Professional Authors

ငါ့လက်ထဲမှာ အခု သုံညတွေရှိတယ်

အရင်တုန်းက အနမ်း
အခုအလွမ်းဖြစ်သွားပြီ
ကြိုသိရင် မချစ်ခဲ့ပါဘူး
ဘာလို့ဆို
ငါမခံစားနိုင်ဘူး
ငါ့ရင်ကိုကြည့်
အခုဆို ဗလာကျင်းပဲ
နေရာလွတ်တော့မဟုတ်ဘူး
တမ်းတခြင်းတွေ
လွမ်းရခြင်းတွေ
အပြည့်နဲ့ပေါ့ …………….

ချစ်သူရယ်
ထာဝရဆိုတာ
ခဏလို့ငါသိခဲ့ရပြီ
ဂတိဆိုတာ
မျှော်လင့်စရာ မဟုတ်ဘူး
ရည်မှန်းချက်ဆိုတာလည်း
မရှိတော့ဘူး
မင်းသင်ပေးခဲ့တဲ့ သင်ခန်းစာတွေနဲ့
ငါရှေ့ဆက်ခဲ့တာ
အခုဆို
ငါ ဘာမှအသုံးမကျတဲ့လူဖြစ်နေပြီ…………….

In: Others Posted By: Date: Jul 11, 2010
Comment #1

အရင်တုန်းက အနမ်း
အခုအလွမ်းဖြစ်သွားပြီ
ကြိုသိရင် မချစ်ခဲ့ပါဘူး

commentinfo By: အသဲကွဲမိုး at Jan 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment