Professional Authors

ပဟေဠိတဲပုတ်(စဉ်းစားကြမယ်၊ ထင်ရာတွေဖြေကြမယ်) အစီအစဉ် 03.. :P

တတိယမြောက် အစီအစဉ်ပါ…။ မေးခွန်းတွေက ခက်မယောင်ယောင်နဲ့ တစ်ကယ်တော့ လွယ်လွယ်လေးတွေပါ….။
အရိုးရှင်းဆုံးစဉ်းစားကြည့်ရင် အဖြေမှန်ကို ရရှိနိုင်ပါတယ်…။ 🙂

 

1. ညမှာ ယူဆောင်လာခြင်းခံမနေရပဲ ရောက်ရှိလာတယ်၊
    နေ့ရောက်တော့ ခိုးယူခြင်းခံမနေရပဲ ပျောက်ဆုံးကုန်တယ်။ အဲဒါလာတွေလဲ ?
 


2. တစ်စုံတစ်ယောက်က အဲဒါကို ပြုလုပ်တယ်၊ရောင်းချတယ်။
    တစ်စုံတစ်ယောက်က အဲဒါကိုဝယ်ယူတယ်၊ ဘယ်တော့မှ မသုံးဘူး။
    တစ်စုံတစ်ယောက်က အဲဒါကို အသုံးပြုနေတယ်ဆိုတာကို လုံးဝမသိဘဲ အသုံးပြုတယ်။ အဲဒါဘာလဲ ?


3. အင်္ဂလိပ်စာလုံးမှာ စာလုံးနှစ်လုံးတူ သုံးတွဲအစဉ်လိုက်ပါတဲ့ စကားလုံးက ဘယ်စာလုံးလဲ ?


4. မင်းရလိုက်တဲ့ အချိန်တုံးက အနက်ရောင်၊
    မင်းသုံးနေတော့ အနီရောင်၊
    အကုန်သုံးပြစ်လိုက်ရင်တော့ အဖြူရောင် ဖြစ်သွားတယ်။ အဲဒါဘာလဲ ?

5. ငါ့အမေ၀မ်းထဲကနေ ဆွဲထုတ်ခြင်းခံလိုက်ရတယ်၊
    လောင်စာတိုက်ပြီး ရိုက်နှက်ခြင်းခံရတယ်၊
    ငါဟာသွေးစာနေတဲ့ သူသတ်သမားဖြစ်လာတယ်။ ငါဟာဘာလဲ?

 

   Good luck 🙂

In: Others Posted By: Date: Oct 1, 2010
Comment #1

အကောင့်လေးပေးပါလား sorrower.kl မေးခွန်းတွေကိုစိတ်ဝင်စားလို့ပါ

commentinfo By: Gipsy Lay at Oct 1, 2010
Comment #2

ဟုတ်ကဲ့… ရပါတယ်…
ကျွန်တော့် account ကလဲ [email protected] ပါပဲ..။

commentinfo By: sorrower.kl at Oct 1, 2010
Comment #3

1 ကြယ်

commentinfo By: ဖြိုး at Oct 2, 2010
Comment #4

ဖြိုး နံပတ် 1 အဖြေက မှန်ပါတယ်… ။ တော်ပါတယ်။

commentinfo By: sorrower.kl at Oct 2, 2010
Comment #5

နှစ် ……….. ?
သုံး……….. ?
လေး……… ဆံပင်
ငါး ……….. ကွမ်း

commentinfo By: akkh.koko at Oct 2, 2010
Comment #6

(4) ရဲ့ အဖြေဟာ မီးသွေး လို့ ထင်ပါတယ် ၊၊ ၊၊

commentinfo By: ကောင်းကင်နေလ at Oct 2, 2010
Comment #7

(5) ရဲ့  အဖြေ ဟာ ဓါး လို့ ထင်ပါတယ် ၊၊ ၊၊

commentinfo By: ကောင်းကင်နေလ at Oct 2, 2010
Comment #8

2……?
3..successfully
4..မီးသွေး
5..ဓါး

commentinfo By: Gipsy Lay at Oct 3, 2010
Comment #9

ကို Gipsy Lay ရေ …
စာလုံ နှစ်လုံးတူ သုံးတွဲ က အစဉ်လိုက်ဖြစ်ရပါမယ်….။
ဥပမာ aabbcc အဲလိုမျိုး သုံးတွဲက ပူးနေရပါမယ်၊ ခွဲထားလို့ မရပါဘူး။
နဲနဲလောက် ထပ်စဉ်းစားကြည့်ပါဦး…။ အဖြေက လွယ်ပါတယ်။
လူတိုင်းနေ့စဉ်မြင်ဖူးနေတဲ့ အရာပါ။ 🙂

commentinfo By: sorrower.kl at Oct 3, 2010
Comment #10

၁။ အလင်းေ၇ာင်
၂။ ခေါင်း(လူသေထည့် တဲ့ ခေါင်း)
၃။ ?
၎။ ဆေးရွက်ကြီး
၅။ ?

commentinfo By: ahtum at Oct 13, 2010
Comment #11

ahtum ရေ…
ဒီမေးခွန်းရဲ့ အဖြေတွေက ဖော်ပြပီးသွားပါပြီ…
အခု အစီအစဉ် 03 ရဲ့ အဖြေတွေကို အစီအစဉ် 06 မှာ ဖော်ပြပြီးသွားပါပြီ။

04 မေးခွန်းတွေရဲ့ အဖြေတွေကို 07 မှာ ဖြေပြီးသွားပါပြီ။ အဲလိုမျိုး
သုံးခုခြားပြီး ပြန်တင်ပေးပါတယ်… ။
အဖြမတင်ရသေးတဲ့ မေးခွန်းတွေကို ဖြေကြည့်ပေါ့။ 🙂

commentinfo By: sorrower.kl at Oct 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment