Professional Authors

လမ်းဘေးက ဖြတ်သွားဖြတ်လာဝတ္ထု

ထိုလမ်းကလေးသည် သူ သုံးရက်တစ်ခါလောက်တော့ ဖြတ်သွားနေကျ
လမ်းကလေး ဖြစ်ပါသည်။တစ်နေ့တော့ သူဖြတ်သွားနေရင်းက လမ်းဘေးရှိ
ခြံဝင်းတစ်ခုအတွင်းသို့ မထင်မှတ်ပဲ အကြည့်ရောက်သွားသည်။အိုး သိပ်ချစ်
စရာကောင်းတဲ့ နိုင်ငံခြားမျိုး ခွေးပေါက်စလေး၃ကောင် ခြံဝင်းအတွင်းမှာ
ပျင်းရိ ပျင်းတွဲ လှဲအိပ်နေပါလား..။ထိုမြင်ကွင်းကြောင့် သူ ဘာစိတ်ရူးပေါက်လာ
သည်မသိ။ရုတ်တစ်ရက် လမ်းပေါ်တွေ့သောခဲလုံးလေးတစ်လုံးကို ခြံဝင်းအတွင်း
ပစ်သွင်းလိုက်သည်။တစ်ကယ်ကို သိပ်ချစ်စရာကောင်းသော ခွေးပေါက်စလေးများ၏
စူးရှရှအသံသေးသေးလေးများနှင့်ဟောင်သံများ ပတ်ဝန်းကျင်မှာ ဆူညံသွားတော့သည်။
သူ သဘောကျစွာ ပြုံး၏။ခြံရှင်ကတော့ သူ့ကို စိတ်ဆိုးမည်လားမသိ။ကိစ္စမရှိပါ။ခြံရှင်
သူ့ကိုထွက်ဆဲလျှင်တောင် အနူးအညွတ်တောင်းပန်ရန် ဆုံးဖြတ်ထား၏။သစ္စာရှိသော
ဥာဏ်ကောင်းသော ခွေးပေါက်စလေးများကတော့ သူ့ကိုတွေ့တိုင်း ဟောင်ကြမည်မှာ
သေချာ၏။ ဟောင်နေရင်း မောသွားသောအခါ အသံတိတ်သွားကြမည်။အမှန်တစ်ကယ်
တော့ သူသည် ခြံရှင်နှင့်တွေ့ပြီး မေးစရာတွေရှိနေသည်။ခွေးလေးတွေ ဘာအစာ ကြိုက်
သလဲဆိုတာပါ။ထန်းလျက်ခဲ (သို့)နိုင်ငံခြားမှလာသော ဈေးကြီးသည့် အစာခြောက်ဖြစ်ဖြစ်
သူတို့လေးတွေကို ကျွေးကြည့် ချင်သောကြောင့်ဖြစ်သည်။ထိုအခါကျ သူ့ကို ထိုခွေးလေး
၃ကောင်က အမြီးနှံ့ရင်းဆက်ဆံကြပါမည်လားဟု သိချင်နေသည့် စိတ်လည်း ဖြစ်ပေါ်နေသည်။
သူငယ်ချင်းတစ်ယောက်ကတော့ ပြောသည် ..(မင်းကွာ ကိုယ့်ဘာသာ အေးဆေးနေပါလား
ခွေးလေးတွေကို သွားစ,တာ မကောင်းဘူး ပြီးတော့ ခွေးလေးတွေကို ချစ်လို့ဆိုပြီးတော့လည်း
ခေါင်းလေးဘာလေး ပွတ်သပ်ပေးတာမျိုး သွားမလုပ်နဲ့ သူတို့က မင်းကို ပါးလျက် နားလျက်
ပြန်လုပ်လိမ့်မယ်တဲ့ ) အင်း ဟုတ်တော့လည်း ဟုတ်သားပါလားနော်
ငါ့နှယ် ဒီစပ်ဆော့တတ်တဲ့ လက်ကို သတိလေးနဲ့ ထိန်းမှပဲ တော်ကြာ ခွေးကိုက်ခံရလို့
ချက်ပတ်ပြီး ဆေးထိုးနေရမှ ခက်ရချည်သေး…….:)

In: Others Posted By: Date: Nov 4, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment