Professional Authors

အရာရာထက် ခမ်းနားတယ်

 

မထားခဲ့ဘူးတဲ့ ပြောခဲ့တာပဲ ဘာကြောင့်အခုချိန် နင်ငါ့ဘေးမရှိတော့တာလဲ ငါစဉ်းစားမရဖြစ်နေတယ်

နင်သိပါတယ် ငါလိုချင်တဲ့ နားလည်မှုကို လိုက်လျောမှုပဲ မပြုခဲ့တာ

ငါလည်းသိတယ် နင်ရဲ့ မပြတ်သားမှုကို တငိုငို တရီရီ နဲ့ မြဲအောင် တွဲချင်ခဲ့တာ

ပေးဆပ်ရလိုက် ဟန်ဆောင်ပေးလိုက်နဲ့ ကြာခဲ့တဲ့ ငါတို့သက်တမ်းမှာ နင့်အချစ်ဆိုတာ ……

ဘယ်နားမှာလဲ ပြောခဲ့ပါဦး

အဝေးရောက်လိုက် မနီးစပ်လိုက်နဲ့ နင် အေးစက်နေခဲ့တာ ငါ မေ့ထားတယ်

တစ်ခုခု အဖြေရှာမိရင် ရင်ကွဲနာကျ ရမှာ ငါကိုယ်တိုင်ဖြစ်နေလို့လေ…..။

ဒီအချိန်မှာ ဆက်ချစ်ချင်နေတဲ့ငါ ထုံကျင်နေတဲ့ နှလုံးသားကို ပုန်ကန်ထားတယ်

အသိတရားတွေက နင်ရှိမှ လုံလောက်မယ်ဆိုတာကြောင့်ပါ…….။

မနက်ဖြန်တွေ တစ်ရက်ကူးတိုင်း မနေ့က ခံစားရသမျှ ကို ငါမှတ်မိသေးပေမယ့်

ငါရှေ့ဆက်ချင်နေတာ နင့်ကို ချစ်တယ်ဆိုတဲ့ခံယူချက်နဲ့…….။

အမှားဆိုတာ……လက်ခံမှုရှိမှပါ

ငါမမှားပါဘူး…….ငါနင့်ကိုချစ်တာ ………….အရာရာထက်ခမ်းနားလွန်းလို့လေ…။………။

In: Others Posted By: Date: Sep 25, 2010
Comment #1

ဘာတုန်းဟင် 53 က……?

commentinfo By: ကေသရီ at Sep 25, 2010
Comment #2

မဟုတ်ဘူးနော် လူမှားနေပြီထင်တယ် ဒီနေ့မှ ဒီ site ထဲစ၀င်တာပါ ပြီးတော့ 53 ဆိုတာကို ကေနားမလည်တာပါ

commentinfo By: ကေသရီ at Sep 25, 2010
Comment #3

အမှားဆိုတာ……လက်ခံမှုရှိမှပါ

ငါမမှားပါဘူး…….ငါနင့်ကိုချစ်တာ ………….အရာရာထက်ခမ်းနားလွန်းလို့လေ…။………။
မကေ…good တယ်

commentinfo By: poem.poem28 at Jun 24, 2011
Comment #4

ngar nin ko chit tar a yar yar htet khan nar de

commentinfo By: ei lay at Mar 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment