်လင့်ချက် ကြီးမားစွာထား၍ စောင့်ကြည့်နေကြပါသည် ။

အာကာသ၀တီ၏ သားရတနာ အာကာသပုတ္တကား ချစ်ကြည်ရေးတမံဆောင်ရွက်ရန် ကောင်းကင်ခရီးနှင်လျက်  မြေကမ္ဘာသို့ ထွက်ခွာခဲ့ပါသည် ။

 

အပိုင်း(၂) မကြာမီ —-

                                                             စိတ်ကူးယဉ်သိပ္ပံရသ ၊ သရော်စာ

In: Others,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment