Professional Authors

အလွမ်းတွေနဲ့သွားရတော့မယ်

ဒါဏ်ရာမရှိလို့
မခံစားရဘူးလို့မထင်လိုက်ပါနဲ့
အခုဆို ငါ့ရင်ဘတ်တခုလုံး စုတ်ပြတ်နေပြီ
သတိရလို့စမ်းလိုက်တိုင်း
လက်ဖမိုးမှာ မျက်ရည်တွေရွှဲလို့
တစ်ပေလောက်အကွာက အရာတွေတောင်မပီပြင်တော့ဘူး
ဘယ်မှလည်းမသွားချင်ဘူး
တိုက်ဆိုင်မှုတွေကို ငါခံစားနိုင်မှာမဟုတ်လို့ပါ
အစကကြိုသိခဲ့ရင်ဆိုတဲ့
မချိတင်ကဲစကားမျိုတွေလည်းပြောမထွက်ဘူး
ပြန်လာခဲ့ပါလို့လည်း
မတောင်းဆိုချင်ဘူး
ငါ ငါ…….လေ……
အလွမ်းတွေတနင့်တပိုးနဲ့
သိပ်မကျန်တော့တဲ့
အနာဂါတ်တွေဆီ
မျက်ရည်လည်ရွှဲနဲ့ သွားရတော့မယ်……..

In: Others Posted By: Date: Jul 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment