Professional Authors

နှစ်ခြိုက်စွာအိပ်ပျော်စေ

ဖြစ်ချင်တဲ့ဆန္ဒကိုနောက်မှာထား
ရောက်နေတဲ့ဘဝမှာကြိုးစား
ရသမျှအကုန်ယူ
သမာအာဇီဝတော့ဖြစ်ပါစေ
နောက်ပြန်မလှည့်နဲ့
မနက်ဖြန်ကိုတွေးပြီးလုပ်
သူများကိုမမှီခိုနဲ့
အချိန်ကိုလေးစား
ဆုံးရှုံးခဲ့တာတွေအတွက်ပူဆွေးမနေနဲ့
လူ့ဘဝဆိုတာ
ဖရောင်းတိုင်တစ်တိုင်လောက်ပဲမို့
တက်နိုင်သလောက်
အလင်းကိုမျှပေးပါ
အပေါ်ကိုအမှီလိုက်ရင်း
အောက်ကသူတွေကိုလည်းတွဲခေါ်ပေါ့
ရောင့်ရဲတက်ရင် မကျေနပ်စရာမရှိတာမို့
နေတက်အောင်နေပြီး
အိပ်ပျော်အောင်အိပ်ပေါ့ သူငယ်ချင်းရယ်………..

In: Others Posted By: Date: Jul 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment