Professional Authors

ပဟေဠိတဲပုတ်(စဉ်းစားကြမယ်၊ ထင်ရာတွေဖြေကြမယ်) အစီအစဉ်.. :P

ဒီအစီအစဉ်လေးကို ပျော်စရာ သက်သက်အနေနဲ့ ကျွန်တော် ရှာဖွေစုဆောင်းထားတဲ့ ပဟေဠိလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အဖြေကိုတော့ မေးလာတဲ့ လူရှိရင် ပြောပြပေးပါမယ်။ စိတ်ဝင်စားတဲ့သူကလဲ ကိုယ်ထင်တာ ကို ဖြေဆိုနိုင်ပါတယ်…။
မှန်ရင် မှန်တဲ့ အကြောင်း အကြာင်းပြန်ပေးပါ့မယ်။…
အများစုက ကဗျာတွေကြည့်ပဲဆိုတော့ ကဗျာကိုပဲ သီးသန့် ဖတ်တဲ့ စာရှု့သူတွေနဲ့ ကဗျာဆရာများကိုတော့ စိတ်အနှာက်အယှက်ပေးမိတယ် ဆိုရင်တော့ အရင်ဆုံး တောင်းပန်ပါရစေ…..။
ကဲ မေးခွန်းလေးတွေ စလိုက်ကြရအောင်…..

1.    မိန်းမတစ်ယောက်က သူ့ယောကျာင်္းကို ရိုက်လိုက်တယ်။ ပြီးတော့ ရေထဲကို 5မိနစ် နှစ်ထားတယ်။
       နောက်ဆုံးတောု့ပြန်ဆွဲထုတ်လိုက်တယ်။ နဲနဲကြာတော့ သူတို့အပြင်ကို လက်ချင်းချိတ်ပြီးအတူထွက်သွားကြတယ်။ဘာလို့လဲ ?

2.    လူသတ်သမားက သေဒဏ်ကြခံစေဖို့ အမိန့်ကြလာတယ်။ သူ့ကို အခန်းသုံးခန်းရွေးခိုင်းတယ်။  
      ပထမအခန်းက အထဲမှာ မီးတွေ ဟုန်းဟုန်းတောက်လောင်နေတဲ့အခန်း၊
  
      ဒုတိယ အခန်းက အခန်းပြည့် သေနတ်တွေကိုင်ထားတဲ့ မူစလင်အစွန်းရောက်အကြမ်းဖက်သမားတွေ စောင့်နေတယ် ၊
      နောက်ဆုံးအခန်းက သုံ
နှစ်လောက် အစာမစားရသေးတဲ့ ခြေင်္သေ့ကြီးတွေ အပြည့်ထည့်ထားတဲ့အခန်း။     
      ဘယ်အခန်းကသူ့အတွက် အလုံအခြုံဆုံးဖြစ်မလဲ ?

3.   အခုထိ တစ်ယောက်ထဲ်ဆိုရင် အသုံးမ၀င်ပါဘူး ၊ နှစ်ယောက်ဆိုရင်တော့ ချမ်းသာသုခ အတိဖြစ်ပါတယ်။
     ကလေးငယ်ကောင်လေးက အဲဒါကို အလကားနေရင်းနဲ့ကို ရနေတယ်၊
     လူရွယ်ကောင်လေးကတော့ အဲဒါကို ရဖို့အတွက် လိမ်ရပါတယ်၊
     လူအိုအဖိုးကြီးကတော့ ပိုက်ဆံနဲ့ ပေးဝယ်ရပါတယ်။
     အဲဒီအရာဟာ ကလေးတစ်ယေက်ရဲ့ ရပိုင်ခွင့်၊ ချစ်သူတွေရဲ့ အထူးအခွင့်အရေး၊ မရိုးသားသူအတွက်ကတော့ မျက်နှာဖုံး။
     သဒ္ဓါသရားအဖြစ်နဲ့ ကောင်မလေးတွေဆီသွားပါတယ်၊ မျော်လင့်ချက်အတွက်နဲ့ အိမ်ထောင်သည်မိန်းမတွေဆီသွားပါတယ်၊
     အိမ်ဖော်အဘွားကြီးအတွက်တော ပေးကမ်းစွန့်ကြဲခြင်းဖြစ်ပါတယ်။ အဲဒီအရာ ဘာလဲ ?

4.   မင်းမှာ အဲဒီအရာ ရှိတယ်ဆိုရင် သူများကို မျှဝေချင်မယ်၊ မင်းဟာ မျှဝေလိုက်ပြီဆိုရင်တော့ မင်းမှာ မရှိတော့ဘူး။ အဲဒါဘာလဲ ?

5. အသုံးပြုခြင်း မခံရမှီ ထုခွဲခံရမယ့် အရာဟာ ဘာလဲ ?

    Good luck 🙂


In: Others Posted By: Date: Sep 30, 2010
Comment #1

အဖြေပို့ပေးပါ

commentinfo By: ဖြိုး at Oct 1, 2010
Comment #2

2ကနောက်ဆုံးအခန်းထင်တယ်
3ကအချစ်မေတ္တာထင်တယ်
4ကတော့စိတ်ရှုပ်ထွေးချင်းထင်တယ်
5ကမီးသွေးထင်တယ် ဟိဟိ ဟုတ်လား

commentinfo By: ဖြိုး at Oct 1, 2010
Comment #3

🙂 🙂 🙂

ဖြိုးရေ… လေးခု ဖြေထားတဲ့ အထဲက
တစ်ခုက အဖြေမှန်ရပါတယ်….
ဟုတ်ပါတယ်…နောက်ဆုံးအခန်းပါ…
သုံးနှစ်လောက်မှ အစာ မစားရရင် အဲဒီ ခြေင်္သေ့တွေက သေနေပြီးသား ဖြစ်နေမှာပေါ့… 🙂
တော်ပါတယ်… ။
ဒါပေမယ့် ကျန်တာလေးတွေ လွဲ နေပါသေးတယ်… ။
ကြိုးစားကြည့်ပါဦး ခင်ဗျာ….။ 😛

commentinfo By: sorrower.kl at Oct 1, 2010
Comment #4

အဖြေမပို့ပေးတော့ဘူးလား
ပို့မယ်ဆိုပြီးတော့

commentinfo By: ဖြိုး at Oct 1, 2010
Comment #5

3 ရဲ့အဖြေက လွတ်လပ်မှုဖြစ်မယ်ထင်တယ်
၎ ကတော့ ပျော်ရွှင်မှူလားပဲ
၅ ကဗန်ဒါသီးလားဟင် 😛

commentinfo By: Gipsy Lay at Oct 1, 2010
Comment #6

heyy… when will u post the answers???
pls don’t leave like that …

commentinfo By: Myat Noe at Oct 1, 2010
Comment #7

၃ ရဲ့ အဖြေက ပြူစု ဂရုစိုက်မှု
၎ ရဲ့ အဖြေက အခွင့်ေ၇း
ဟုတ်လား။

commentinfo By: dan at Oct 1, 2010
Comment #8

ဟုတ်ကဲ့ ခုလို ဖြေဆိုကြတာကို အရမ်းကျေးဇူးတင်ပါတယ်..။ 🙂
အဖြေတွေက နီးစပ်ကြပါတယ်….။
ဒါပေမယ့် နဲနဲလေးတော့ လွဲနေမယ်… ဆိုတဲ့ သီချင်းလေးအတိုင်းပဲ ခင်ဗျ.. 😛
အဖြေတွေက အတိအကျ ရှိပါတယ်..။
ကျွန်တော် နံပတ် 4 အစီအစဉ်ကို တင်တဲ့ အခါကြရင်
နံပတ်တစ်မေးခွန်းရဲ့ အဖြေတွေကို ပြောပြမှာပါခင်ဗျာ…။
စိတ်မပူကြပါနဲ့ … 🙂
အားလုံးကို အထူးကျေးဇူးတင်ပါတယ်….။

commentinfo By: sorrower.kl at Oct 1, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment